“ေရႊညဝါဆရာေတာ္ႏွင့္ ဒယ္အုိးဆရာေတာ္တုိ႔အတြက္ စိတ္မေကာင္းပါ” ဦး၀ီရသူ

“ေရႊညဝါဆရာေတာ္ႏွင့္ ဒယ္အုိးဆရာေတာ္တုိ႔အတြက္ စိတ္မေကာင္းပါ”
================================================
ဒီကေန႔ မ.ဟ.န အဖြဲ႕ဝင္ ဆရာေတာ္တစ္ပါးထံ ၾသဝါဒခံယူခြင့္ရပါတယ္။
အဆုိပါဆရာေတာ္က မဟနေၾကညာခ်က္က တရားေဟာေျပာခြင့္ကုိသာပိတ္တာပါ ယဥ္ေက်းလိမၼာအခမ္းအနား ဖြင့္ပြဲ ပိတ္ပြဲတက္တာ ၾသဝါဒေပးတာ သီလေပးတာေတြ မပါပါဘူးလုိ႔ မိန္႔ပါတယ္။
အဲဒီအခ်က္ကုိဆရာေတာ္မ်ားဘက္က တိတိက်က်ထုတ္ျပန္ေပးပါလုိ႔ ေလွ်ာက္ထားလုိက္ပါတယ္။
ေနာက္တစ္ခုကေတာ့ တရားပြဲအပိတ္ခံထားရသူခ်င္းအတူတူ ေရႊညဝါဆရာေတာ္ကုိ အနီအမတ္ေတြကလည္း ပင့္ အနီကုိကုိမမတုိ႔ကလည္း သုိင္းဝုိင္းေနၾကၿပီး အာဏာပုိင္တုိ႔ရဲ႕ ေႏွာက္ယွက္ဟန္႔တားမႈႏွင့္ တစ္စုံတစ္ခုေသာ ဖိအားကုိမခံရဘဲ ဝီရသူကုိပဲ သဲသဲမဲမဲ ဖိအားေပးၾက တုိက္ခုိက္ၾက တုိင္ေတာၾက တရားစြဲၾက ဓားဆြဲၾက လုပ္ေနၾကတာဟာ လုံးဝမတရားပါဘူး။
မ.ဟ.န ဆရာေတာ္မ်ားအေနႏွင့္ လ်စ္လ်ဴရႈမထားဘဲ မဟနအမိန္႔ကုိဖီဆန္ၿပီး တရားေဟာေနတဲ့ ေရႊညဝါဆရာေတာ္ ဒယ္အုိးဆရာေတာ္တုိ႔ကုိ အေရးယူသင့္ပါတယ္ဘုရားလုိ႔ေလွ်ာက္တဲ့အခါ မင္းကုိပဲ တုိင္ၾကတာကြ သူတုိ႔ကုိတုိင္မည့္သူမရွိဘူး။
သူတုိ႔ကုိတုိင္မည့္သူရွိရင္ အေရးယူမွာေပါ့လုိ႔ မိန္႔႔ပါတယ္။
တကယ္အေရးယူပါ့မလားဘုရား အနီအမတ္ေတြ အနီလူႀကီးေတြ ခ်ီးျမွင့္ေျမွာက္စားထားတာလုိ႔ ျပန္ေလွ်ာက္ေတာ့
တုိင္သာတုိင္ ဘယ္သူတုိင္တုိင္ အေရးယူမယ္လုိ႔ အျပည့္အဝ အာမခံခ်က္ေပးသြားပါတယ္။
စာေရးသူကေတာ့ တုိင္းရင္းသားအခ်င္းခ်င္း ဗုဒၶဘာသာအခ်င္းခ်င္းဆုိရင္ ေခါင္းငုံ႔ခံမယ္ ဘယ္ေသာအခါမွ မတုန္႔ျပန္ဘူးလုိ႔ ခံယူထားတာပါ။
ဓမၼကထိကအခ်င္းခ်င္း ဘုန္းႀကီးအခ်င္းခ်င္းဆုိေတာ့ ေျပာစရာမလုိဘူးေပါ့ေနာ္။
ဒါေၾကာင့္လည္း ေရႊညဝါဆရာေတာ္တုိ႔ ဒယ္အုိးဆရာေတာ္တုိ႔ ေဟာေျပာေနၾကတာကုိ ေထာက္ကြက္တစ္ခု အေနန႔ဲ အစကနဦးပုိင္းမွာ လုံးဝ ျပန္မေထာက္ခဲ့ပါ။
စာေရးသူက မေထာက္သလုိ အမ်ဳိးသားေရးသမားေတြကလည္း လုံးဝကုိ မေထာက္ၾကပါဘူး။
တုိင္ၾကားဖုိ႔ လက္မွတ္ေကာက္ဖုိ႔ ေႏွာက္ယွက္ဖုိ႔ ပြဲဖ်က္ဖုိ႔ တရားစြဲဖုိ႔ဆုိတာ ေဝလာေဝးပါပဲ။
အခုေတာ့ တရားမေဟာဘဲေနတဲ့သူကုိလည္း အာဏာပုိင္အားကုိး မီဒီယာအားကုိးနဲ႔ ဖိႏွိပ္လြန္းမက ဖိႏွိပ္လာလုိ႔ အပိတ္ခံထားရပါလ်က္ အမိန္႔ဖီဆန္ၿပီး တရားေဟာေနေသာ ေနာင္ေတာ္ေရႊညဝါဆရာေတာ္ႏွင့္ ညီေတာ္ ဒယ္အုိးဆရာေတာ္တုိ႔ကုိ ၂၀/၉၀ အရ အေရးယူေပးဖုိ႔ မ.ဟ.န အဖြဲ႕ထံ တင္ျပ ေလွ်ာက္ထားပါေတာ့မယ္။
စိတ္မေကာင္းပါဘူး။
ေနာင္ေတာ္ညီေတာ္ႏွစ္ပါးရဲ႕ တပည့္သာဝကေတြကုိလည္း ႀကဳိတင္ၿပီးေတာင္းပန္ပါတယ္။
လုပ္ခ်င္လုိ႔ လုပ္ရတာ မဟုတ္ပါ။
လုပ္ရက္လုိ႔ လုပ္ရတာမဟုတ္ပါ။
လုပ္ရဲလုိ႔ လုပ္ရတာမဟုတ္ပါ။
လုပ္တတ္လုိ႔ လုပ္ရတာမဟုတ္ပါ။
မ.ဟ.န ရဲ႕ အမိန္႔အာဏာေအာက္မွာ ႏုိင္ငံေတာ္အစုိးရ တရားစီရင္ေရးမ႑ဳိင္ေအာက္မွာ အားလုံးတေျပးညီ ရွိသင့္ေၾကာင္း သိေစလုိတဲ့ရည္ရြယ္ခ်က္တစ္ခုသာရွိပါသည္။
ဝီရသူ(မစုိးရိမ္)
22.5.2017
PM 6:28

https://www.facebook.com/bithuka.gyi/posts/1101317830011724
===========

“ရွှေညဝါဆရာတော်နှင့် ဒယ်အိုးဆရာတော်တို့အတွက် စိတ်မကောင်းပါ”
================================================
ဒီကနေ့ မ.ဟ.န အဖွဲ့ဝင် ဆရာတော်တစ်ပါးထံ သြဝါဒခံယူခွင့်ရပါတယ်။
အဆိုပါဆရာတော်က မဟနကြေညာချက်က တရားဟောပြောခွင့်ကိုသာပိတ်တာပါ ယဉ်ကျေးလိမ္မာအခမ်းအနား ဖွင့်ပွဲ ပိတ်ပွဲတက်တာ သြဝါဒပေးတာ သီလပေးတာတွေ မပါပါဘူးလို့ မိန့်ပါတယ်။
အဲဒီအချက်ကိုဆရာတော်များဘက်က တိတိကျကျထုတ်ပြန်ပေးပါလို့ လျှောက်ထားလိုက်ပါတယ်။
နောက်တစ်ခုကတော့ တရားပွဲအပိတ်ခံထားရသူချင်းအတူတူ ရွှေညဝါဆရာတော်ကို အနီအမတ်တွေကလည်း ပင့် အနီကိုကိုမမတို့ကလည်း သိုင်းဝိုင်းနေကြပြီး အာဏာပိုင်တို့ရဲ့ နှောက်ယှက်ဟန့်တားမှုနှင့် တစ်စုံတစ်ခုသော ဖိအားကိုမခံရဘဲ ဝီရသူကိုပဲ သဲသဲမဲမဲ ဖိအားပေးကြ တိုက်ခိုက်ကြ တိုင်တောကြ တရားစွဲကြ ဓားဆွဲကြ လုပ်နေကြတာဟာ လုံးဝမတရားပါဘူး။
မ.ဟ.န ဆရာတော်များအနေနှင့် လျစ်လျူရှုမထားဘဲ မဟနအမိန့်ကိုဖီဆန်ပြီး တရားဟောနေတဲ့ ရွှေညဝါဆရာတော် ဒယ်အိုးဆရာတော်တို့ကို အရေးယူသင့်ပါတယ်ဘုရားလို့လျှောက်တဲ့အခါ မင်းကိုပဲ တိုင်ကြတာကွ သူတို့ကိုတိုင်မည့်သူမရှိဘူး။
သူတို့ကိုတိုင်မည့်သူရှိရင် အရေးယူမှာပေါ့လို့ မိန့့်ပါတယ်။
တကယ်အရေးယူပါ့မလားဘုရား အနီအမတ်တွေ အနီလူကြီးတွေ ချီးမြှင့်မြှောက်စားထားတာလို့ ပြန်လျှောက်တော့
တိုင်သာတိုင် ဘယ်သူတိုင်တိုင် အရေးယူမယ်လို့ အပြည့်အဝ အာမခံချက်ပေးသွားပါတယ်။
စာရေးသူကတော့ တိုင်းရင်းသားအချင်းချင်း ဗုဒ္ဓဘာသာအချင်းချင်းဆိုရင် ခေါင်းငုံ့ခံမယ် ဘယ်သောအခါမှ မတုန့်ပြန်ဘူးလို့ ခံယူထားတာပါ။
ဓမ္မကထိကအချင်းချင်း ဘုန်းကြီးအချင်းချင်းဆိုတော့ ပြောစရာမလိုဘူးပေါ့နော်။
ဒါကြောင့်လည်း ရွှေညဝါဆရာတော်တို့ ဒယ်အိုးဆရာတော်တို့ ဟောပြောနေကြတာကို ထောက်ကွက်တစ်ခု အနေနဲ့ အစကနဦးပိုင်းမှာ လုံးဝ ပြန်မထောက်ခဲ့ပါ။
စာရေးသူက မထောက်သလို အမျိုးသားရေးသမားတွေကလည်း လုံးဝကို မထောက်ကြပါဘူး။
တိုင်ကြားဖို့ လက်မှတ်ကောက်ဖို့ နှောက်ယှက်ဖို့ ပွဲဖျက်ဖို့ တရားစွဲဖို့ဆိုတာ ဝေလာဝေးပါပဲ။
အခုတော့ တရားမဟောဘဲနေတဲ့သူကိုလည်း အာဏာပိုင်အားကိုး မီဒီယာအားကိုးနဲ့ ဖိနှိပ်လွန်းမက ဖိနှိပ်လာလို့ အပိတ်ခံထားရပါလျက် အမိန့်ဖီဆန်ပြီး တရားဟောနေသော နောင်တော်ရွှေညဝါဆရာတော်နှင့် ညီတော် ဒယ်အိုးဆရာတော်တို့ကို ၂၀/၉၀ အရ အရေးယူပေးဖို့ မ.ဟ.န အဖွဲ့ထံ တင်ပြ လျှောက်ထားပါတော့မယ်။
စိတ်မကောင်းပါဘူး။
နောင်တော်ညီတော်နှစ်ပါးရဲ့ တပည့်သာဝကတွေကိုလည်း ကြိုတင်ပြီးတောင်းပန်ပါတယ်။
လုပ်ချင်လို့ လုပ်ရတာ မဟုတ်ပါ။
လုပ်ရက်လို့ လုပ်ရတာမဟုတ်ပါ။
လုပ်ရဲလို့ လုပ်ရတာမဟုတ်ပါ။
လုပ်တတ်လို့ လုပ်ရတာမဟုတ်ပါ။
မ.ဟ.န ရဲ့ အမိန့်အာဏာအောက်မှာ နိုင်ငံတော်အစိုးရ တရားစီရင်ရေးမဏ္ဍိုင်အောက်မှာ အားလုံးတပြေးညီ ရှိသင့်ကြောင်း သိစေလိုတဲ့ရည်ရွယ်ချက်တစ်ခုသာရှိပါသည်။
ဝီရသူ(မစိုးရိမ်)
22.5.2017
PM 6:28
https://www.facebook.com/bithuka.gyi/posts/1101317830011724

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...