အခေါင်းထဲဝင်အိပ်ပြီး အသုဘကားဖြင့်သွားသည့် မိန်းကလေး


အမေရိကန်နိုင်ငံ နယူးဂျာဆီပြည်နယ်က မီဂန်ဖလာဟာတီဆိုတဲ့ အသက် ၁၇ နှစ်အရွယ် ကျောင်းသူက ထူးထူးဆန်းဆန်း အခေါင်းထဲဝင်အိပ်ပြီး အသုဘကားနဲ့ မေလပထမပတ်မှာ ကျင်းပတဲ့ အထက်တန်းကျောင်းနှုတ်ဆက်ပွဲကို တက်ရောက်ခဲ့ပါတယ်။မီဂန်က အခေါင်းထဲက ထွက်လာပြီး အတန်းဖော်တွေကို အံ့သြစေခဲ့ပါတယ်။ သူမရဲ့ရည်းစားဖြစ်တဲ့ စတီဗင်ကာ့လ်ဒ်ဝဲလ်က အခေါင်းထဲက ထွက်လာတဲ့ သူမရဲ့ ကမ်းလာတဲ့လက်ကို လှမ်းကိုင်လိုက်ကာ ဒီစုံတွဲက ကျောင်းရဲ့ပါတီပွဲကို တက်တက်ကြွကြွလေး သွားခဲ့ကြတာပါ။
gril
လူမှုကွန်ရက်စာမျက်နှာထက်မှာတော့ မီဂန် “အသတ်ခံလိုက်ရ” လို့ ဟာသလုပ်နေကြသလို အခြားကျောင်းသားတွေကကလည်း “လုံးဝကို ဆွဲဆောင်မှုရှိလောက်အောင် လှပအံ့သြစေတယ်” လို့ ပြောကြပြီး အချို့ကတော့ “ဘာမှ မထူးခြားပါဘူး၊ အပေါစားတွေပါ” လို့ ဝေဖန်ကြပါတယ်။မီဂန်ကတော့ သူမက “သူများနဲ့မတူ တမူထူးခြားတာကို ကြိုက်တယ်” လို့ရိုးရိုးပဲ ပြောခဲ့ပြီး “လူတွေမှာ အမြင်သဘောထားတွေ ရှိမှာပါ” လို့ သူမက ပြောပါတယ်။သူမရဲ့ တမူထူးခြားစွာ ဝင်လာပုံက ပျော်ရွှင်စေဖို့ပါ၊ ဒါပေမယ့် ဒီလိုလုပ်တာက ကြုံသလို လုပ်တာတော့ လုံးဝမဟုတ်ဘူးလို့ မီဂန်က ဒေသခံ သတင်းစာမျက်နှာ NJ.com ကို ပြောခဲ့ပါတယ်။
girl1
သူမဝင်အိပ်တဲ့ အသုဘကားကို မောင်းပေးခဲ့သူ သူမတို့မိသားစုရဲ့ မိတ်ဆွေဒဲန်နစ်စ်မက်ဂီးရဲ့ ခြေရာကို နင်းပြီး ကောလိပ်ကျောင်းပြီးရင် အသုဘဒါရိုက်တာ ဖြစ်ချင်တယ်လို့ ဆယ်ကျော်သက် ကျောင်းသူဖြစ်တဲ့ မီဂန်ကပြောပါတယ်။“ဒီလိုလာပုံက နည်းနည်းတော့ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားမှာပါ။ ဒါပေမယ့် ဒီလိုပုံစံမျိုး ကျောင်းပါတီပွဲလာတဲ့ ပုံတွေကို လူတွေ အရမ်းကြီး ဖြန့်ဝေကြမယ်လို့ ကျမမထင်ခဲ့ဘူး၊ ကျမက အတန်းထဲမှာ စကားနည်းတဲ့ ကျောင်းသူဆိုတော့ ဒီလိုလုပ်မယ်လို့လည်း လူတွေက မထင်ထားကြဘူးလေ” လို့သူမက ပြောပါတယ်။
girl2
လူများစုက သေခြင်းတရားနဲ့ သက်တောင့်သက်သာ မဖြစ်ချိန်မှာ မီဂန်က ဒါက “သဘာဝတရားပါ” လို့ ပြောပါတယ်။သူမစိတ်ကူးထားတဲ့ အလုပ်ကိုလည်း တကယ့်ကို အတည်အတန့်လုပ်ဖို့ ရည်ရွယ်ထားပြီး ကျောင်းပြီးရင် မာဆာကောင်တီကွန်မြူနတီ ကောလိပ်ရဲ့ အသုဘဝန်ဆောင်မှုအစီအစဉ်မှာ တက်ရောက်ဖို့ စီစဉ်ထားတယ်လို့ မီဂန်က ပြောခဲ့တာပါ။
DVB

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...