သုဿန်သို့ သွားရသော လမ်းမရှိ၍ လုံခြုံရေးအပြည့်နဲ့ ပို့ဆောင်ခဲ့တဲ့ အသုဘ
"ငါးရက်ပေါ့နော်။ မသဂြိုင်္လ်ရတာ ရပ်ဓလေ့ရွာဓလေ့အရ
၇ ရက်ကြာလို့မှ မသဂြိုင်္လ်ရဘူးဆိုရင် အလောင်းကို သက်ဆိုင်ရာကိုအပ်မယ်
Unicode
သုဿန်သို့ သွားရသော လမ်းမရှိဟုဆိုကာ မလိုလားအပ်တဲ့ ပြသနာတွေ၊လူစုလူဝေးမဖြစ်ပေေါ် စရန်အတွက် ငွေဆောင်တွင်ကွယ်လွန်ခဲ့သူ ဦးတိုးအလောင်းကို လုံခြုံရေးအစောင့်အရှောက်နဲ့ ယနေ့တွင် သုဿန်သို့ ပို့ဆောင်နိုင်ခဲ့ကြောင်း မြတ်​ဒါန လူမှုကူညီ​ရေးအသင်​း မှတစ်ဆင့်သိရှိရသည်။ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မြို့ အမှတ် ၂ ရပ်ကွက်တွင် အသုဘချရန် လမ်းမရှိ၍ အဆိုပါရပ်ကွက်မှ သေဆုံးသူ ဦးတိုး (၆၇ နှစ်) ၏ရုပ်အလောင်းအား ငါးရက်ကြာသည်အထိ မြေချလို့မရသည့်အခက်အခဲ ကြုံတွေ့နေခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါ ပို့ဆောင်မှုတွင် မြတ်​ဒါန လူမှုကူညီ​ရေးအသင်​းနဲ့အတူမြို့နယ်​ရဲတပ်​ဖွဲ့ဝင်​အင်​အားများမြို့နယ်​မီးသတ်​တပ်​ဖွဲ့များ မြို့စည်​ပင်​သာယာ​ရေးအဖွဲ့များ၊ဌာနဆိုင်​ရာမှလူကြီးများ၊မြို့အုပ်​ချုပ်​​ရေးအဖွဲ့များ၊မရမ်​းကုန်​း သီလရက္ခိတ ပရဟိတလူငယ်​များ၊​ဒေသခံပြည်​သူများ က ဝိုင်​းဝန်​းပူး​ပေါင်​းအင်​အားဖြင်​့ ပို့ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ "ငါးရက်ပေါ့နော်။ မသင်္ဂြိုလ်ရတာ ရပ်ဓလေ့ရွာဓလေ့အရ အစုန်လမ်းရယ် အဆန်လမ်းရယ်မှာ တဖက်ကလည်း ဘိုးဘွားပိုင်မြေဆိုပြီး လမ်းပိတ်ထားပြီးတော့ အမှု့အခင်းလည်းဖြစ်နေတဲ့အတွက် ထွက်လို့မရဘူးပေါ့။ တောင်ဘက်လမ်းက အဆန်လမ်းဖြစ်နေပြီး ရပ်ဓလေ့ရွာဓလေ့အရ ထွက်မရဘူး။ အခုလိုမြေမချရသေးဘူးဖြစ်နေတယ်။ ၇ ရက်ကြာလို့မှ မသင်္ဂြိုလ်ရဘူးဆိုရင် အလောင်းကို သက်ဆိုင်ရာကိုအပ်မယ် "လို့ကွယ်လွန်သူ ဦးတိုး၏သားဖြစ်သူကိုငြိမ်းကျော်မှလွန်ခဲ့တဲ့ ရက်အနည်းငယ်ကပြောကြားခဲ့ပါတယ်။သေဆုံးသူ၏ အသုဘသည် (၇)ရက်​​မြောက်​​တိုင်ခဲ့ပြီး ၇ရက်မြောက်နေ့မှာ ချနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ Source: မြတ်ဒါန လူမှုကူညီရေးအသင်း ငွေဆောင်ကမ်းခြေ
Admin Unknown
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...