သင်ဟာ ဘယ်လို မိန်းကလေး လဲ…???


တစ်ချို့မိန်းကလေးတွေ လုပ်ငန်းတစ်ခုကို စီမံခန့်ခွဲပြီး ယောင်္ကျားသားတွေကို ဦးဆောင်နေချိန်မှာ တစ်ချို့မိန်းကလေးတွေက အခန်းကျဉ်းထဲမှာ နာကျင်ကြေကွဲပြီး ငိုကြွေးနေတယ်…
တစ်ချို့မိန်းကလေးတွေ ပညာကိုအသည်းအသန်သင်ယူနေချိန်မှာ
တစ်ချို့မိန်းကလေးတွေကတော့ အလှအပနဲ့အပျော်အပါးတွေကြားအချိန်ကုန်ကြတယ်…
တစ်ချို့မိန်းကလေးတွေ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ဖို့ ကြိုးစားနေသော်လည်း တစ်ချို့မိန်းကလေးတွေက သူများကိုအားကိုးဖို့ရှာဖွေနေကြတယ်…
.
မိန်းကလေးတိုင်းချစ်တတ်ပါတယ် …အချစ်ကိုခံယူပုံခြင်းမတူကြဘူး
တစ်ချို့က အချစ်ကိုဘ၀ထင်ပြီး ရှိသမျှအကုန်ထုတ်ချစ်ပြီး ဘ၀ကိုရေစုန်မျှောလိုက်ကြတယ်…တစ်ချို့ကတော့ နှလုံးသားနဲ့ဦးနှောက်ကို ချိန်းဆပြီး အောင်မြင်တဲ့အချစ်တစ်ခုကိုဖန်တီးနိုင်ကြတယ်…
တစ်ချို့မိန်းကလေးတွေက စာမဖတ်ပဲအနေကြာတဲ့အခါ
အယုံလွယ်ပြီး စဉ်းစားဥာဏ်တွေကင်းမဲ့ကြတယ်…တစ်ချို့မိန်းကလေးတွေကတော့ စာထဲက အတွေ့အကြုံ ၊အတွေးအခေါ်တွေကြောင့် တစ်ခုခုလုပ်မယ်ဆို စဉ်းစားတက်ကြတယ်…
.
မိသားစုအစုံအလင်းမွေးဖွားလာတဲ့သူပဲဖြစ်ဖြစ်၊ မပြည့်စုံတဲ့ဘ၀ကပဲလာလာ လက်ရှိအားလုံးတန်တူပိုင်ဆိုင်ထားတဲ့ဘ၀တစ်ခုကိုဆေးချယ်တဲ့အခါ
မိန်းကလေးတစ်ချို့က ကြောက်ရွံစိတ်၊ စိုးရွံစိတ်တွေနဲ့ ဆေးချယ်ကြတယ် ။ဒါ့ကြောင့် သူတို့ရဲ့မျက်နှာဟာ အားငယ်စိတ်၊ သိမ်ငယ်စိတ်တွေကြောင့် ဆွဲဆောင်မှုကင်းမဲ့စေတယ် ။ မိန်းကလေးတစ်ချို့ကတော့ သူတို့ဘ၀ကိုဘယ်လိုအနေအထားမှာပဲ ဖြစ်ဖြစ်အကောင်းဆုံးကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး မြှင့်တင်နိုင်ဖို့ ရဲရဲဝံ့ဝံ့ကြိုးစားကြတယ် ။ သူတို့ဟာ သူတစ်ပါးကို ယုံကြည်မှုရှိရှိနဲ့ဆွဲဆောင်နိုင်ကြတယ်…
.
မည်သူမဆိုပါ …
ရှုံးနိမ့်ဖူးကြတယ်…
ငိုကြွေးဖူးကြတယ်…
အချစ်ကြောင့်ခံစားဖူးကြပါတယ်…
ဒါပေမယ့်…မျက်ရည်တွေ၊ ငိုကြွေးခြင်းတွေ ၊ပူပန်သောကတွေက ဘ၀မဟုတ်ပါဘူး …
တကယ်တော့ လက်တွေ့ဘ၀မှာသင်ပိုင်ဆိုင်သင့်တာ ဘယ်နေရာရောက်ရောက်
” အကောင်းဆုံးရှင်သန်မယ် ” ဆိုတဲ့စိတ်တစ်ခုပါပဲ …။
.
ဒီစာကိုဖတ်ပြီးရင် သင့််သူငယ်ချင်းမိန်းကလေးတွေအတွက် ပြန်ရှယ်ပေးနိုင်ပါတယ် ။ ။
Credit: လင်းမိုးစက် ( Smart Life )

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...