အင်းတကော်တွင်
ပဲခူးတိုင်းဒေသကြီး အင်းတကော်မြို့နယ် ဆပ်အင်းကျေးရွာရှိ လယ်ယာမြေပေါ်မှာ စိမ်းလဲ့မြေကုမ္ပဏီက ခြံစည်းရိုးကျောက်တိုင် စိုက်ထူရာကအစပြုလို့ ခိုက်ရန်ဖြစ်ပွားပြီး လယ်သမားတဦး အသက်သေဆုံးခဲ့ရပါတယ်။
ဆပ်အင်းကျေးရွာ ကွင်းအမှတ် (၁၁၇၇) ဦးပိုင်အမှတ် (၂၁/၃) ထီဖါးတို အနောက်မြောက်ကွင်း လယ်ယာမြေ ၁၅ ဧကထဲမှာ မေ ၇ ရက်နေ့က စိမ်းလဲ့မြေကုမ္ပဏီက မန်နေဂျာ ဦးအောင်လှိုင်ဦးနဲ့အဖွဲ့က ခြံစည်းရိုးကျောက်တိုင် ၀င်ရောက်စိုက်ထူကြပါတယ်။ ဒါကို မူလလုပ်ကိုင်နေတဲ့ တောင်သူမိသားစုဝင်တွေက တားမြစ်ရာကနေ အချေအတင်ဖြစ်ပြီး ခိုက်ရန်ဖြစ်ပွားခဲ့ကြတာပါ။
တောင်သူ ကိုစန်းဝင်းက “၅ လပိုင်း ၇ ရက်နေ့က လာတယ်။ စိမ်လဲ့မြေကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးအောင်လှိုင်ဦးရောက်ရှိလာ
ခိုက်ရန်ဖြစ်ပွားရာကနေ နှစ်ဦးနှစ်ဖက်ဒဏ်ရာတွေရရှိ
အဆိုပါသေဆုံးမှုနဲ့ပတ်သက်ပြီ
သေဆုံးသူ ဦးခင်မောင်ကြည်ရဲ့တူမ မအိက “ဘာကြောင့် မကျေနပ်ရတာလဲ ဆိုတော့ သူတို့ကို ကျမတို့ မိသားစုက တောင်းပန်တယ်၊ သူအလုပ်သမားတွေနဲ့ ရှိနေတဲ့ အချိန်မှာ သူတို့နဲ့ အေးအေးဆေးဆေးပဲ အဆင်ပြေပြေနေလာခဲ့တယ်။ တညလုံး အတူတူပဲ၊ ၉ နာရီလောက်က သူဌေးကြီးက ရောက်လာတယ်၊ ကားကြီးနဲ့ ရောက်လာတယ်၊ ချကွာ လုပ်ကွာ အဲ့လိုပြောတယ်။ သူရောက်လာမှာ ဒီပြဿနာဖြစ်တာ။ သူ့ကို မကျေနပ်နိုင်ဘူး၊ လုံးဝမကျေနပ်နိုင်တာ၊ အဲ့အောင်လှိုင်ဦးကို ဖမ်းကိုဖမ်းစေချင်တယ်။ အခု ၂၃ ယောက်ဖမ်းတယ်လို့ ပြောတယ်၊ ကျမသွားကြည့်တော့ အောင်လှိုင်ဦးဆိုတဲ့ သူမပါလာဘူး။ အောင်လှိုင်ဦး သတ်ခိုင်းလို့ ကျမ မိသားစု ဒဏ်ရာရပြီး သေတဲ့ အထိဖြစ်တဲ့တာပါ။ အောင်လှိုင်ဦးဆိုတဲ့ သူကို မကျေနပ်ဘူး”လို့ ပြောပါတယ်။
အရေးပါတဲ့ တာဝန်ရှိသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူမှုမရှိတာကြောင
လယ်သမားအရေးကူညီဆောင်ရွက်ပေ
ဦးဆောင်စေခိုင်သူ ဦးအောင်လှိုင်ဦးကို အရေးမယူတာနဲ့ပတ်သက်ပြီး အင်းတကော်မြို့ နယ်မြေရဲစခန်း၊ ပဲခူးမြို့ မြို့မရဲတပ်ဖွဲ့မှူးရုံး၊ ပဲခူးခရိုင်ရဲတပ်မှူးရုံးတို
သတင်း – နေလင်းထိုက်
-------------------- By ဒီဗွီဘီ 22 May 2017
0 comments :
Post a Comment