သင္... သိပါသလား..။

အိမ္ေထာင္က်ၿပီး အမ်ိဳးသမီးေတြ လွပလာတယ္ ဆိုတာဟာ......

၁။ ခင္ပြန္းသည္က စိတ္ခ်မ္းသာေအာင္ ထားလို႔
တစ္ခ်ိဳ႕ အမ်ိဳးသမီးေတြ အိမ္ေထာင္က်ၿပီးမွ
ပိုပိုလွလာတာကို ေတြ႕ၾကမွာပါ။
အဲဒါ ဘာေၾကာင့္ လွပလာရသလဲ ဆိုတဲ့
အေၾကာင္းမ်ားစြာ ထဲမွာမွ ခင္ပြန္းသည္က
စိတ္ခ်မ္းသာေအာင္ ထားတဲ့ အခ်က္လည္း
သင္​ မေမ့ပါနဲ႔။
၂။ အိမ္ေထာင္ေရး သာယာလို႔
အိမ္ေထာင္ေရး မသာယာတဲ့ အမ်ိဳးသမီး
တစ္ေယာက္ အေနနဲ႔ အလြန္ စိတ္ညစ္ရပါလိမ့္မယ္။
ရုပ္ပိုင္းဆိုင္ရာ ဆိုတာ စိတ္ပိုင္းဆိုင္ရာ နဲ႔
ဆက္စပ္ေနတဲ့ အတြက္ အိမ္ေထာင္ေရး
သာယာလို႔ ေပ်ာ္ရႊင္ရတဲ့ အမ်ိဳးသမီး တစ္ေယာက္
အတြက္က စိတ္ပ်ိဳလို႔ ကိုယ္ပါႏုလာတဲ့
သေဘာပါ။

၃။ ခ်စ္ျခင္း ေမတၱာ
ေမတၱာ တရားဆိုတာ တိုင္းတာလို႔မရ အစြမ္းသတၱိ
ဘယ္ေလာက္ ရိွသလဲ ဆိုတာကို မသိႏိုင္ေပမယ့္
လူတစ္ေယာက္ ႏုပ်ိဳ လာဖို႔ အတြက္ေတာ့ ျဖစ္နိုင္ပါတယ္။
ခင္ပြန္းသည္ ႏွင့္ ဇနီးသည္ အျပန္အလွန္
ေမတၱာ ထားျခင္းျဖင့္လည္း စိတ္နဲ႔ ရုပ္ အတြက္
ႏုပ်ိဳေစတဲ့ ေဆးတစ္ခြက္ပါ။

၄။ သားသမီးေတြေၾကာင့္လည္း ပါတယ္
အိမ္ေထာင္ တစ္ခုမွာ သားေတြ သမီးေတြ ရိွလို႔ မိခင္ဟာ
ေန႔စဥ္ စိတ္ညစ္ေနရတယ္ ဆိုရင္ သူမအေနနဲ႔
လွပဖို႔ မျဖစ္ႏိုင္ပါ။
ဒါေၾကာင့္ လိမၼာတဲ့ သားသမီးေတြ ေၾကာင့္လည္း
မိခင္ဟာ လွပပ်ိဳႏုႏိုင္ပါတယ္။

၅။ သူမ ကိုယ္တိုင္ေၾကာင့္
အစစ အရာရာ အားလံုး အဆင္ေျပေနပါေသာ္လည္း
သူမကိုယ္တိုင္ စိတ္ခ်မ္းသာေအာင္ မေနရင္ေတာ့
စိတ္မေပ်ာ္ရႊင္နိုင္ပါ။

သူမကိုယ္တိုင္ကလည္း လွပစြာ ေနတယ္ ေပ်ာ္ရႊင္ေအာင္ ေနမယ္ ဆိုရင္ သူမဟာ အားလံုးက သေဘာက်တဲ့ အိမ္ေထာင္က်ၿပီး လွပတဲ့ အမ်ိဳးသမီး တစ္ေယာက္ ျဖစ္လာပါလိမ့္မယ္။

ေက်ာ္လင္းႏိုင္ (ပစ္တိုင္းေထာင္)
============

အိမ်ထောင်ကျပြီး အမျိုးသမီးတွေ လှပလာတယ် ဆိုတာဟာ......

၁။ ခင်ပွန်းသည်က စိတ်ချမ်းသာအောင် ထားလို့
တစ်ချို့ အမျိုးသမီးတွေ အိမ်ထောင်ကျပြီးမှ
ပိုပိုလှလာတာကို တွေ့ကြမှာပါ။
အဲဒါ ဘာကြောင့် လှပလာရသလဲ ဆိုတဲ့
အကြောင်းများစွာ ထဲမှာမှ ခင်ပွန်းသည်က
စိတ်ချမ်းသာအောင် ထားတဲ့ အချက်လည်း
သင်​ မမေ့ပါနဲ့။

၂။ အိမ်ထောင်ရေး သာယာလို့
အိမ်ထောင်ရေး မသာယာတဲ့ အမျိုးသမီး
တစ်ယောက် အနေနဲ့ အလွန် စိတ်ညစ်ရပါလိမ့်မယ်။
ရုပ်ပိုင်းဆိုင်ရာ ဆိုတာ စိတ်ပိုင်းဆိုင်ရာ နဲ့
ဆက်စပ်နေတဲ့ အတွက် အိမ်ထောင်ရေး
သာယာလို့ ပျော်ရွှင်ရတဲ့ အမျိုးသမီး တစ်ယောက်
အတွက်က စိတ်ပျိုလို့ ကိုယ်ပါနုလာတဲ့
သဘောပါ။

၃။ ချစ်ခြင်း မေတ္တာ
မေတ္တာ တရားဆိုတာ တိုင်းတာလို့မရ အစွမ်းသတ္တိ
ဘယ်လောက် ရှိသလဲ ဆိုတာကို မသိနိုင်ပေမယ့်
လူတစ်ယောက် နုပျို လာဖို့ အတွက်တော့ ဖြစ်နိုင်ပါတယ်။
ခင်ပွန်းသည် နှင့် ဇနီးသည် အပြန်အလှန်
မေတ္တာ ထားခြင်းဖြင့်လည်း စိတ်နဲ့ ရုပ် အတွက်
နုပျိုစေတဲ့ ဆေးတစ်ခွက်ပါ။

၄။ သားသမီးတွေကြောင့်လည်း ပါတယ်
အိမ်ထောင် တစ်ခုမှာ သားတွေ သမီးတွေ ရှိလို့ မိခင်ဟာ
နေ့စဉ် စိတ်ညစ်နေရတယ် ဆိုရင် သူမအနေနဲ့
လှပဖို့ မဖြစ်နိုင်ပါ။
ဒါကြောင့် လိမ္မာတဲ့ သားသမီးတွေ ကြောင့်လည်း
မိခင်ဟာ လှပပျိုနုနိုင်ပါတယ်။

၅။ သူမ ကိုယ်တိုင်ကြောင့်
အစစ အရာရာ အားလုံး အဆင်ပြေနေပါသော်လည်း
သူမကိုယ်တိုင် စိတ်ချမ်းသာအောင် မနေရင်တော့
စိတ်မပျော်ရွှင်နိုင်ပါ။

သူမကိုယ်တိုင်ကလည်း လှပစွာ နေတယ် ပျော်ရွှင်အောင် နေမယ် ဆိုရင် သူမဟာ အားလုံးက သဘောကျတဲ့ အိမ်ထောင်ကျပြီး လှပတဲ့ အမျိုးသမီး တစ်ယောက် ဖြစ်လာပါလိမ့်မယ်။

ကျော်လင်းနိုင် (ပစ်တိုင်းထောင်)

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...