ရှက်တတ်တဲ့ ကောင်မလေးတွေကို ဘာကြောင့် ကောင်လေးတွေပိုစွဲမက်တာလဲ


သင်သာ ရှက်တတ်ကြောက်တတ်တဲ့ မိန်းကလေးဆိုရင် အမျိုးသားတွေရဲ့ လေးစားချစ်ခင်ခြင်းကို ခံရမှာ မလွဲပါဘူး။ အကြောင်းကတော့ စစ်တမ်းတစ်ရပ်အရ အမျိုးသားတွေဟာ ရှက်တတ်တဲ့ အမျိုးသမီးတွေကို ပိုပြီးလေးစား မြတ်နိုးကြတယ်ဆိုတဲ့ အဖြေထွက်ပေါ်ခဲ့ပါတယ်။ ဘာကြောင့် ရှက်တတ်သူတွေကို အမျိုးသားတွေ သဘောကျရသလဲဆိုတာကို Shwemom က ဖော်ပြပေးလိုက်ပါတယ်။
(၁) ဒဏ္ဍာရီဆန်ခြင်း
ရှက်တတ်တဲ့ မိန်းကလေးတွေဟာ လူကြားသူကြားထဲမှာ ထင်ပေါ်မှု နည်းပါတယ်။ အများအားဖြင့်တော့ အိမ်ထဲမှာသာ ကုပ်နေတတ်ကြလို့ အိမ်တွင်းပုန်း မင်းသမီးလေးတွေလို့တောင် ခေါ်ကြပါတယ်။ ဒီတော့ သူတို့အကြောင်းကို တစ်ခြားသူတွေလောက် မသိကြပါဘူး။ လူဆိုတာ မသိရတာကိုမှ သိရအောင် ကြိုးစားချင်တဲ့ သဘောပါ။
(၂) နှလုံးသားကို ရိုက်ခက်စေတယ်
သင့်ရဲ့ ရှက်ကိုးရှက်ကန်း အပြုအမူတိုင်းဟာ ပုရိသတွေကို ရိုက်ခတ်စေမှာ မလွဲပါဘူး။ အရှက်တရားဆိုတာ အမျိုးသမီးတိုင်းမှာ ရှိသင့်တဲ့ လောကပါလတရားပါဘဲ။ အရှက်တရားဟာ အမျိုးသမီးတစ်ယောက်အတွက် အိနြေ္ဒကို ဖြစ်စေပါတယ်။ ပုရိသတွေကလည်း ဒီလို အိနြေ္ဒရှိတာကိုပဲ သဘောကျကြတာပါ။
စောစောက ပြောခဲ့သလို၊ အရှက်တရားဟာ အမျိုးသမီးတစ်ယောက်အတွက် မရှိမဖြစ် အဆင်တန်ဆာ ဖြစ်ပါတယ်။ အမျိုးသမီးဆိုတာ အရှက်မဲ့လေ၊ ရှိရင်းစွဲ တန်ဖိုးတွေက ဆုတ်ယုတ်လေလို့ ဆိုကြပါတယ်။ အမျိုးသမီးတွေကို မိန်းမပိုပြီး ပီသစေတာကလည်း အရှက်တရားပါဘဲ။
(၄) စိတ်ဓာတ်တက်ကြွမှုကို ဖြစ်စေတယ်
သင့်ရဲ့ မ၀ံ့မရဲဖြစ်မှုတွေဟာ သင့်ချစ်သူကို စာနာစိတ်နဲ့ သတ္တိတွေ မွေးဖွားစေပါတယ်။ သူဟာ သင့်ကြောင့် ယောက်ျားပိုဆန်မှုနဲ့ အရာရာကို အလေးထား တာဝန်ယူစိတ်ကို ဖြစ်စေပါတယ်။
(၅) ပိုပြီး ယုံကြည်လေးစားရတယ်
အရှက်တရား လက်ကိုင်ထားသူတွေမှာ တစ်ခြားလူတွေထက် ပိုမိုသာလွန်တဲ့ ကိုယ်ကျင့်သိက္ခာ ရှိတယ်လို့ ဆိုရမှာပါ။ ဟိရီသြတပ္ပ-ဆိုတဲ့ အရှက်အကြောက်တရားဟာ သင့်တော်မှန်ကန်တာတွေကို လုပ်ရမှာ မရှက်ခြင်း၊ မသင့်တော်တာ တွေ မကောင်းမှုတွေကို လုပ်ဖို့ ကြောက်ရွံ့ခြင်းလို့ အဓိပ္ပါယ်ရလို့ပါ။
source : herinterest.com

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...