အပျိုဖော်ဝင် နောက်ကျခြင်း


အပျိုဖော်/ လူပျိုဖော် ၀င်တဲ့ ဆယ်ကျော်သက်အရွယ်မှာ မိမိရဲ့ ကိုယ်ခန္ဓာပြောင်းလဲမှုနဲ့ ပတ်သက်ပြီး “ငါ ပုံမှန်ဟုတ်ရဲ့လား” “ငါဘာဖြစ်နေတာလဲ” စသဖြင့် စိတ်ပူပန်မှုများ ရှိနေတတ်ကြပါတယ်။
မိန်းကလေး တစ်ဦးအတွက် အသက် (၁၄) နှစ်အရွယ်မှာ ရင်သား ဖွံ့ဖြိုးမှုမရှိရင်/ ဆီးခုံနဲ့ ချိုင်းမှာ အမွေးအမှင်များမပေါက်သေးရင်/ အသက် (၁၆) နှစ်အရွယ်မှာ ရာသီသွေးစတင်မပေါ်သေးရင် အပျိုဖော်ဝင် တာ နောက်ကျတယ်လို့ ပြောနိုင်ပါတယ်။
ယောက်ျားလေး အတွက်ကတော့ အသက် (၁၄) နှစ်အရွယ်မှာ လိင်တံမဖွံ့ဖြိုးသေးရင်/ ဝှေးစေ့ မဖွံ့ဖြိုးသေးရင်/ အသက် (၁၅) နှစ်အရွယ်မှာ ဆီးခုံပေါ် အမွေးအမှင်များ မပေါက်သေးရင် လူပျိုဖော်ဝင်တာ နောက်ကျတယ်လို့ ပြောနိုင်ပါတယ်။
အပျိုဖော်/ လူပျိုဖော်ဝင်တဲ့အချိန်ဟာ တစ်ဦးနဲ့ တစ်ဦးမတူညီဘဲ ကွဲပြားနိုင်ပါတယ်။
1. မိဘမျိုးရိုးနဲ့လည်း သက်ဆိုင်နိုင်ပါတယ်။ ဆိုလိုတာက မိခင်/ ဖခင်/ ဦးလေး/ အဒေါ်/ အစ်ကို/ အစ်မတွေမှာလည်း အပျိုဖော်/ လူပျိုဖော်ဝင်တာ နောက်ကျခဲ့တာမျိုးပါ။ စိုးရိမ်စရာမလိုပါ။
2. အာဟာရကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ အချို့မိန်းကလေး/ ယောက်ျားလေးများဟာ ပိန်ချင်လို့ဆိုပြီး အာဟာပြည့်ဝအောင် မစားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ အဲဒါကြောင့် အပျိုဖော်/ လူပျိုဖော်ဝင် နောက်ကျနေတယ်ဆိုပါက အာဟာရပိုင်းဆိုင်ရာကိုလည်း စစ်ဆေးသင့်ပါတယ်။
3. အခြားအချက်များအနေနဲ့ကတော့ နာတာရှည်ရောဂါ (ဥပမာ- ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ အစရှိသဖြင့်)/ ဟော်မုန်းမညီမျှကြောင့်လည်း ဖြစ်နိုင်တာကြောင့် လိုအပ်ရင် တတ်ကျွမ်းသူနဲ့ တိုင်ပင်သင့်ပါတယ်။
အပျိုဖော်/ လူပျိုဖော်ဝင်တဲ့ ဆယ်ကျော်သက်အရွယ်မှာ မိမိရဲ့ ကိုယ်ခန္ဓာပြောင်းလဲမှုနဲ့ ပတ်သက်ပြီး “ငါ ပုံမှန်ဟုတ်ရဲ့လား” “ငါဘာဖြစ်နေတာလဲ” စသဖြင့် စိတ်ပူပန်မှုများ ရှိနေတတ်ကြပါတယ်။
မိန်းကလေး တစ်ဦးအတွက် အသက် (၁၄) နှစ်အရွယ်မှာ ရင်သား ဖွံ့ဖြိုးမှုမရှိရင်/ ဆီးခုံး နဲ့ ချိုင်းမှာ အမွေးအမှင်များမပေါက်သေးရင်/ အသက် (၁၆) နှစ်အရွယ်မှာ ရာသီသွေးစတင်မပေါ်သေးရင် အပျိုဖော်ဝင်တာ နောက်ကျတယ်လို့ ပြောနိုင်ပါတယ်။
ယောက်ျားလေး အတွက်ကတော့ အသက် (၁၄) နှစ်အရွယ်မှာ လိင်တံမဖွံ့ဖြိုးသေးရင်/ ဝှေးစေ့ မဖွံ့ဖြိုးသေးရင်/ အသက် (၁၅) နှစ်အရွယ်မှာ ဆီးခုံပေါ် အမွေးအမှင်များ မပေါက်သေးရင် လူပျိုဖော်ဝင်တာ နောက်ကျတယ်လို့ ပြောနိုင်ပါတယ်။
အပျိုဖော်/ လူပျိုဖော်ဝင်တဲ့အချိန်ဟာ တစ်ဦးနဲ့ တစ်ဦးမတူညီဘဲ ကွဲပြားနိုင်ပါတယ်။
1. မိဘမျိုးရိုးနဲ့လည်း သက်ဆိုင်နိုင်ပါတယ်။ ဆိုလိုတာက မိခင်/ ဖခင်/ ဦးလေး/ အဒေါ်/ အစ်ကို/ အစ်မတွေမှာလည်း အပျိုဖော်/ လူပျိုဖော်ဝင်တာ နောက်ကျခဲ့တာမျိုးပါ။ စိုးရိမ်စရာမလိုပါ။
2. အာဟာရကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ အချို့မိန်းကလေး/ ယောက်ျားလေးများဟာ ပိန်ချင်လို့ဆိုပြီး အာဟာပြည့်ဝအောင် မစားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ အဲဒါကြောင့် အပျိုဖော်/ လူပျိုဖော်ဝင် နောက်ကျနေတယ်ဆိုပါက အာဟာရပိုင်းဆိုင်ရာကိုလည်း စစ်ဆေးသင့်ပါတယ်။
3. အခြားအချက်များအနေနဲ့ကတော့ နာတာရှည်ရောဂါ (ဥပမာ- ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ အစရှိသဖြင့်)/ ဟော်မုန်းမညီမျှကြောင့်လည်း ဖြစ်နိုင်တာကြောင့် လိုအပ်ရင် တတ်ကျွမ်းသူနဲ့ တိုင်ပင်သင့်ပါတယ်။
Credit : OK QUALITY BIRTH SPACING

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...