အမ်ိဳးသမီးမ်ား ဗိုက္ပူခါးတုတ္ကိုယ္လံုးမ်ိဳးေတြ ျဖစ္မသြားရေလေအာင္

( အသက္ ၃၅ ႏွစ္အထက္မ်ားအတြက္)

ျမန္မာအမ်ိဳးသမီးတစ္ေယာက္အတြက္
ျမန္မာ၀တ္စံု၀တ္ဆင္ျခင္းျဖင့္ က်က္သေရရွိရွိ
လွတယ္ဆိုေပမယ့္ ဗိုက္ပူခါးတုတ္ကိုယ္လံုးမ်ိဳးဆိုရင္
နငယ္ရွိတ္ျဖစ္ေနမွာအေသအခ်ာပဲျဖစ္ပါတယ္။
ဒါေၾကာင့္ ၾကည့္ေကာင္းတဲ့ ကိုယ္လံုးမ်ိဳး
ထိန္းသိမ္းထားႏိုင္ဖို႕ နည္းလမ္းတစ္ခ်ိဳ႕ေ၀ငွပါရေစ။

က်မတို႕ကသာမန္အိမ္ရွင္မ၊ကေလးအေမေတြမို႕
နာမည္ေက်ာ္ေမာ္ဒယ္ေတြလိုေန႕စဥ္ေန႕တိုင္း
ေလ့က်င့္ခန္းလုပ္ဖို႕အခ်ိန္မေပးႏိုင္ပါဘူး။
ဒါ့အျပင္ တေန႕တေန႕၀င္ေငြထြက္ေငြခ်ိန္ဆရင္း
ျမန္မာအစားအစာ ထမင္းဟင္းနဲ႕ငါးပိကိုလည္း
မစြန္႕ႏိုင္သူေတြျဖစ္တဲ့အတြက္ ႏိုင္ငံျခားက
ကယ္လိုရီမပါတဲ့ေပါ့ရႊတ္ရႊတ္ အစားအစာေတြကို
၃ ရက္ထက္ပိုမစားႏိုင္တာလည္းအမွန္ပါ။

ဒါဆိုရင္ ဘယ္လိုလုပ္ၾကမလဲ။
က်မရဲ႕ကိုယ္ေတြ႕နည္းအတိုင္း
ေသေသခ်ာခ်ာလိုက္နာမယ္ဆိုရင္ျမန္မာ၀တ္စံု
၀တ္တဲ့အခါတိုင္းအသက္ရွုၾကပ္လွတဲ့
ဗိုက္ခ်ပ္ေဘာင္းဘီကို၀တ္ဆင္ရျခင္း
ဒုကခကကင္းလြတ္ႏို္င္ဖို႕အာမခံပါတယ္။

ၾကည္ၾကည္ေျပာတဲ့နည္းအတိုင္းလိုက္နာမယ္လို႕
ဆံုးျဖတ္တဲ့ေန႔ကို ျပကခဒိန္မွာမွတ္ထားပါ။
လမ္းေလွ်ာက္မယ့္ဖိနပ္တစ္ရန္နဲ႕ေပါ့ပါးမယ့္
ေဘာင္းဘီရွည္တစ္ထည္ေတာ့၀ယ္ထားပါ။
ပထမဆံုး မနက္ ၅ နာရီထျပီး နာရီ၀က္တိတိ
လမ္းေလွ်ာက္ပါ။ ေမွာင္လို႕၊ ေခြးေၾကာက္လို႕၊
ဟိုဟာျဖစ္လို႕၊ဒီဟာျဖစ္လို႕ဆင္ေျခေတြကို
ေမ့ထားဖို႕ေတာ့လိုပါတယ္။လမ္းေလွ်ာက္စဥ္မွာ
အသက္ကိုမ်ားမ်ားရွုသြင္းရွုထုတ္လုပ္ပါ။
ခါးကိုတည့္တည့္ထားျပီး ရင္ဘက္ဖြင့္ျပီး
လမ္းေလွ်ာက္တတ္တဲ့ပံုစံကိုေလ့က်င့္ပါ။

အဲဒီေန႕ကစျပီး ထမင္းကို ေလ်ာ့စားဖို႕ေတာ့
လိုပါတယ္။ ဗိုက္တင္းေအာင္စားျပီး ေရေသာက္တဲ့
အက်င့္ကိုစြန္႕ပစ္ပါ။ ေရကို ထမင္းမစားခင္ေသာက္ပါ။
ဗိုက္မတင္းခင္ အစာစားတာရပ္လိုက္ပါ။
၅ နာရီေနာက္ပိုင္း ထမင္းမစားပါနဲ႕ေတာ့။
ေခါက္ဆြဲျပဳတ္၊ သစ္သီး၊ ခရက္ကာ ဘီစကစ္ကို
အစားထိုးပါ။ လွခ်င္တာထက္ ငါအဆီေတြက်ဖို႕ေတာ့
လိုတယ္လို႕အျမဲႏွလံုးသြင္းထားပါ။
လက္ရွိအဆီေတြကို လမ္းေလွ်ာက္ျခင္းျဖင့္ေခ်ဖ်က္
ေနခ်ိန္မွာ ေနာက္ထပ္အဆီေတြ ထပ္သြင္းျခင္း
ထိန္းခ်ဳပ္မယ္ဆိုရင္ တျဖည္းျဖည္းနဲ႕လိုခ်င္တဲ့
အေနအထားကို တေန႕ေရာက္လာမွာပဲျဖစ္ပါတယ္။

စိတ္ဖိစီးမွဳေတြက ေဟာမုန္းေတြရဲ႕လုပ္ေဆာင္ခ်က္ေတြကို
ဖရိုဖရဲျဖစ္ေစတာမို႕ လမ္းေလွ်ာက္စဥ္ အသက္ရွုျခင္း၊
ထိုင္ေနစဥ္ ခါးကိုတည့္တည့္မတ္မတ္ထားျခင္း၊
ေလွကားအတက္အဆင္းမွာ ခါးမကုန္းေအာင္
သတိထားျခင္းမ်ားျဖင့္  စိတ္ကို အျမဲသတိရွိေအာင္ေနပါ။
ေရမ်ားမ်ားေသာက္ပါ။ ေကာ္ဖီမစ္အစား သဘာ၀
ေကာ္ဖီကိုအစားထိုးေသာက္ပါ။ သၾကားေလ်ာ့စားပါ။
မနက္လမ္းေလွ်ာက္ တာကိုပ်က္မယ္ဆိုရင္
ျပကခဒိန္မွာ မွတ္ထားတာကို သတိရပါ။
ဒီလိုပဲ တရက္တရက္ ပ်က္လာတာေတြက
ငါ့ကိုဒီအေျခအေနပို႕ေဆာင္ေနပါလားလို႕ သတိထားလိုက္ပါ။
ခရီးသြားတဲ့အခ်ိန္ေတြမွာ အစားအေသာက္ကို
အထူးသတိထားျပီးထိန္းသိမ္းပါ။
စားလို႕ေကာင္းလိုက္တာလို႕ အားရပါးရစားျပီး
တံုးကနဲ ပစ္လွဲအိပ္ေနတာမ်ိဳးေတြေရွာင္ၾကည္ပါ။

လိုက္နာရမွာေတြအမ်ားၾကီးပဲ။
လုပ္ႏိုင္မွာမဟုတ္ပါဘူးလို႕အခုကတည္းကေတြးမေနပါနဲ႕။
စာနဲ႕ေရးလို႕သာမ်ားေနတာပါ။ ေန႕စဥ္လုပ္ေနၾက
အလုပ္ေတြပဲျဖစ္ပါတယ္။
ဗိုက္ခ်ပ္ပလာစတာကပ္တာကို အားေပးပါတယ္။
အိုေက-တံဆိပ္ပလာစတာကို အိပ္ယာ၀င္တိုင္း
ကပ္ေပးပါ။ ဘယ္ႏွစ္ေပါင္ရွိျပီး ဘယ္ႏွစ္ေပါင္က်သြားျပီလို႕
တိုင္းထြာမယ့္အစား မိမိအ၀တ္အစားနဲ႕သာ
တိုင္းတာေစခ်င္ပါတယ္။ ၃ လထိ ဆက္တိုက္လိုက္နာျပီးမွ
ထမိန္းစကဒ္ဘယ္ေလာက္ေခ်ာင္လာျပီ၊
အက်ီဘယ္ေလာက္ေခ်ာင္သြားျပီလို႕သတိထားၾကည့္ပါ။

နည္းနည္းေခ်ာင္လာတာကို သတိထားမိရင္
ေနာက္ထပ္ဆက္လက္ထိန္းသိမ္းဖို႕အရမ္းလြယ္ပါတယ္။
က်မကေတာ့ တပတ္ကို ၂ ရက္ Gym ကိုသြားျပီး
တစ္နာရီၾကာေအာင္ workout လုပ္ပါတယ္။
လွျပီး sexy က်ဖို႕အေရးမၾကီးေတာ့ပါဘူး။
က်န္းမာျပီး ေရာဂါမရွိဖို႕ၾကိဳတင္ကာကြယ္မွဳေတာ့
လိုအပ္ပါတယ္။

ျဖစ္မွျဖစ္ပါ့မလား ေတြးမေနပါနဲ႕။
က်မလည္းကေလး ၂ ေယာက္အေမ။
အလုပ္မ်ားတဲ့ သာမန္အိမ္ရွင္မတစ္ေယာက္ပါ။

15.2.2017.
Kyi Kyi - ၾကည္​ၾကည္​
===========
Unicode>>>
( အသက် ၃၅ နှစ်အထက်များအတွက်)

မြန်မာအမျိုးသမီးတစ်ယောက်အတွက်
မြန်မာဝတ်စုံဝတ်ဆင်ခြင်းဖြင့် ကျက်သရေရှိရှိ
လှတယ်ဆိုပေမယ့် ဗိုက်ပူခါးတုတ်ကိုယ်လုံးမျိုးဆိုရင်
နငယ်ရှိတ်ဖြစ်နေမှာအသေအချာပဲဖြစ်ပါတယ်။
ဒါကြောင့် ကြည့်ကောင်းတဲ့ ကိုယ်လုံးမျိုး
ထိန်းသိမ်းထားနိုင်ဖို့ နည်းလမ်းတစ်ချို့ဝေငှပါရစေ။

ကျမတို့ကသာမန်အိမ်ရှင်မ၊ကလေးအမေတွေမို့
နာမည်ကျော်မော်ဒယ်တွေလိုနေ့စဉ်နေ့တိုင်း
လေ့ကျင့်ခန်းလုပ်ဖို့အချိန်မပေးနိုင်ပါဘူး။
ဒါ့အပြင် တနေ့တနေ့ဝင်ငွေထွက်ငွေချိန်ဆရင်း
မြန်မာအစားအစာ ထမင်းဟင်းနဲ့ငါးပိကိုလည်း
မစွန့်နိုင်သူတွေဖြစ်တဲ့အတွက် နိုင်ငံခြားက
ကယ်လိုရီမပါတဲ့ပေါ့ရွှတ်ရွှတ် အစားအစာတွေကို
၃ ရက်ထက်ပိုမစားနိုင်တာလည်းအမှန်ပါ။

ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ။
ကျမရဲ့ကိုယ်တွေ့နည်းအတိုင်း
သေသေချာချာလိုက်နာမယ်ဆိုရင်မြန်မာဝတ်စုံ
ဝတ်တဲ့အခါတိုင်းအသက်ရှုကြပ်လှတဲ့
ဗိုက်ချပ်ဘောင်းဘီကိုဝတ်ဆင်ရခြင်း
ဒုကခကကင်းလွတ်နို်င်ဖို့အာမခံပါတယ်။

ကြည်ကြည်ပြောတဲ့နည်းအတိုင်းလိုက်နာမယ်လို့
ဆုံးဖြတ်တဲ့နေ့ကို ပြကခဒိန်မှာမှတ်ထားပါ။
လမ်းလျှောက်မယ့်ဖိနပ်တစ်ရန်နဲ့ပေါ့ပါးမယ့်
ဘောင်းဘီရှည်တစ်ထည်တော့ဝယ်ထားပါ။
ပထမဆုံး မနက် ၅ နာရီထပြီး နာရီဝက်တိတိ
လမ်းလျှောက်ပါ။ မှောင်လို့၊ ခွေးကြောက်လို့၊
ဟိုဟာဖြစ်လို့၊ဒီဟာဖြစ်လို့ဆင်ခြေတွေကို
မေ့ထားဖို့တော့လိုပါတယ်။လမ်းလျှောက်စဉ်မှာ
အသက်ကိုများများရှုသွင်းရှုထုတ်လုပ်ပါ။
ခါးကိုတည့်တည့်ထားပြီး ရင်ဘက်ဖွင့်ပြီး
လမ်းလျှောက်တတ်တဲ့ပုံစံကိုလေ့ကျင့်ပါ။

အဲဒီနေ့ကစပြီး ထမင်းကို လျော့စားဖို့တော့
လိုပါတယ်။ ဗိုက်တင်းအောင်စားပြီး ရေသောက်တဲ့
အကျင့်ကိုစွန့်ပစ်ပါ။ ရေကို ထမင်းမစားခင်သောက်ပါ။
ဗိုက်မတင်းခင် အစာစားတာရပ်လိုက်ပါ။
၅ နာရီနောက်ပိုင်း ထမင်းမစားပါနဲ့တော့။
ခေါက်ဆွဲပြုတ်၊ သစ်သီး၊ ခရက်ကာ ဘီစကစ်ကို
အစားထိုးပါ။ လှချင်တာထက် ငါအဆီတွေကျဖို့တော့
လိုတယ်လို့အမြဲနှလုံးသွင်းထားပါ။
လက်ရှိအဆီတွေကို လမ်းလျှောက်ခြင်းဖြင့်ချေဖျက်
နေချိန်မှာ နောက်ထပ်အဆီတွေ ထပ်သွင်းခြင်း
ထိန်းချုပ်မယ်ဆိုရင် တဖြည်းဖြည်းနဲ့လိုချင်တဲ့
အနေအထားကို တနေ့ရောက်လာမှာပဲဖြစ်ပါတယ်။

စိတ်ဖိစီးမှုတွေက ဟောမုန်းတွေရဲ့လုပ်ဆောင်ချက်တွေကို
ဖရိုဖရဲဖြစ်စေတာမို့ လမ်းလျှောက်စဉ် အသက်ရှုခြင်း၊
ထိုင်နေစဉ် ခါးကိုတည့်တည့်မတ်မတ်ထားခြင်း၊
လှေကားအတက်အဆင်းမှာ ခါးမကုန်းအောင်
သတိထားခြင်းများဖြင့်  စိတ်ကို အမြဲသတိရှိအောင်နေပါ။
ရေများများသောက်ပါ။ ကော်ဖီမစ်အစား သဘာဝ
ကော်ဖီကိုအစားထိုးသောက်ပါ။ သကြားလျော့စားပါ။
မနက်လမ်းလျှောက် တာကိုပျက်မယ်ဆိုရင်
ပြကခဒိန်မှာ မှတ်ထားတာကို သတိရပါ။
ဒီလိုပဲ တရက်တရက် ပျက်လာတာတွေက
ငါ့ကိုဒီအခြေအနေပို့ဆောင်နေပါလားလို့ သတိထားလိုက်ပါ။
ခရီးသွားတဲ့အချိန်တွေမှာ အစားအသောက်ကို
အထူးသတိထားပြီးထိန်းသိမ်းပါ။
စားလို့ကောင်းလိုက်တာလို့ အားရပါးရစားပြီး
တုံးကနဲ ပစ်လှဲအိပ်နေတာမျိုးတွေရှောင်ကြည်ပါ။

လိုက်နာရမှာတွေအများကြီးပဲ။
လုပ်နိုင်မှာမဟုတ်ပါဘူးလို့အခုကတည်းကတွေးမနေပါနဲ့။
စာနဲ့ရေးလို့သာများနေတာပါ။ နေ့စဉ်လုပ်နေကြ
အလုပ်တွေပဲဖြစ်ပါတယ်။
ဗိုက်ချပ်ပလာစတာကပ်တာကို အားပေးပါတယ်။
အိုကေ-တံဆိပ်ပလာစတာကို အိပ်ယာဝင်တိုင်း
ကပ်ပေးပါ။ ဘယ်နှစ်ပေါင်ရှိပြီး ဘယ်နှစ်ပေါင်ကျသွားပြီလို့
တိုင်းထွာမယ့်အစား မိမိအဝတ်အစားနဲ့သာ
တိုင်းတာစေချင်ပါတယ်။ ၃ လထိ ဆက်တိုက်လိုက်နာပြီးမှ
ထမိန်းစကဒ်ဘယ်လောက်ချောင်လာပြီ၊
အကျီဘယ်လောက်ချောင်သွားပြီလို့သတိထားကြည့်ပါ။

နည်းနည်းချောင်လာတာကို သတိထားမိရင်
နောက်ထပ်ဆက်လက်ထိန်းသိမ်းဖို့အရမ်းလွယ်ပါတယ်။
ကျမကတော့ တပတ်ကို ၂ ရက် Gym ကိုသွားပြီး
တစ်နာရီကြာအောင် workout လုပ်ပါတယ်။
လှပြီး sexy ကျဖို့အရေးမကြီးတော့ပါဘူး။
ကျန်းမာပြီး ရောဂါမရှိဖို့ကြိုတင်ကာကွယ်မှုတော့
လိုအပ်ပါတယ်။

ဖြစ်မှဖြစ်ပါ့မလား တွေးမနေပါနဲ့။
ကျမလည်းကလေး ၂ ယောက်အမေ။
အလုပ်များတဲ့ သာမန်အိမ်ရှင်မတစ်ယောက်ပါ။

15.2.2017.
Kyi Kyi - ကြည်​ကြည်​

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...