ကျိုင်းတုံမြို့နယ်တွင် တစ်ရွာတည်းနေသူ အချင်းချင်း မြားဖြင့် ပစ်ခတ်၊ ဓားဖြင့်ခုတ် သတ်ဖြတ်မှုဖြစ်ပွား


ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ ကတ်ဖကျေးရွာအုပ်စု၊ ယန်းဝိုးရွာတွင် တစ်ရွာတည်းနေသူ အချင်း ချင်း မြားဖြင့် ပစ်ခတ်ပြီးနောက် ဓားဖြင့်ခုတ်၍ သတ်ဖြတ်သည့် လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။လူသတ်မှုဖြစ်ပွားကြောင်းလာရောက်သတင်းပေးတိုင်ကြားခဲ့သဖြင့် ပြစ်မှုကျူးလွန်သူအား ၎င်း၏ နေအိမ်တွင် ကျူးလွန်ရာတွင် အသုံးပြုသည့်လက်နက်များနှင့်အတူ မေ ၆ ရက်၊ ညပိုင်းက ဖမ်းဆီးနိုင်ခဲ့ကြောင်း ကျိုင်းတုံမြို့မ ရဲစခန်းမှ သိရသည်။”သေဆုံးသွားသူရဲ့သမီးကိုယ်တိုင် တရားလိုလုပ်ပြီး မေ ၆ ရ က်၊ နေ့လည်(၁၂)နာရီအချိန်လောက်မှာ စခန်းကို အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။ အခင်းဖြစ်ရွာကိုကျွန်တော်ဦးစီးရဲတပ်ဖွဲ့ဝင်တွေချက်ချင်းသွားရောက်စစ်ဆေးတွေ့ရှိ ချက်အရ မေ ၅ ရက်၊ ညနေ(၄)နာရီကျော်အချိန်လောက်မှာ လာရောက်အမှုဖွင့်တိုင်ကြားခဲ့တဲ့ မျက်မြင်သက် သေရဲ့ရှေ့မှာပဲ လက်နက်နဲ့သေဆုံးအောင်ပြုလုပ်ခဲ့တယ်လို့ကနဦးကောက်ချက်ချထားပါတယ်။”ဟု ကျိုင်းတုံမြို့မ ရဲစခန်းမှူး ဒုတိယရဲမှူး သန်းထွန်းကပြောသည်။သေဆုံးသွားသူ၏ သမီးဖြစ်သူ မနန်းလာ(ခ)အီလာ၊ အသက်(၂၆)နှစ်၏ ပြောပြချက်တွင် သူမသည် မေ ၅ ရက်၌ ကတ်ဖကျေးရွာရှိ မင်္ဂလာဆောင်ပွဲမှ ညနေ(၄)နာရီခန့်အချိန်တွင် သူမနေထိုင်သော ယန်းဝိုးရွာသို့ ဆိုင် ကယ်ဖြင့်ပြန်လာခဲ့စဉ် ရွာဘုန်းကြီးကျောင်းအနီးရှိရွာလမ်းမပေါ်၌ သူမ၏ဖခင်ကို တစ်ရွာတည်းနေထိုင်သူ အိုက် ဆမ်(ခ)ရွှေအ၊ အသက်(၄၃)နှစ်က ဝါးချွန်မြား(၂)ချောင်းဖြင့် ပစ်ခတ်သဖြင့် သူမ၏ဖခင်မှာ ရင်ဘတ်အောက် ဝမ်းဗိုက်နေရာသို့ ထိမှန်ပြီး လမ်းပေါ်သို့မှောက်လျှက်လဲကျနေစဉ် အိုက်ဆမ်(ခ)ရွှေအဆိုသူက ၎င်း၏လက်၌အသင့်ပါလာသောဓားဖြင့်ဖခင်၏ဂုတ်ပိုးနေရာသို့(၁)ချက်ခုတ်ခဲ့ပြီးနောက် ဒူးလေးလက်ကိုင်ဖြင့် ထပ်မံရိုက်နှက် သည်ကိုတွေ့မြင်ခဲ့ရသည်ဟု ထွက်ဆိုထားသည်။မနန်းလာ(ခ)အီလာမှအော်ဟစ်အကူအညီတောင်းခံခဲ့သဖြင့် ရွာသူရွာသားများရောက်ရှိလာခဲ့ပြီး လက်နက်ဖြင့် တိုက်ခိုက်ခဲ့သော အိုက်ဆမ်(ခ)ရွှေအဆိုသူ ထွက်ပြေးသွားခဲ့ကာ သေဆုံးခဲ့သည့် ဖခင်ဖြစ်သူ ဦးနန်ဆမ်တွီ၊ အသက်(၆၈)နှစ်ကို ကျေးရွာ၏ ဓလေ့ထုံးစံယုံကြည်မှုအရ အခင်းဖြစ်ညနေ(၆)နာရီအချိန်ခန့်၌ ရွာသားအချင်းချင်းပို့ဆောင်၍ မီးသင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။အခင်းဖြစ်ရွာသို့ သွားရောက်စစ်ဆေးခဲ့သော မြို့မရဲစခန်းမှရဲတပ်ဖွဲ့ဝင်များသည် လက်နက်များနှင့် ပစ်ခတ် တိုက်ခိုက်ခဲ့သော အိုက်ဆမ်(ခ)ရွှေအဆိုသူအား ၎င်း၏နေအိမ်တွင် လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး သေ ဆုံး၍ မီးသင်္ဂြိုလ်ခဲ့သောအလောင်းမှ အရိုးစုအားသိမ်းဆည်းခဲ့ကြောင်း သိရသည်။အိုက်ဆမ်(ခ)ရွှေအသည် အခင်းဖြစ်စဉ်အချိန်က အရက်မူးယစ်သောက်စားထားပြီး သေဆုံးသူ ဦးနန်ဆမ်တွီနှင့် ရန်ငြိုးရန်စမရှိခဲ့ကြောင်း တိုင်ကြားသူ၏ ပြောကြားချက်အရ သိရသည်။လက်ရှိတွင် ပြစ်မှုကျူးလွန်သူနှင့်အတူ ၎င်း၏နေအိမ်မှ သွေးစွန်းပေနေသော အရိုးအသွား(၁)တောင်ခန့်ရှိ လုပ် ငန်းသုံးဓါး(၁)ချောင်း၊ သွေးစွန်းပေနေသည့် မြားပစ်ဒူးလေး(၁)လက်နှင့် ဝါးမြားတံ(၅)ချောင်းကို သိမ်းဆည်းရမိ ခဲ့ပြီး ကျိုင်းတုံမြို့မရဲစခန်းမှ(ပ)၇၃/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ရတနာပုံ သတင်းစာ

https://www.facebook.com/yadanabonnewspaper/

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...