Sexy ကျလွန်းတဲ့အတွက် သရုပ်ဆောင်ခွင့် တစ်နှစ် ပိတ်ပင်ခံလိုက်ရတဲ့ မင်းသမီး




ကမ္ဘောဒီးယားနိုင်ငံက သရုပ်ဆောင်မင်းသမီးတစ်ယောက် ဖြစ်တဲ့ အသက် ၂၄ နှစ်အရွယ် Denny Kwan ဟာ Sexy ကျလွန်းတဲ့အတွက် ရုပ်ရှင် သရုပ်ဆောင်ခွင့် တစ်နှစ် ပိတ်ပင်ခံလိုက်ရတယ်လို့ သိရပါတယ်။ သူမဟာ ရုပ်ရှင်ဇာတ်ကားပေါင်း များစွာမှာ ပါဝင် သရုပ်ဆောင်ဖူးပေမဲ့ အခုအခါမှာတော့ ၀တ်စားဆင်ယင်မှု Sexy ကျလွန်းပြီး ကာမရာဂ နှိုးကြွစေတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ယဉ်ကျေးမှု ၀န်ကြီးဌာန ကနေ ရုပ်ရှင် သရုပ်ဆောင်ခွင့် တစ်နှစ် ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်
ဖေ့စ်ဘုတ်မှာ Follower ပေါင်း သုံးသိန်းအထိ ရှိတဲ့ သူမကတော့ အခုလို ပိတ်ပင်ခံရတာနဲ့ ပတ်သက်လို့ “ကျွန်မ သရုပ်ဆောင်တဲ့ ရုပ်ရှင် ဇာတ်ဝင်ခန်းတွေက တခြား သရုပ်ဆောင်တွေလို အညှီအဟောက် ဇာတ်ဝန်းခန်းမျိုး မဟုတ်ပါဘူး၊ ကမ္ဘောဒီးယားနိုင်ငံမှာ အဖော်အချွတ် သရုပ်ဆောင် အများကြီးပါ၊ တချို့တွေဆိုရင် ရှူတင်ရိုက်ကွင်းတွေက အနမ်းခန်းတွေဟာ ပိုလို့တောင် စိတ်ကြွစေပါတယ်” လို့ တုံ့ပြန်ခဲ့ပါတယ်။
ဒါ့ပြင် သူမကပဲ “ကျွန်မ ၀တ်ချင်တာကို လွတ်လွတ်လပ်လပ် ၀တ်ဆင်ပိုင်ခွင့် ရှိတယ်လို့ ထင်ပါတယ်၊ ဒါပေမဲ့ ကျွန်မတို့ရဲ့ ယဉ်ကျေးမှုနဲ့ ကမ္ဘောဒီးယား ပြည်သူတွေက ဒါကို လက်မခံဘူး၊ အခုတော့ ဖေ့စ်ဘုတ်ပေါ် ပို့စ်တင်ရင်တောင် Sexy မဖြစ်အောင် ကြိုးစားသွားမှာပါ” လို့ Phnom Penh Post ကို ပြောပါတယ်။ ရုပ်ရှင်ထုတ်လုပ်ရေး အလုပ်အမှုဆောင် ဒါရိုက်တာ ဖြစ်တဲ့ Ms Ros Sopheap ကတော့ “ကျွန်မအတွက် ထင်မြင်ချက်အယူအဆကတော့ ၀န်ကြီးဌာနအနေနဲ့ သူမကို အခုလို မလုပ်သင့်ပါဘူး၊ ရဲမှုလည်း ကျူးလွန်မထားသလို ဥပဒေလည်း မရှိတဲ့အတွက် လူတွေမှာ လွတ်လွတ်လပ်လပ် ၀တ်စားဆင်ယင်နိုင်ခွင့် အမှန်တရား ရှိပါတယ်” လို့ စောဒကတက်ပါတယ်။
Credit: momolay

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...