Exo Fan တွေဘက်က ရပ်တည်ပေးလိုက်တဲ့ ဖွေးဖွေး


အကယ်ဒမီဖွေးဖွေးကလည်း Exo Fan လေးတွေ ဘက်က ရပ်တည်ပေးလိုက်ပါတယ်။
လေဆိပ်မှာ Exo အဖွဲ့ကို မမြင်လိုက်ရတာကြောင့် မျက်ရည်ကျမိ တဲ့ ကလေးတွေရဲ့ ဓာတ်ပုံတွေကိုလည်း မတင်သင့် ဘူးလို့ ဆိုလိုက်ပါတယ်။
သူမဆယ်ကျော်သက်ဘဝတုန်းကလည်း အဲ့လိုမျိုး ဖြူဖြူစင်စင်သည်းသည်းလှုပ် ချစ်ရတဲ့ Idol အနုပညာရှင်တွေ ရှိပါတယ်တဲ့။ ငယ်ငယ်တုန်းက ကြိုက်ခဲ့တဲ့ Back street boys၊ Linkin Parkတို့ ရန်ကုန်လာကြည့်ပါလား ဖျာပါခင်း အိပ်စောင့်မှာလို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားလိုက်ပါတယ်

"ကလေးတွေငိုနေတဲ့ ပုံကို မတင်သင့်တာပါ။ ခုတော့ တောပြောတောင်ပြော ပြောခံကြရရှာပြီ။ ကိုယ် Teenage တုန်း ကလည်း အဲ့လိုဖြူဖြူ စင်စင်သည်းသည်း လှုပ်ချစ် ရတဲ့ idol အနုပညာရှင်တွေရှိတာပဲ ။သူ့ တို့ ဟာ သူတို့ အားပေးချင်တဲ့ အနုပညာရှင်ကို အားပေးချင်သလိုအားပေးမှာပေါ့ ။ ငယ်ငယ်တုန်း က Back street boys တို့ Linkin Park တို့ yangon လာကြည့်ပါလား ။ ဖြူစင်တဲ့ အချစ်တွေ နဲ့ ဓာတ်ပုံလေးတွဲရိုက်ဖို့ ဖျာပါခင်း အိပ်စောင့်မှာ။ လူုတယောက်မှာ ကိုယ့် ကိုယ်ပိုင် အသည်းနှလုံး တစ်ခုစီအပိုင်ပါတာပဲလေ" ဆိုပြီး ရေးထားတာပါ။
အဲ့လို ရေးသားထားခြင်းဟာလည်း ဘယ်သူ့ကိုမှ တိုက်ခိုက်တာမျိုး မဟုတ်ပဲ သူမခံစားရတာကိုပဲ ရေးသားလိုက်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ မေလ(၅)ရက်နေ့ညက Exo အဖွဲ့ရောက်လာမယ့်အချိန်မတိုင်ခင် ကတည်းက မြန်မာ ပရိသတ်များဟာ လေဆိပ်မှာ သွားရောက်ကြိုဆိုခဲ့ကြပါတယ်။
ဒါပေမဲ့ Exo အဖွဲ့နဲ့ လွဲသွားတာကြောင့် ကြိုဆိုခဲ့ကြတဲ့ ပရိသတ်များထဲက တချို့ကတော့ ဝမ်းနည်းပြီး ငိုခဲ့ကြပါတယ်။ အဲ့ဒီဓာတ်ပုံတွေဟာလည်း ချက်ချင်းဆိုသလို ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ပြန့်ကာ ဝေဖန်မှုတွေ ရှိခဲ့ကြပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး ဖွေးဖွေးကလည်း သူ့ရဲ့ ထင်မြင်ချက်နဲ့ ပတ်သက်လို့ ယခုလို ပြောပြလိုက်တာ ဖြစ်ပါတယ်။
Photo : ဖွေးဖွေး ဖေ့စ်ဘွတ်

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...