အွန်လိုင်းမှာတွေ့ ကြိုက်သွားတဲ့ချစ်သူနဲ့ ချိန်းတွေ့ရင်း ဓားထိုးခံရ



အွန်လိုင်းမှာချစ်ကြိုက်တဲ့ကိစ္စတွေကို အားလုံးတွေ့ဖူး ကြားဖူးနေကြမှာပါ။တစ်ချို့ဇာတ်လမ်းလေးတွေက အရမ်းရင်ကို ထိစေပြီး ကြည်နူးစရာလေးပါ။

အင်တာနက်ရဲ့အမှောင်ဘက်ခြမ်းက တစ်ချို့လူတွေအတွက် အန္တရာယ်များစေပါတယ်။ ယနေ့ခေတ်မှာ လူမှုကွန်ရက်တွင် ချစ်သူရှာနေကြတာ မဆန်းတော့ပါဘူး။

ကံကောင်းစွာနဲ့အချစ်စစ်ကိုရှာတွေ့သွားတဲ့ လူတွေလည်း ရှိပါတယ်။ ဒီအမျိုးသမီးအတွက်ကတော့ ကံမကောင်းစွာနဲ့ အချစ်စစ်ရှာဖွေခြင်းဟာ ကံဆိုးမိုးမှောင်ကျတဲ့ဘက်ကို ဦးတည်သွားခဲ့တယ်။

၃၂နှစ် Sarah Mae Cabatinganဟာ Saudi Arabia က OFW မှာအလုပ်လုပ်နေပေမယ့် အိမ်ကိုပြန်လာပြီး အွန်လိုင်းကချစ်သူဖြစ်တဲ့ ၄၈နှစ် Cesar Sullivan Jr. နဲ့ မိုတယ်တစ်ခုမှာ တွေ့ဆုံဖို့ ချိန်းလိုက်တယ်။ သူမမိသားစုက ဖိလစ်ပိုင်ကအိမ်ကိုသူမရောက်နေတယ် ဆိုတာတောင် မသိလိုက်ပါဘူး။

မိုတယ်မှ ဝန်ထမ်းတွေပြောပြချက်အရ Sullivanက မိုတယ်မှာ နောက်ထပ်နှစ်နာရီ ထပ်နေဖို့ပြောတယ်တဲ့။ အဲ့ဒါနဲ့ ဝန်ထမ်းတစ်ယောက်ကလည်း သူတို့ တံခါးကို သွားခေါက်ပေမယ့် အထဲက ဘာအသံမှ မကြားရဘူး။ အသံမကြားလို့ တံခါးဖွင့်ကြည့်လိုက်တော့ Cabatingan ရဲ့အလောင်းကို အိပ်ရာအောက်မှာ တွေ့လိုက်ရပါတယ်။ စောင်တွေနဲ့ Cabatingan ကို ထုပ်ပိုးထားပြီး ဓားနဲ့ ထိုးသတ်ထားခဲ့တာ ဖြစ်ပါတယ်။

ထိုနေ့က Sullivanက သူ့အကြောင်းဖြစ်ရပ်မှန်တစ်ခုကို ဝန်ခံခဲ့တယ်။ Cabatingan က အမှန်တရားကို လက်မခံနိုင်ခဲ့တာပါ။ တကယ်တော့ ထိုယောက်ျားက အိမ်ထောင်သည်ဖြစ်ပြီး ကလေးလည်း ၆ယောက်ရှိတယ်လို့ ဆိုပါတယ်။ ဒါကို Sullivanက လက်မခံတဲ့အတွက် စကားများရာကာနေ ကိစ္စတွေပိုကြီးသွားခဲ့တယ်။ အခုဆိုရင် အွန်လိုင်းပေါ်က သူစိမ်းတွေနဲ့ အပြင်တွေ့ဆုံဖို့ ချိန်းဆိုချက်တွေ မလုပ်ရန် ရဲများကိုယ်တိုင် သတိပေးချက်တွေ ထုတ်လာပါပြီ။
ဆင်ခြင်တတ်ကြပါစေ။

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...