ဘဝဆက်တိုင်းသမီးလေးလိုအဖြစ်ဆိုးမှကင်းဝေးပါစေလို့ဆုတောင်းပေးလိုက်ပါတယ် ဆရာမတို့ရယ်


တရားနဲ့တော့ဖြေတာပဲ ကလေးကံပေါ့လို့လေ ဒါပေမယ့် ဘယ်လိုပင်တရားနဲ့ဖြေဖြေနောက်ဆုံးရလဒ်ကတော့ ဆေးရုံကိုစောစောရောက်သော်ငြားလည်း သင်္ကြန်ရုံးပိတ်ရက်ပြန်မဖွင့်သေးတာကြောင့် တာဝန်ရှိသောခွဲစိတ်ဆရာဝန်မကြီးမှ ဆေးရုံသို့မလာခဲ့ပါဘူးကလေးဆုံးတဲ့နေထိပါပဲ လက်ထောက်ခွဲစိတ်ဆရာဝန်မကြီးကလာကြည့်သော်ငြား လည်းခွဲဖို့ခွင့်ပြုမိန့်မပေးသေးလို့တဲ့ ဆေးတလုံးသွင်းပီးစောင့်ကြည့်ရမယ်ဆိုပီး အချိန်ဆွဲထားခဲ့တယ် အချိန်ဆွဲထားပီး သူတို့စောင့်ကြည့်နေလို့ ငါ့သမီးလေးဆုံးရတာ ဆုံးခါနည်းမှ အမေရေကလေးအသက်အန္တရာယ်ရှိနေပီနော်တဲ့ အဲ့တော့ငါတို့လိုအမေတွေကဘာလုပ်ရတော့မှာလဲကလေးအသက်ထွက်ဖို့ကိုထိုင်ကြည့်နေရုံပဲပေါ့ဆေးရုံတက်တုန်းကအူပြန်စွပ်လို့ ပြန်တက်တာပါ၁၉.၄.၂၀၁၇ညဘက်စဖြစ်တယ်
Image may contain: 1 person, sleeping and close-up
၂၀.၄.၂၀၁၇ ညနေဘက်မှရန်ကုန်ကိုရောက်တယ် ဘားအံကနေဖြစ်ဖြစ်ခြင်း ရန်ကုန်ကိုအပြေးသွားခဲ့တာပါသမီးလေးဆုံးတာ၂၃.၄.၂၀၁၇ကြားထဲမှာကလေးကစိုးရိမ်ရပါတယ်လို့လဲတခွန်းမပြောခဲ့သလိုဆေးထိုးချိန်မှလွှဲပီးကျန်တဲ့အချိန် ကိုယ်ဘာသာကိုယ့်ကလေးအခြေနေကြည့်ပီးပြုစုခဲ့ရတယ် ညဘက်ကလေးကိုယ်တအားပူလို့ဘယ်သူ့ကိုမှလဲခေါ်ဖို့ရှာမတွေ့ခဲ့ရပါဘူး တစ်နာရီလောက်ဆိုသူတို့ဘယ်နားသွားအိပ့်မှန်းမသိခဲ့တာပါသူတို့သာသေချာလုပ်ပေးခဲ့ရင်ငါ့သမီးလေးခုလိုအသက်ဆုံးရုံးရမှာမဟုတ်ဘူး သူတို့ရဲ့အလေးမထားမှု ပေါ့ဆမှု မနိုင်ဝန်တွေကိုလောဘတကြီးသူတို့တာဝန်ယူထားလို့ ခုလိုဖြစ်ရတာ ခံပြင်းလွန်းတယ်သမီးရေ ငါ့သမီးလေး စဖြစ်တဲ့နေ့ကစပြီး ဆုံးတဲ့နေ့ထိရေမသောက်ခဲ့ရဘူး
Image may contain: one or more people
သူတို့ခုပဲခွဲစိတ်တော့မလိုလိုနဲ့ ရေမတိုက်ခဲ့ရဘူး ရေဘူးလေးကိုကြည့်ကြည့်ပီး မေမေ့ဆီက ရေလှန်းလှန်းတောင်းတဲ့မေမေ့သမီးလေးမျက်နှာကို မေမေဘယ်တော့မှမမေ့ဘူးသမီးရေ သမီးလေးကိုအဲ့ဆေးရုံတင်ခဲ့မိလို့ ခုလိုဖြစ်ရတာ အခကြေးငွေတော့မတောင်းပဲ သမီးလေးတို့လိုကလေးတွေကို စမ်းသပ်ခံများသတ်မှတ်ထားလေတလားပဲ မေ့သမီးလေးအဖြစ်ကဆိုးလွန်းလှတယ် သမီးလေးလိုပဲ ကလေးဘယ်နှရောက်ရဲ့အသက်စတေးခဲ့ပီးပီလဲမသိဘူးသမီးရေ သူတို့သာမေမေတို့ကြုံတွေ့ရသလိုအဖြစ်ဆိုးမျိုးမကြုံတွေ့ကြပါစေနဲ့လို့ ဆုတောင်းပေးမိတယ် ဆေးရုံမှာမေမေတယောက်နေ့ရေညပါကြုံတွေ့ခဲ့လို့မေမေ အသိဆုံးပါ
Image may contain: one or more people and close-up
မေမေတယောက်ပဲစောင့်နေရတာဖြစ်တဲ့အတွက် အိမ်သာတောင်မသွားခဲ့ရပါဘူး သမီးလေးတယောက်ထဲကျန်ခဲ့မှာကြောက်လို့လေ သမီးလေးဆွဲဖြုတ်လို့အပ်တွေပြုတ်ကုန်မှာလဲဆိုးတယ်မေမေ့သမီးလေးကသွေးကြောရှာရခက်တဲ့အတွက်သူများတွေတချက်အဖေါက်ခံရရင် မေမေ့သမီးလေးကဆယ့်င်ါးချက်လောက်အဖေါက်ခံရတယ် သူတို့ကတော့သူတို့မကျွမ်းကျင်တာကိုဝန်မခံပဲ မေ့သမီးလေးကပဲရုန်းလို့သူတို့ဖေါက်ရခက်သလိုပြောကြတယ် မေမေလဲငိုသမီးလေးလဲငိုခဲ့ရတယ် 😢😢😢မေ့သမီးလေးဟာမသေသင့်ပဲသေခဲ့ရတယ်ဆိုတာမေမေအသိဆုံးဖြစ်သလို့သူတို့လဲအသိဆုံးဖြစ်မှာပါ ..ဒီစာကိုသူတို့များဖတ်မိရင် ကိုယ့်လိပ်ပြာကိုယ်လုံကြပါစေလို့ ဆုတောင်းမိပါရဲ့🙏🏻🙏🏻🙏🏻အချိန်တိုင်းသမီးကိုလွမ်းတဲ့စိတ်ခံပြင်းလွန်းလို့ကိုယ့်ရင်ကိုယ်ထုနေရတဲ့ အမေတယောက်ရဲ့ခံစားချက်မျိုးကို မခံစားရပါစေနဲ့…ဘဝဆက်တိုင်းငါ့သမီးလေးလိုအဖြစ်ဆိုးမှကင်းဝေးပါစေလို့ဆုတောင်းပေးလိုက်ပါတယ် ဆရာမတို့ရယ်🙏🏻🙏🏻🙏🏻
Pan Dora

Image may contain: 4 people, flower

Image may contain: outdoor
Image may contain: 4 people, people standing and shoes

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...