စင်္ကာပူကို ကျော်တက်မယ်ဆိုတာ ဒီလို စိတ်ဓာတ်တွေနဲ့လား ?


( စင်္ကာပူကို ကျော်တက်မယ်ဆိုတာ ဒီလို စိတ်ဓာတ်တွေနဲ့လား ? 😀😂😂 ဖြစ်ဦးမှာပါ )
ဒါလေးတွေလည်းပြင်ကြရအုံးမယ်
ခုတလောရာသီဥတုအရမ်းပူလို့ ရွှေတိဂုံဘုရားကို လာရောက်ဖူးမျှော်ကြတဲ့ သံဃာတော်များ၊ လူများ နေမပူရအောင်၊ မိုးရွာတဲ့အခါကျရင်လည်း အဆင်ပြေအောင်ဆိုပြီး ရန်ကုန်မှာရှိတဲ့ အမက ထီးအချောင်း ၄၀၀ လုပ်ပြီးသွားလှူခဲ့တယ်။
လှူဒါန်းပြီး နောက်နေ့အခြေအနေသွားကြည့်တယ်။ အလှူအောင်မြင်တယ်ပဲ ပြောရမလားမသိဘူး ၂၄ နာရီမပြည့်ခင်မှာပဲ ထီးအချောင်း ၄၀၀ လှူဒါန်းထားတာ ထီးအချောင်း ၁၆၀ ပဲကျန်တယ် ၂၄၀ မရှိတော့ဘူးတဲ့။
ကဲ ဘယ်လိုလုပ်ကြမလဲ...
ထီးမှာ ရွှေတိဂုံစေတီတော်လို့လည်း ရေးထိုးထားတယ်။ လှူဒါန်းသူနာမည်လည်း ရေးထိုးထားတယ်။ ဒါကို ခုလိုပျောက်တယ်ဆိုတော့။
ငါးပါးသီလယူတယ်။ ထပြန်တော့ ဖိနပ်မရှိတော့ဘူးဆိုသလိုဖြစ်နေပြီ။
မေ့ပါသွားကြတဲ့သူလည်းရှိနိုင်သလို။ ရွှေတိဂုံဘုရားရောက်အမှတ်တရ လက်ဆောင်ပေးတယ်များမှတ်ပြီး ယူသွားကြတာများလား 😄😅😝
ဒါလေးတွေလည်း ကျွန်တော်တို့ ပြင်ဖို့လိုပါတယ်
သဒ္ဓါမပျက်ပါဘူး။ နောက်ထပ် အချောင်း ၄၀၀ ထပ်မှာပြီး သွားလှူကြည့် အုံးမယ်တဲ့။ ဟုတ်ကဲ့ အခြေအနေပြန်ပြောပြပါမယ်ခင်ဗျ....
- ကျော်ကြီး(MDY)
Credit - Kyaw Naing Win





Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...