ကြ်န္မ ေမွာင္ရိပ္ခိုတယ္တဲ့။
ကြ်န္မအသက္ ၁၅ႏွစ္မွာ ပေထြးက ေစ်းဦးေဖာက္ခဲ့တယ္။ တိုင္ေျပာရင္သတ္မယ္တဲ့။မတိုင္ပါဘူး။
ကြၽန္မက လမ္းေဘးညည့္ငွက္မ တစ္ေယာက္ရဲ႕ သမီး ပါ။ အေမ့ကို ပေထြးနဲ႔ ကိစၥ ျပန္ေျပာေတာ့ "ေကာင္မ နင္က သြားနန္႔ျပေနတာကိုး" တဲ့။ ကြ်န္မနန္႔ျပတာ ပေထြးကိုမဟုတ္ဘူး။ အေမနဲ႔ ပါလာတဲ့ ေဖာက္သည္ အကိုႀကီးကိုပါ။ သူက ခပ္ငယ္ငယ္ဘဲ ရွိေသးတယ္။ အိမ္ကိုလာေခၚတတ္တယ္။ အေမပါသြားရင္ ကြ်န္မ စိတ္ညစ္တယ္။ ပေထြးက သေဘာက်ေနတာကိုး ။ ဘာလို႔လဲဆိုေတာ့ ပိုက္ဆံလဲရတယ္။ ကြ်န္မကိုလဲ ရတယ္။
"နင့္သမီးကို ပိုက္ဆံရွာခိုင္းေတာ့"
တစ္ရက္မွာ ပေထြးက အေမ့ကို ေျပာတယ္။ အေတာ္တတ္ေနၿပီတဲ့။ အေမက ကြ်န္မကို မ်က္ေစာင္း ထိုးတယ္။
"ေကာင္မ...ငါ့ထက္ သာတယ္"
ဟုတ္ကဲ့ အေမ။ သင္ဆရာ ျမင္ဆရာ ၾကားဆရာက အေမဘဲ မဟုတ္လား။ အေမလြယ္ခဲ့တဲ့ေသြး ..ပေထြးဆီမွာ ေမြးခဲ့တယ္။ သမီး အေႂကြးဆပ္ပါမယ္။
ဒီလိုနဲ႔ ဓါတ္တိုင္ေလးေတြကို မွီၿပီး ျဖတ္သြားတဲ့ ကားေတြ တစီးၿပီး တစီး ေမွ်ာ္ၾကည့္ တတ္လာတယ္။
တခ်ိဳ႕ကားေတြေပၚက ကြ်န္မကို စူးစမ္းသလို ၾကည့္သြားတယ္။ တခ်ိဳ႕ကားေတြ ေပၚမွာ မိသားစုေတြ။ ေမာင္ႏွမေတြ။ ခ်စ္သူေတြ ။ အေမက ေမာင္းလို႔ ေဘးမွာ သမီးေလးေတြ။ ေငးေမာေနတဲ့ ကြ်န္မကို သူတို႔ ျဖတ္ေက်ာ္သြားတယ္။
ကြ်န္မရဲ႕ပုံက ထင္သာျမင္သာရွိလို႔ တခ်ိဳ႕အမ်ိဳးသမီးေတြက ကြ်န္မကို မသတီသလို ၾကည့္တယ္။ လမ္းသြားလမ္းလာေတြက ကြ်န္မေဘးက ခပ္သုတ္သုတ္ ျဖတ္သြားတယ္။ ကြ်န္မကို မျမင္ဘဲ အမွတ္မဲ့ အနားလာရပ္တဲ့ အမႀကီးတေယာက္ ကြ်န္မကို ျမင္ေတာ့ ျဖဳန္းဆို သရဲကို ေတြ႕သလိုဘဲ ခ်က္ခ်င္း ကြ်န္မ အနားက ခြာသြားတယ္။ ကြ်န္မနဲ႔ ယွဥ္ရပ္ေနတဲ့ အမ်ိဳးေကာင္းသားသမီးဆိုတာ မရွိေကာင္းဘူး မဟုတ္လား။ သူတို႔မေျပာနဲ႔ ကိုယ့္ဘာသာေတာင္ လူတေယာက္ရယ္လို႔ မျမင္ခဲ့ဘူး။
ကြ်န္မကိုသူတို႔ေခၚတာရွိတယ္။ ၾကက္..တဲ့။
ပထမဆံုး ကြ်န္မကိုေခၚသြားတာ ကားအနက္ႀကီးတစီး။
ေယာက္်ားက ေလးေယာက္။ တခ်ိဳ႕က မူးၿပီး ကြဲေနၿပီ။ ကြ်န္မထက္ အသက္အမ်ားႀကီး ႀကီးတဲ့ ေယာက္်ား ႀကီးေတြကို ေၾကာက္ရေကာင္းမွန္း မသိဘူး။
ကားစီးရတာ ေပ်ာ္လိုက္တာ။ ေမႊးၿပီး ေအးေနတဲ့ ကားက သန္႔ၿပီး ေတာက္ေျပာင္ေနတာဘဲ။ ဒီေန႔မွ ဝယ္လာတာတဲ့ ။ သူတို႔ေျပာေနတာ ကြ်န္မၾကားရတယ္။ ကားေကာင္း ကားခန္႔ ႀကီးမို႔ သူေဌးေတြဘဲလို႔ ထင္မိတယ္။ မၾကာဘူး လူျပတ္တဲ့ တေနရာေရာက္ေတာ့ ကြ်န္မကို ဆင္းခိုင္းတယ္။
"ေကာင္မေလး ေအာက္ဆင္းၿပီး ကားမီးေရာင္ ေရွ႕သြားရပ္ ငါတို႔ကို တစ္ကိုယ္လံုး လွည့္ျပ "
မီးထိုးၿပီး ရပ္ထားတဲ့ ကားေရွ႕မွာ သူတို႔ စိတ္တိုင္းက် လွည့္ျပရတယ္။ ကားထဲက ရီသံေတြ ထြက္လာတယ္။ သူတို႔အတြက္ ေပ်ာ္စရာပါလားလို႔ ေတြးမိတယ္။ သူတို႔မွာ သမီးေလး မရွိလို႔ ျဖစ္ရမယ္။ ကြ်န္မအရြယ္ သမီးေလးသာ ရွိရင္ ကြ်န္မကို သနားႏိုင္ေကာင္းတယ္ လို႔ေတြးမိတယ္။ အို ကြ်န္မဘဝမွာ သနားတာ ခ်စ္တာ ေမတၱာေတြ ဆိုတာ မေတာင့္တ အပ္တဲ့အရာေတြပါ။ ေငြေပးလို႔ ရတဲ့ခႏၶာကို ေရာင္းစားေနတဲ့သူမွာ ျမတ္ႏိုးတဲ့အနမ္းတပြင့္ ဆိုတာ ေက်ာက္ေဆာင္ ေက်ာက္ခဲ ၾကားက ပြင့္လာမယ့္ ပန္းတစ္ပြင့္လို ခက္ခဲလြန္းတာ သိထားတယ္။
ကြ်န္မ တခုေတြးမိတယ္ လူေတြ ကြ်န္မတို႔ကို အမ်ိဳးမ်ိဳးေခၚၾကတယ္။ ဖာ တဲ့ ၾကက္ တဲ့။
အဆင့္တခုသတ္မွတ္ၿပီး ေခၚတာ ရွိေသးတယ္။
လိင္လုပ္သားတဲ့ ။ ဟုတ္တယ္။
အလုပ္သေဘာအရ အဲဒါကို ကြ်န္မ ႀကိဳက္တယ္။
ကြ်န္မမွာ ေၾကးရွိတယ္။ အဲဒီေၾကး ေပးရင္ ကြ်န္မကို ရမယ္။ ဒါ အေရာင္းအဝယ္ဘဲ မဟုတ္လား။
ဒါေပမဲ့ ကြ်န္မတို႔ကို လူ႔အသိုင္းအဝိုင္း ၾကဥ္ထားတာ မ်ားတယ္။
တကယ္ဆို မိန္းမအစစ္ မဟုတ္တဲ့ ထိုင္းႏိုင္ငံက ဇိမ္မယ္ေတြ ကေထ ေတြ အိႏၵိယက Hijra ဟစ္ခ်ရာေတြ ဖိလစ္ပိုင္မွာ asog ဆိုက္ေဗးရီးယားမွာ ႏူခ်ိက ဆိုတဲ့ မိန္းမလ်ာ ေတြ ဒါေတြကိုေတာ့ လူမႈေရးနယ္ပယ္ေတြမွာ (သူတို႔ႏိုင္ငံေတြမွာ) တရားဝင္ အသိမွတ္ ျပဳထားတယ္ မဟုတ္လား။
ၿပီးေတာ့ ကြ်န္မတို႔က ေငြေၾကးအရ ဆက္ဆံတာ ပိုင္းလံုး မဟုတ္ဘူး တန္ရာတန္ေၾကး ရွိတယ္။
သူတစ္ပါးမိသားစု မဖ်က္ဆီးဘူး။ ေႏွာင္ႀကိဳးမပါဘူး။
ေငြေပးရင္ လိုက္ပါတယ္လို႔ ေၾကညာထားၿပီးမွဘဲ။
ဒီလိုနဲ႔
တစ္ရက္ေတာ့ ကြ်န္မျပႆနာ တက္တယ္။
ကြ်န္မကိုေခၚလာတဲ့ လူႀကီးရဲ႕မယားငယ္ လိုက္လာတာ။ ကြ်န္မကို "လင္ခိုးမ" တဲ့။
ကြ်န္မ အလုပ္ လုပ္ေနတာလို႔ ျပန္ေျပာလိုက္တယ္။
ခိုးတာမွ မဟုတ္ဘဲ။
"ငါ့လင္ကိုခိုးေနတာ လက္ပူးလက္ၾကပ္မိေနတာ ေတာင္ လွ်ာရွည္ေနတဲ့ ဖာသည္မ "
ဖာသည္မေတာ့ ဟုတ္တယ္ရွင့္ ဒါေပမဲ့ မခိုးဘူး ပိုက္ဆံေပးလို႔ လိုက္လာတာ။ ခိုးစရာမလိုဘူး ။
"ေကာင္မ ေအာက္တန္းစားမ"
ဘယ္သူက ကြ်န္မ..အထက္တန္းစားပါ ေျပာလို႔လဲ။
"ေကာင္မ ပါး႐ိုက္ရမွာေတာင္ လက္သနတယ္"
ဒါဆို... ဘာလို႔ ဒီအခန္းထဲထိဝင္လာေသးလဲ အမရယ္။အခုေတာ့ တကိုယ္လံုး သနသြားတာေပါ့ ...
ဒီမွာတင္ ေခၚလာတဲ့လူႀကီးက ၾကားက ဝင္ဖ်န္ေျဖတယ္။ ပိုက္ဆံကုန္ရက်ိဳးမနပ္ေတာ့ စိတ္လဲတိုေနပုံရတယ္။
"ကဲ မင္းလဲျပန္ေတာ့ လူၾကားလို႔မေကာင္းဘူး ငါလိုက္လာခဲ့မယ္"
"ဘာ ..ရွင္က က်န္ခဲ့ၿပီး ဘာလုပ္အုန္းမွာလဲ တဏွာ႐ူးရဲ႕"
ေဒါသထြက္သြားတဲ့လူႀကီး သူ ့မိန္းမဇာတိ႐ုပ္ကို ထုတ္ေျပာလိုက္တယ္။
"ေအး ငါတဏွာ႐ူးလို႔ နင့္လို မယားငယ္ေတြ ဖာေတြ နဲ႔ ပိုက္ဆံအကုန္ခံတာ နင့္ပါးစပ္က ေနာက္တစ္ခြန္း ထြက္ၾကည့္ "
ကြ်န္မ အဲဒီေန႔က မိန္းမတေယာက္ကို အသနားဆံုးဘဲ။ အထူးသျဖင့္ သူတစ္ပါးလက္က အတင္းလုထားတဲ့ လင္ကို ပိုက္ထားရတဲ့ မိန္းမမ်ိဳး ။
သူခိုးလက္က သူဝွက္လုမွာ စိုးေနရတဲ့ မိန္းမမ်ိဳး။
ငါ့လင္ ငါ့လင္ လို႔ တဆာဆာေအာ္ေနတဲ့ အမ်ိဳးသမီး မ်က္လုးံေတြ မီးဝင္းဝင္း ေတာက္သြားတယ္။
မယားငယ္ဆိုတဲ့ ဂုဏ္ပုဒ္ဟာ လိင္လုပ္သားတစ္ေယာက္ ေရွ႕မွာ ေျခနင္းခုံ ျဖစ္သြားတယ္ မဟုတ္လား။
အဲဒီေန႔က ကြ်န္မ အသိတခုရမိတယ္။ ေငြလိုခ်င္လို႔ လုပ္ၾကတာျခင္း အတူတူ ေျဗာင္ေျပာၿပီး ေျဗာင္ယူတာ ပိုၿပီး သိကၡာ ရွိတယ္ ဆိုတာပါ။
ဘာျဖစ္လဲ အေသြးအသား ေရာင္းစားတာျခင္း အတူတူ .. ကြ်န္မက သူမ်ားလင္ မခိုးဘူးရွင့္ ...။
ပိုက္ဆံရရင္ အိမ္ျပန္တယ္။
Credit - ေဒၚအိရွန္း
#အိမ္ေထာင္ရွင္တို႔နားခိုရာ
===========
ကျွန်မ မှောင်ရိပ်ခိုတယ်တဲ့။
ကျွန်မအသက် ၁၅နှစ်မှာ ပထွေးက စျေးဦးဖောက်ခဲ့တယ်။ တိုင်ပြောရင်သတ်မယ်တဲ့။မတိုင်ပါဘူး။
ကျွန်မက လမ်းဘေးညည့်ငှက်မ တစ်ယောက်ရဲ့ သမီး ပါ။ အမေ့ကို ပထွေးနဲ့ ကိစ္စ ပြန်ပြောတော့ "ကောင်မ နင်က သွားနန့်ပြနေတာကိုး" တဲ့။ ကျွန်မနန့်ပြတာ ပထွေးကိုမဟုတ်ဘူး။ အမေနဲ့ ပါလာတဲ့ ဖောက်သည် အကိုကြီးကိုပါ။ သူက ခပ်ငယ်ငယ်ဘဲ ရှိသေးတယ်။ အိမ်ကိုလာခေါ်တတ်တယ်။ အမေပါသွားရင် ကျွန်မ စိတ်ညစ်တယ်။ ပထွေးက သဘောကျနေတာကိုး ။ ဘာလို့လဲဆိုတော့ ပိုက်ဆံလဲရတယ်။ ကျွန်မကိုလဲ ရတယ်။
"နင့်သမီးကို ပိုက်ဆံရှာခိုင်းတော့"
တစ်ရက်မှာ ပထွေးက အမေ့ကို ပြောတယ်။ အတော်တတ်နေပြီတဲ့။ အမေက ကျွန်မကို မျက်စောင်း ထိုးတယ်။
"ကောင်မ...ငါ့ထက် သာတယ်"
ဟုတ်ကဲ့ အမေ။ သင်ဆရာ မြင်ဆရာ ကြားဆရာက အမေဘဲ မဟုတ်လား။ အမေလွယ်ခဲ့တဲ့သွေး ..ပထွေးဆီမှာ မွေးခဲ့တယ်။ သမီး အကြွေးဆပ်ပါမယ်။
ဒီလိုနဲ့ ဓါတ်တိုင်လေးတွေကို မှီပြီး ဖြတ်သွားတဲ့ ကားတွေ တစီးပြီး တစီး မျှော်ကြည့် တတ်လာတယ်။
တချို့ကားတွေပေါ်က ကျွန်မကို စူးစမ်းသလို ကြည့်သွားတယ်။ တချို့ကားတွေ ပေါ်မှာ မိသားစုတွေ။ မောင်နှမတွေ။ ချစ်သူတွေ ။ အမေက မောင်းလို့ ဘေးမှာ သမီးလေးတွေ။ ငေးမောနေတဲ့ ကျွန်မကို သူတို့ ဖြတ်ကျော်သွားတယ်။
ကျွန်မရဲ့ပုံက ထင်သာမြင်သာရှိလို့ တချို့အမျိုးသမီးတွေက ကျွန်မကို မသတီသလို ကြည့်တယ်။ လမ်းသွားလမ်းလာတွေက ကျွန်မဘေးက ခပ်သုတ်သုတ် ဖြတ်သွားတယ်။ ကျွန်မကို မမြင်ဘဲ အမှတ်မဲ့ အနားလာရပ်တဲ့ အမကြီးတယောက် ကျွန်မကို မြင်တော့ ဖြုန်းဆို သရဲကို တွေ့သလိုဘဲ ချက်ချင်း ကျွန်မ အနားက ခွာသွားတယ်။ ကျွန်မနဲ့ ယှဉ်ရပ်နေတဲ့ အမျိုးကောင်းသားသမီးဆိုတာ မရှိကောင်းဘူး မဟုတ်လား။ သူတို့မပြောနဲ့ ကိုယ့်ဘာသာတောင် လူတယောက်ရယ်လို့ မမြင်ခဲ့ဘူး။
ကျွန်မကိုသူတို့ခေါ်တာရှိတယ်။ ကြက်..တဲ့။
ပထမဆုံး ကျွန်မကိုခေါ်သွားတာ ကားအနက်ကြီးတစီး။
ယောက်ျားက လေးယောက်။ တချို့က မူးပြီး ကွဲနေပြီ။ ကျွန်မထက် အသက်အများကြီး ကြီးတဲ့ ယောက်ျား ကြီးတွေကို ကြောက်ရကောင်းမှန်း မသိဘူး။
ကားစီးရတာ ပျော်လိုက်တာ။ မွှေးပြီး အေးနေတဲ့ ကားက သန့်ပြီး တောက်ပြောင်နေတာဘဲ။ ဒီနေ့မှ ဝယ်လာတာတဲ့ ။ သူတို့ပြောနေတာ ကျွန်မကြားရတယ်။ ကားကောင်း ကားခန့် ကြီးမို့ သူဌေးတွေဘဲလို့ ထင်မိတယ်။ မကြာဘူး လူပြတ်တဲ့ တနေရာရောက်တော့ ကျွန်မကို ဆင်းခိုင်းတယ်။
"ကောင်မလေး အောက်ဆင်းပြီး ကားမီးရောင် ရှေ့သွားရပ် ငါတို့ကို တစ်ကိုယ်လုံး လှည့်ပြ "
မီးထိုးပြီး ရပ်ထားတဲ့ ကားရှေ့မှာ သူတို့ စိတ်တိုင်းကျ လှည့်ပြရတယ်။ ကားထဲက ရီသံတွေ ထွက်လာတယ်။ သူတို့အတွက် ပျော်စရာပါလားလို့ တွေးမိတယ်။ သူတို့မှာ သမီးလေး မရှိလို့ ဖြစ်ရမယ်။ ကျွန်မအရွယ် သမီးလေးသာ ရှိရင် ကျွန်မကို သနားနိုင်ကောင်းတယ် လို့တွေးမိတယ်။ အို ကျွန်မဘဝမှာ သနားတာ ချစ်တာ မေတ္တာတွေ ဆိုတာ မတောင့်တ အပ်တဲ့အရာတွေပါ။ ငွေပေးလို့ ရတဲ့ခန္ဓာကို ရောင်းစားနေတဲ့သူမှာ မြတ်နိုးတဲ့အနမ်းတပွင့် ဆိုတာ ကျောက်ဆောင် ကျောက်ခဲ ကြားက ပွင့်လာမယ့် ပန်းတစ်ပွင့်လို ခက်ခဲလွန်းတာ သိထားတယ်။
ကျွန်မ တခုတွေးမိတယ် လူတွေ ကျွန်မတို့ကို အမျိုးမျိုးခေါ်ကြတယ်။ ဖာ တဲ့ ကြက် တဲ့။
အဆင့်တခုသတ်မှတ်ပြီး ခေါ်တာ ရှိသေးတယ်။
လိင်လုပ်သားတဲ့ ။ ဟုတ်တယ်။
အလုပ်သဘောအရ အဲဒါကို ကျွန်မ ကြိုက်တယ်။
ကျွန်မမှာ ကြေးရှိတယ်။ အဲဒီကြေး ပေးရင် ကျွန်မကို ရမယ်။ ဒါ အရောင်းအဝယ်ဘဲ မဟုတ်လား။
ဒါပေမဲ့ ကျွန်မတို့ကို လူ့အသိုင်းအဝိုင်း ကြဉ်ထားတာ များတယ်။
တကယ်ဆို မိန်းမအစစ် မဟုတ်တဲ့ ထိုင်းနိုင်ငံက ဇိမ်မယ်တွေ ကထေ တွေ အိန္ဒိယက Hijra ဟစ်ချရာတွေ ဖိလစ်ပိုင်မှာ asog ဆိုက်ဗေးရီးယားမှာ နူချိက ဆိုတဲ့ မိန်းမလျာ တွေ ဒါတွေကိုတော့ လူမှုရေးနယ်ပယ်တွေမှာ (သူတို့နိုင်ငံတွေမှာ) တရားဝင် အသိမှတ် ပြုထားတယ် မဟုတ်လား။
ပြီးတော့ ကျွန်မတို့က ငွေကြေးအရ ဆက်ဆံတာ ပိုင်းလုံး မဟုတ်ဘူး တန်ရာတန်ကြေး ရှိတယ်။
သူတစ်ပါးမိသားစု မဖျက်ဆီးဘူး။ နှောင်ကြိုးမပါဘူး။
ငွေပေးရင် လိုက်ပါတယ်လို့ ကြေညာထားပြီးမှဘဲ။
ဒီလိုနဲ့
တစ်ရက်တော့ ကျွန်မပြဿနာ တက်တယ်။
ကျွန်မကိုခေါ်လာတဲ့ လူကြီးရဲ့မယားငယ် လိုက်လာတာ။ ကျွန်မကို "လင်ခိုးမ" တဲ့။
ကျွန်မ အလုပ် လုပ်နေတာလို့ ပြန်ပြောလိုက်တယ်။
ခိုးတာမှ မဟုတ်ဘဲ။
"ငါ့လင်ကိုခိုးနေတာ လက်ပူးလက်ကြပ်မိနေတာ တောင် လျှာရှည်နေတဲ့ ဖာသည်မ "
ဖာသည်မတော့ ဟုတ်တယ်ရှင့် ဒါပေမဲ့ မခိုးဘူး ပိုက်ဆံပေးလို့ လိုက်လာတာ။ ခိုးစရာမလိုဘူး ။
"ကောင်မ အောက်တန်းစားမ"
ဘယ်သူက ကျွန်မ..အထက်တန်းစားပါ ပြောလို့လဲ။
"ကောင်မ ပါးရိုက်ရမှာတောင် လက်သနတယ်"
ဒါဆို... ဘာလို့ ဒီအခန်းထဲထိဝင်လာသေးလဲ အမရယ်။အခုတော့ တကိုယ်လုံး သနသွားတာပေါ့ ...
ဒီမှာတင် ခေါ်လာတဲ့လူကြီးက ကြားက ဝင်ဖျန်ဖြေတယ်။ ပိုက်ဆံကုန်ရကျိုးမနပ်တော့ စိတ်လဲတိုနေပုံရတယ်။
"ကဲ မင်းလဲပြန်တော့ လူကြားလို့မကောင်းဘူး ငါလိုက်လာခဲ့မယ်"
"ဘာ ..ရှင်က ကျန်ခဲ့ပြီး ဘာလုပ်အုန်းမှာလဲ တဏှာရူးရဲ့"
ဒေါသထွက်သွားတဲ့လူကြီး သူ ့မိန်းမဇာတိရုပ်ကို ထုတ်ပြောလိုက်တယ်။
"အေး ငါတဏှာရူးလို့ နင့်လို မယားငယ်တွေ ဖာတွေ နဲ့ ပိုက်ဆံအကုန်ခံတာ နင့်ပါးစပ်က နောက်တစ်ခွန်း ထွက်ကြည့် "
ကျွန်မ အဲဒီနေ့က မိန်းမတယောက်ကို အသနားဆုံးဘဲ။ အထူးသဖြင့် သူတစ်ပါးလက်က အတင်းလုထားတဲ့ လင်ကို ပိုက်ထားရတဲ့ မိန်းမမျိုး ။
သူခိုးလက်က သူဝှက်လုမှာ စိုးနေရတဲ့ မိန်းမမျိုး။
ငါ့လင် ငါ့လင် လို့ တဆာဆာအော်နေတဲ့ အမျိုးသမီး မျက်လုးံတွေ မီးဝင်းဝင်း တောက်သွားတယ်။
မယားငယ်ဆိုတဲ့ ဂုဏ်ပုဒ်ဟာ လိင်လုပ်သားတစ်ယောက် ရှေ့မှာ ခြေနင်းခုံ ဖြစ်သွားတယ် မဟုတ်လား။
အဲဒီနေ့က ကျွန်မ အသိတခုရမိတယ်။ ငွေလိုချင်လို့ လုပ်ကြတာခြင်း အတူတူ ဗြောင်ပြောပြီး ဗြောင်ယူတာ ပိုပြီး သိက္ခာ ရှိတယ် ဆိုတာပါ။
ဘာဖြစ်လဲ အသွေးအသား ရောင်းစားတာခြင်း အတူတူ .. ကျွန်မက သူများလင် မခိုးဘူးရှင့် ...။
ပိုက်ဆံရရင် အိမ်ပြန်တယ်။
Credit - ဒေါ်အိရှန်း
#အိမ်ထောင်ရှင်တို့နားခိုရာ
Subscribe to:
Post Comments
(
Atom
)
Loading...
0 comments :
Post a Comment