ကဲ.........စလိုက်ကြရအောင်


ခွက်ဒစ်ပေးဘာဒယ်
#copy
#copy
=======
အခုမှဘဲ အကြောင်းစုံသိတော့တယ်
#အခုတလော fb မှာ ရေပန်းစားနေတဲ့ ကောင်းကောင်းနဲ့ အိုင်ရင်းဇင်မာမြင့် အကြောင်း သိသလောက်လေးပေါ့နော် ပြောပြချင်ပါတယ်။
ပထမဆုံးမှာတော့ အိုင်ရင်းဇင်မာမြင့်က live လွှင့်ပြီးပြောတာပေါ့ သူ့ရင်ထဲကခံစားချက်တွေ ပြောသွားတာပေါ့ သူပြောတာလည်း အမှန်ပဲလေ မမှားပါဘူး ၈ နှစ်လုံးလုံးတွဲလာခဲ့ကြပြီးမှ လမ်းခွဲတာကတော့ ဘယ်သူမဆိုခံစားရမှာပဲလေ သူပြောတာတွေလည်း မှန်တယ်
သူပြောတာတွေမှန်တယ်ဆိုတော့ ကောင်းကောင်းက မှားနေလို့လားဆိုတဲ့မေးခွန်းတွေက မေးစရာဖြစ်နေမယ်ထင်ပါတယ် ဆက်ပြောပါ့မယ်
အိုင်ရင်းဇင်မာမြင့် က live လွှင့်ပြီးပြောသွားတဲ့နောက်တစ်နေ့မှာတော့
ကောင်းကောင်း ကလည်း live လွှင့်ပြီး ပြန်ဖြေရှင်းပါတယ် သူပြောတာတွေလည်း မှန်ပါတယ် အားလုံးက နားထောင်ဖြစ်မယ်လို့လည်း ထင်ပါတယ်
၂ ယောက်လုံးက မမှားပါဘူး
အများစုကတော့ ကောင်းကောင်းကိုပဲအပြစ်တင်ပြောဆိုနေကြတော့
ကောင်းကောင်း နဲ့ပတ်သက်ပြီးတော့ပဲ အဓိကပြောပါ့မယ်
သူ့အကြောင်းပြောမှပဲ စာဖတ်သူတွေနားထဲမှာလည်း ပိုပြီးရှင်းရှင်းလင်းလင်းဖြစ်သွားမယ်ထင်လို့ပါ
ကဲ.........စလိုက်ကြရအောင်
တကယ်တော့ ကောင်းကောင်း အကြောင်းကို ကောင်းကောင်းမသိလို့ ပြောကြတာပါ
ကောင်းကောင်းမသိလို့ဆိုတဲ့နေရာမှာ ကောင်းကောင်းတော့သိတာပေါ့ ပြောတဲ့လူလည်းရှိနိုင်တယ် အဆိုတော်ကောင်းကောင်းလေ ဘာညာပေါ့
ဒါမယ့် ငါပြောတဲ့ကောင်းကောင်းက အဲ့ဒီကောင်းကောင်းမဟုတ်ဘူး ကောင်းကောင်း မသိကြတာကိုပြောတာပါ အခုငါပြောချင်တာကို ကောင်းကောင်းနားလည်လိမ့်မယ်ထင်ပါတယ်
ဟာ မင်းရေးတဲ့ post ကကောင်းကောင်းကမှမဖတ်တာ ကောင်းကောင်းက ဘယ်လိုနားလည်မှာလဲ ဆိုတဲ့မေးခွန်းတွေ ရှိကောင်းရှိလိမ့်မယ် ကောင်းကောင်းနားလည်လိမ့်မယ် ဆိုတာက ဟိုကောင်းကောင်းကိုပြောတာမဟုတ်ဘူး ကောင်းကောင်း နားလည်ကြလိမ့်မယ်လို့ပဲပြောတာ
မင်းပြောတော့မှပဲ ကောင်းကောင်းနားလည်လာတယ် ပြောတဲ့လူလည်းရှိရင်ရှိမှာပါ
ကောင်းကောင်းနားလည်လာတယ်ဆိုတဲ့နေရာမှာ ငါပြောတဲ့ကောင်းကောင်းက ဟိုကောင်းကောင်းမဟုတ်ဘူး
မင်းပြောမှပဲရှုပ်ထွေးကုန်တယ် ပြောတဲ့လူလည်းရှိနိုင်တယ် သူတို့အတွက်ငါထပ်ရှင်းပြမယ် ငါရှင်းပြလိုက်ရင် နားထဲကောင်းကောင်းရှင်းသွားလိမ့်မယ် နားထဲ ဘယ်လိုလုပ် ကောင်းကောင်း ရှင်းမှာလဲမေးချင်နေတဲ့သူလည်းရှိနိုင်တယ် ရှင်းသွားမယ့် ကောင်းကောင်း က ဟိုကောင်းကောင်းမဟုတ်ဘူး ကောင်းကောင်းရှင်းသွားမှာကိုပြောတာ
ငါပြောတာလိုရင်းမရောက်နိုင်တော့ဘူးကွာ😜😜😜
ကောင်းကောင်းကိုသာကောင်းကောင်းသွားမေးကြ ကောင်းကောင်းရှင်းပြရင် ကောင်းကောင်းနာလည်ကြမှာပါ😜😜😜😜
ခွက်ဒစ်ပေးဘာဒယ်
#copy
0 comments :
Post a Comment