သင္မသိေသးတဲ ႔ေရႊမႈံရတီ ရဲ့အေၾကာင္းေတြ

အိမ္နာမည္ – သဲသဲ

ေက်ာင္းနာမည္ – ႏွင္း၀တ္ရည္ေသာင္း

အႏုုပညာနာမည္- ေရႊမူန္ရတီ

သူမက အလွႀကိဳက္တာ ေမေမ ႔ေၾကာင့္ပါတဲ့။ မူလတန္းအရြယ္အထိ ညဘက္အိပ္ရင္ေတာင္ သနပ္ခါးလိမ္း၊ ႏႈတ္ခမ္းနီ ဆိုး၊ ဆံပင္ ကို ေသေသခ်ာခ်ာၿဖီးၿပီး ေခါင္းအုံးေပၚမွာ သာသာေလးအိပ္တတ္တယ္။

မနက္မိုးလင္းတဲ့အထိ ညကအိပ္ခဲ့တဲ့ ပံုစံအတိုင္းပဲတဲ့။ ဓာတ္ပံု႐ိုက္တာ အရမ္း၀ါသနာပါခဲ့တယ္။ အလွ လည္း ႀကိဳက္တ ယ္၊ ဓာတ္ပံု႐ိုက္တာလည္း ၀ါသနာပါခဲ့တယ္ဆိုေတာ့ သူမကိုအားလံုးက အႏုပညာအလုပ္ လုပ္ေစခ်င္ၾကတယ္။

အလွႀကိဳက္တဲ့ အရပ္ရွည္ရွည္နဲ႔ ခ်စ္စရာေကာင္မေလး အႏုပညာေလာက ထဲကို ဘယ္လို ေရာက္လာလဲ. . . ဒီေလာ ကထဲကို ဘယ္လိုေရာက္လာလဲဆိုေတာ့ေက်ာင္းတက္ရင္းနဲ႔ေရာက္လာခဲ့တာပဲ။ သဲ (၅) ႏွစ္သမီးအရြယ္မွာ ပဲခူးကေန ရန္ကုန္ကို ေျပာင္းလာခဲ့တယ္။ ေက်ာင္းကအထက(၃) တာေမြမွာတက္တယ္။

အႏုပညာအလုပ္လုပ္ေတာ့ အသက္က(၁၃) ႏွစ္ေက်ာ္ေပါ့။ သဲကအသက္ႀကီးလာရင္ ေလယာဥ္မယ္ျဖစ္ခ်င္တယ္။ Smart က်က်ကေလး လွခ်င္တယ္။ ဒါေၾကာင့္ star and model international မွာ သင္တန္းတတ္ခဲ့တယ္။ ပြဲေတြေတာ့ ေလွ်ာက္ဖူးတယ္။

ၿပိဳင္ပြဲေတာ့ မၿပိဳင္ခဲ့ရဘူး။ အႏုပညာပ်ဳိးခင္းက သ႐ုပ္ေဆာင္သစ္တင္ဖို႔ သင္တန္းမွာ လာေရြးရင္း အဆင့္ဆင့္အေရြးခံၿပီး ဒီေလာကထဲကိုိ ေရာက္လာတာပါ။

စကားေျပာသြက္လက္ၿပီး အရမ္းကိုပါးနပ္တဲ့ မိန္းကေလး တစ္ေယာက္လို႔ သူမ ကိုသတ္မွတ္ခ်င္ပါတယ္။ သူမအသက္ ကအခု (၁၆) ႏွစ္။အသက္ငယ္ငယ္နဲ႔ က်ရာဇာတ္႐ုပ္ကို အပီအျပင္လုပ္တယ္။ အႏုပညာသတ္တမ္း (၂) ႏွစ္ေက်ာ္အ တြင္းမွာ ဗြီဒီယိုဇာတ္ကားေပါင္း (၁၀၀) ေက်ာ္နဲ႔႐ုပ္ရွင္ကားႀကီး (၉) ကား ႐ိုက္ၿပီးပါၿပီတဲ့။

သ႐ုပ္ေဆာင္အလုပ္ဆိုတာ စိတ္နဲ႔လုပ္ရတဲ့ အလုပ္ျဖစ္တာေၾကာင့္ အသက္ ၁၃ ႏွစ္ေက်ာ္ ကတည္းကအႏုပညာ အလု ပ္စလုပ္ေတာ့ အေတြ႕အၾကံဳ ေလ့လာခ်ိန္မရွိပဲ ဇာတ္ကားေတြကို႐ိုက္ခဲ့ရတဲ့ကေလးအရြယ္ ၁၃ ႏွစ္သမီးရဲ႕ သ႐ုပ္ေဆာင္ အႏုပညာက တစ္ကယ့္ကိုအံမခန္း တာထြက္ေကာင္းခဲ့တယ္။

သရုပ္ေဆာင္စလုပ္ေတာ့ ေၾကာက္ခဲ့ေသးလား… ေၾကာက္စိတ္ကိုမရွိတာ။ ေမာ္ဒယ္သင္တန္းတက္ေနတဲ့အခ်ိန္မွာ သ႐ုပ္ေဆာင္လည္း ၀ါသနာပါတယ္။ စံကား၀ါ သ႐ုပ္ေဆာင္သင္တန္း ကိုတက္ခဲ႔တယ္။ သင္တန္း မွာ ဆရာ ေတြက အေရွ႕ထြက္ၿပီးတစ္ခုခု လုပ္ျပရမယ္။

ဘယ္သူထြက္မလဲေမးရင္ အျမဲတမ္းအေရွ႕ထြက္ခဲ့သူပါ။ ရဲဒင္းပုဆိန္လို႔ေတာင္ေခၚၾကတယ္။ လူလည္းမေၾကာက္ ဘူး၊ေ ၾကာက္စိတ္လည္းမရွိဘူး။ ေက်ာင္းမွာလည္း အဲလိုပဲ။ ေယာက်္ားေလးေတြနဲ႔လည္း ရန္ျဖစ္တယ္။အခန္းထဲမွာ ဆရာ မရွိရ င္ အတန္းဗိုလ္ပဲ။

ေၾကာက္စိတ္မရွိတာ ဘယ္မွာျပႆနာတတ္လည္း ဆုိေတာ့ မွတ္မွတ္ရရပဲ။ ကိုခန္႔နဲ႔ဇာတ္ကား စ႐ိုက္တယ္။ ငိုရတဲ့ဇာ တ္ကား ဒါ႐ိုက္တာက ဦးမ်ဳိးမင္း။ အဲဒီကားမွာ ငုိရမွာ။ ကိုခန္႔လည္း ငိုေနၿပီ။ ကိုခန္႔နဲ႔အၿပိဳင္ငိုရမွာကို မ်က္ရည္က လံုး၀ မက်ဘူး။

လူႀကီးေတြဘယ္လိုေျပာေျပာ ဘယ္သူကိုမွ မေၾကာက္ပဲ မငိုတာေလ။ ဘယ္လိုမွလည္း သင္လို႔မရဘူးျဖစ္ေနတယ္။ အဲဒီမွာအေမက စိတ္ဆိုးၿပီး ၀င္ဆူမွငိုလို႔ရသြားတာ။ ဒါကေတာ့ မွတ္မွတ္ရရပဲ။ ေနာက္ေတာ့လည္း လူႀကီးေတြက သမီးေရ…ဒီလိုေလးလုပ္လိုက္ဆိုလည္း လုပ္လိုက္တာပဲ။

တျဖည္းျဖည္းနဲ႔ေတာ့ သ႐ုပ္ေဆာင္ပညာကို နားလည္လာသလိုေတာ့ရွိလာၿပီ အကုန္လံုးေတာ့ မသိေသးဘူးေပါ့ေလ… ပညာဆိုတာ သင္ယူလို႔မွ မကုန္တာကိုေနာ္ ယခုဆုိရင္ ေရႊမႈန္ရတီ ဆိုတဲ့ နာမည္တစ္ခုဟာဇာတ္ကားေတြ ႐ိုက္ရင္းနဲ႔မွ အႏုပညာပ်ဳိးခင္းရဲ႕အစ္ကို ဆရာေတြရဲ႕ သင္ၾကားေပးမႈ၊ ၀ါရင့္ အႏုပညာရွင္ ေတြရဲ႕ လက္ တြဲေခၚမႈေတြေၾကာင့္ ပရိ သတ္ အသိမွတ္ျပဳတဲ့ အႏုပညာရွင္ တစ္ေယာက္ျဖစ္လာခဲ့ပါၿပီ။ ေနရာတစ္ခုေအာင္ျမင္မူတစ္ခုရဲ႕ေနာက္ကြယ္မွာ ထိုးႏွ က္ခ်က္ဆိုတာရွိစျမဲပါပဲ။ သူမက အဲဒီလိုအျဖစ္အပ်က္ေတြကို ဘယ္လိုခံယူထားလဲ။

“ပတ္၀န္းက်င္ က တစ္ခုခုေျပာရင္ သူတို႔ဘာ လို႔ ေျပာတာလဲဆိုတဲ႔အေတြးေလးတစ္ခုပဲရွိတယ္။ သူတို႔ ငါ့ကိုဘာလို႔ ဒီလိုေျပာတာလဲ၊ ေျပာရက္လိုက္တာဆိုမ်ဳိးေတာ့ ေတြးတယ္။

နာၾကည္းတာစိတ္ဆိုးတာမ်ိဳး မရွိဘူး။ ဘယ္သူေတြ ဘာေျပာ ေျပာပါ ကုိယ္လုပ္ရမဲ့အလုပ္တစ္ခုရယ္ ဘာကို အေကာင္းဆံုး ႀကိဳးစားရမလဲဆိုတဲ့စိတ္နဲ႔ပဲ အေကာင္းဆံုးလုပ္ခဲ့တယ္။ ေနာက္လည္း အဲဒီလိုပဲ ျဖစ္မွာပါ”

Credit: : Myanmar People Magazine
================
#Unicode Version#
အိမ်နာမည် – သဲသဲ

ကျောင်းနာမည် – နှင်းဝတ်ရည်သောင်း

အနုုပညာနာမည်- ရွှေမူန်ရတီ

သူမက အလှကြိုက်တာ မေမေ့ကြောင့်ပါတဲ့။ မူလတန်းအရွယ်အထိ ညဘက်အိပ်ရင်တောင် သနပ်ခါးလိမ်း၊ နှုတ်ခမ်းနီ ဆိုး၊ ဆံပင် ကို သေသေချာချာဖြီးပြီး ခေါင်းအုံးပေါ်မှာ သာသာလေးအိပ်တတ်တယ်။

မနက်မိုးလင်းတဲ့အထိ ညကအိပ်ခဲ့တဲ့ ပုံစံအတိုင်းပဲတဲ့။ ဓာတ်ပုံရိုက်တာ အရမ်းဝါသနာပါခဲ့တယ်။ အလှ လည်း ကြိုက်တ ယ်၊ ဓာတ်ပုံရိုက်တာလည်း ဝါသနာပါခဲ့တယ်ဆိုတော့ သူမကိုအားလုံးက အနုပညာအလုပ် လုပ်စေချင်ကြတယ်။

အလှကြိုက်တဲ့ အရပ်ရှည်ရှည်နဲ့ ချစ်စရာကောင်မလေး အနုပညာလောက ထဲကို ဘယ်လို ရောက်လာလဲ. . . ဒီလော ကထဲကို ဘယ်လိုရောက်လာလဲဆိုတော့ကျောင်းတက်ရင်းနဲ့ရောက်လာခဲ့တာပဲ။ သဲ (၅) နှစ်သမီးအရွယ်မှာ ပဲခူးကနေ ရန်ကုန်ကို ပြောင်းလာခဲ့တယ်။ ကျောင်းကအထက(၃) တာမွေမှာတက်တယ်။

အနုပညာအလုပ်လုပ်တော့ အသက်က(၁၃) နှစ်ကျော်ပေါ့။ သဲကအသက်ကြီးလာရင် လေယာဉ်မယ်ဖြစ်ချင်တယ်။ Smart ကျကျကလေး လှချင်တယ်။ ဒါကြောင့် star and model international မှာ သင်တန်းတတ်ခဲ့တယ်။ ပွဲတွေတော့ လျှောက်ဖူးတယ်။

ပြိုင်ပွဲတော့ မပြိုင်ခဲ့ရဘူး။ အနုပညာပျိုးခင်းက သရုပ်ဆောင်သစ်တင်ဖို့ သင်တန်းမှာ လာရွေးရင်း အဆင့်ဆင့်အရွေးခံပြီး ဒီလောကထဲကို ရောက်လာတာပါ။

စကားပြောသွက်လက်ပြီး အရမ်းကိုပါးနပ်တဲ့ မိန်းကလေး တစ်ယောက်လို့ သူမ ကိုသတ်မှတ်ချင်ပါတယ်။ သူမအသက် ကအခု (၁၆) နှစ်။အသက်ငယ်ငယ်နဲ့ ကျရာဇာတ်ရုပ်ကို အပီအပြင်လုပ်တယ်။ အနုပညာသတ်တမ်း (၂) နှစ်ကျော်အ တွင်းမှာ ဗွီဒီယိုဇာတ်ကားပေါင်း (၁၀၀) ကျော်နဲ့ရုပ်ရှင်ကားကြီး (၉) ကား ရိုက်ပြီးပါပြီတဲ့။

သရုပ်ဆောင်အလုပ်ဆိုတာ စိတ်နဲ့လုပ်ရတဲ့ အလုပ်ဖြစ်တာကြောင့် အသက် ၁၃ နှစ်ကျော် ကတည်းကအနုပညာ အလု ပ်စလုပ်တော့ အတွေ့အကြုံ လေ့လာချိန်မရှိပဲ ဇာတ်ကားတွေကိုရိုက်ခဲ့ရတဲ့ကလေးအရွယ် ၁၃ နှစ်သမီးရဲ့ သရုပ်ဆောင် အနုပညာက တစ်ကယ့်ကိုအံမခန်း တာထွက်ကောင်းခဲ့တယ်။

သရုပ်ဆောင်စလုပ်တော့ ကြောက်ခဲ့သေးလား… ကြောက်စိတ်ကိုမရှိတာ။ မော်ဒယ်သင်တန်းတက်နေတဲ့အချိန်မှာ သရုပ်ဆောင်လည်း ဝါသနာပါတယ်။ စံကားဝါ သရုပ်ဆောင်သင်တန်း ကိုတက်ခဲ့တယ်။ သင်တန်း မှာ ဆရာ တွေက အရှေ့ထွက်ပြီးတစ်ခုခု လုပ်ပြရမယ်။

ဘယ်သူထွက်မလဲမေးရင် အမြဲတမ်းအရှေ့ထွက်ခဲ့သူပါ။ ရဲဒင်းပုဆိန်လို့တောင်ခေါ်ကြတယ်။ လူလည်းမကြောက် ဘူး၊ေ ကြာက်စိတ်လည်းမရှိဘူး။ ကျောင်းမှာလည်း အဲလိုပဲ။ ယောကျ်ားလေးတွေနဲ့လည်း ရန်ဖြစ်တယ်။အခန်းထဲမှာ ဆရာ မရှိရ င် အတန်းဗိုလ်ပဲ။

ကြောက်စိတ်မရှိတာ ဘယ်မှာပြဿနာတတ်လည်း ဆိုတော့ မှတ်မှတ်ရရပဲ။ ကိုခန့်နဲ့ဇာတ်ကား စရိုက်တယ်။ ငိုရတဲ့ဇာ တ်ကား ဒါရိုက်တာက ဦးမျိုးမင်း။ အဲဒီကားမှာ ငိုရမှာ။ ကိုခန့်လည်း ငိုနေပြီ။ ကိုခန့်နဲ့အပြိုင်ငိုရမှာကို မျက်ရည်က လုံး၀ မကျဘူး။

လူကြီးတွေဘယ်လိုပြောပြော ဘယ်သူကိုမှ မကြောက်ပဲ မငိုတာလေ။ ဘယ်လိုမှလည်း သင်လို့မရဘူးဖြစ်နေတယ်။ အဲဒီမှာအမေက စိတ်ဆိုးပြီး ဝင်ဆူမှငိုလို့ရသွားတာ။ ဒါကတော့ မှတ်မှတ်ရရပဲ။ နောက်တော့လည်း လူကြီးတွေက သမီးရေ…ဒီလိုလေးလုပ်လိုက်ဆိုလည်း လုပ်လိုက်တာပဲ။

တဖြည်းဖြည်းနဲ့တော့ သရုပ်ဆောင်ပညာကို နားလည်လာသလိုတော့ရှိလာပြီ အကုန်လုံးတော့ မသိသေးဘူးပေါ့လေ… ပညာဆိုတာ သင်ယူလို့မှ မကုန်တာကိုနော် ယခုဆိုရင် ရွှေမှုန်ရတီ ဆိုတဲ့ နာမည်တစ်ခုဟာဇာတ်ကားတွေ ရိုက်ရင်းနဲ့မှ အနုပညာပျိုးခင်းရဲ့အစ်ကို ဆရာတွေရဲ့ သင်ကြားပေးမှု၊ ဝါရင့် အနုပညာရှင် တွေရဲ့ လက် တွဲခေါ်မှုတွေကြောင့် ပရိ သတ် အသိမှတ်ပြုတဲ့ အနုပညာရှင် တစ်ယောက်ဖြစ်လာခဲ့ပါပြီ။ နေရာတစ်ခုအောင်မြင်မူတစ်ခုရဲ့နောက်ကွယ်မှာ ထိုးနှ က်ချက်ဆိုတာရှိစမြဲပါပဲ။ သူမက အဲဒီလိုအဖြစ်အပျက်တွေကို ဘယ်လိုခံယူထားလဲ။

“ပတ်ဝန်းကျင် က တစ်ခုခုပြောရင် သူတို့ဘာ လို့ ပြောတာလဲဆိုတဲ့အတွေးလေးတစ်ခုပဲရှိတယ်။ သူတို့ ငါ့ကိုဘာလို့ ဒီလိုပြောတာလဲ၊ ပြောရက်လိုက်တာဆိုမျိုးတော့ တွေးတယ်။

နာကြည်းတာစိတ်ဆိုးတာမျိုး မရှိဘူး။ ဘယ်သူတွေ ဘာပြော ပြောပါ ကိုယ်လုပ်ရမဲ့အလုပ်တစ်ခုရယ် ဘာကို အကောင်းဆုံး ကြိုးစားရမလဲဆိုတဲ့စိတ်နဲ့ပဲ အကောင်းဆုံးလုပ်ခဲ့တယ်။ နောက်လည်း အဲဒီလိုပဲ ဖြစ်မှာပါ”

Credit: : Myanmar People Magazine

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...