“ဗုဒ္ဓဓမ္မပရဟိတဖောင်းဒေးရှင်း(ဗဟို) အသိပေးကြေညာချက်”

“ဗုဒ္ဓဓမ္မပရဟိတဖောင်းဒေးရှင်း(ဗဟို) အသိပေးကြေညာချက်”

နယုန်လဆန်း ၃-ရက်၊ ၁၃၇၉ ခု၊ မေလ ၂၈ ရက် ၂၀၁၇ ခု တနင်္ဂနွေနေ့တွင် ရဟန်းရှင်လူ ပြည်သူအပေါင်း ၁၃၄၇၈ ဦးတက်ရောက်သော အောင်ဆန်းတောရတပ်ဦးကျောင်းတိုက်၌ ကျင်းပအပ်သော အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကြီးက အဖွဲ့ကြီး၏ ယခင်မဘသဟူသော အမည်အစား ဗုဒ္ဓ ဓမ္မ ပရဟိတဖောင်ဒေးရှင်းအမည်သစ်ဖြင့် ဗုဒ္ဓဓမ္မနှင့်လျော်ညီသော ပရဟိတလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချခဲ့ပါသည်။
ဗုဒ္ဓဓမ္မပရဟိတဖောင်းဒေးရှင်းသည် အခြားသော ပညာရေးကျန်းမာရေး ဖောင်ဒေးရှင်းများကဲ့သို့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတစ်ဝှမ်း ရဟန်း ရှင် လူ ပြည်သူများပါဝင်သော ပရဟိတဖောင်ဒေးရှင်းတစ်ခုဖြစ်ပါသည်။
မိမိတို့ဖောင်ဒေးရှင်း၏ ရည်ရွယ်ချက်/ရည်သန်ချက်များမှာလည်း အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ ဗုဒ္ဓဓမ္မနှင့်အညီ ဒေသအခြေပြု ပညာရေး ကျန်းမာရေးစသော ပရဟိတလုပ်ငန်းများဦးစားပေး ဆောင်ရွက်သွားမည်။
၂။ ဒေသတွင် ပရဟိတအဖွဲ့အချင်းချင်း လက်ချင်းယှက် ညီညွတ်စွာပူးပေါင်းလုပ်ဆောင်သွားမည်။
၃။ မဟော်သဓာအထက်တန်းကျောင်းမှား ဒေသလိုအပ်ချက်အလိုက် ဖွင့်လှစ်နိုင်ရေးကြိုးစားသွားမည်။
၎။ အမျိုး ဘာသာ သာသနာကိစ္စရပ်များအတွက် မားမားမတ်မတ် ခိုင်ခိုင်မာမာရပ်တည်သွားမည်။
၅။ နိုင်ငံ့အနာဂတ် လှုပ်ရှားမှုအတွက် အသက်မွေးဝမ်းကြောင်း ပညာဒါနသင်တန်းကျောင်းများ ဖွင့်လှစ်တည်ထောင်သွားမည်။
၆။ ဗလ ၅-တန်ပြည့်စုံသည့် လူရည်ချွန် လူရည်မွန်များ ဖြစ်ထွန်းပေါ်ပေါက်လာစေရန် ကြိုးပမ်းသွားမည်။
၇။ အမိနိုင်ငံတော်အတွက် နိုင်ငံ၏ အရေးအရာများကိုလည်း စဉ်ဆက်မပြတ် တက်စွမ်းသမျှ ကူညီပံ့ပိုးသွားမည်။
၈။ တိုင်းပြုပြည်ပြု သာသနာပြု လုပ်ငန်းများ ဆထက်ထမ်းပိုး သယ်ပိုးဆောင်ရွက်သွားမည်။
ဦးဆောင်တာဝန်ခံနာယကများ
ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း

Credit - Wira Thu


Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...