တစ်ခါတစ်လေ အတိတ်ကို ပြန်သွားတိုင်း လွမ်းမိပါရဲ့ ။ ။ ။


အသက် ၁၅ နှစ်လောက်မှာ ချစ်ခြင်းတရားက ဖြူစင်တယ်။သစ်လွင်တယ်။အရောင်အဆင်းကင်းမဲ့တယ်။ ဆယ်တန်းကျောင်းသား ဘဝ ရင်ခုန်သံ ဆိုတာ ကော်ရစ်တာ ထောင့်မှာ မထင်မှတ်တဲ့ တွေ့ဆုံမှုမျိုးဖြစ်သည်။
အဖြူအစိမ်း ကျောင်းဝတ်စုံ ချင်းတူရင်တောင် သူမ က ပိုလှနေတက်သလိုမျိုး။တစ်ခန်းတည်းအတူတူ တက်ရပြီး အသင်းတူတဲ့ ရင်ခုန်သံမျိုးပါ။ ဆူညံသလောက် နှူးညံ့တယ်။ကိုယ်က အတန်းထဲ ဟာသတွေ ပြောချိန် သူမ အပြုံး ကို စောင့်ဖမ်းယုံ ရင်ခုန်တာ။သူမ ကျောင်းလာချိန် ခိုးငေးယုံ ရင်ခုန်တာ။
ဟင်းတူတဲ့နေ့ပျော်ရွှင်တယ်။လပတ်စာမေးပွဲ မှာ ဘာသာရပ်တစ်ခုခု အမှတ်တူရင်ပျော်ရွှင်တယ်။ ကိုယ့်အသင်းထဲ သူပါလို့ ကထိန်အတွက် ငွေစုရတာပျော်ရွှင်တယ်။အလှည့်ကျ အသင်း သန့်ရှင်းရေးလုပ်တိုင်း သူက နာမည်ခေါ်ပြီး ရေအိုးဖြည့်ခိုင်းတိုင်း ပျော်ရွှင်တယ်။သူမ တံမြက်စည်း လှည်းလို့ အမှိုက်ကျုံးရရင် ပျော်ရွှင်တယ်။ ဆယ်ကျော်သက် အချစ်ဆိုတာ မထင်မှတ်ပဲ မျက်ဝန်းချင်းဆုံရင်တောင် အိမ်မက်တွေ မက်ပစ်တာ။
ကိုယ်က စာတစ်လုံးမှ မရတောင် သူမ စာမေးပွဲ မဖြေနိုင်မှာစိုးရိမ်တယ်။သူမ ကျောင်းနောက်ကျ ရင်စိတ်ပူတယ်။သူမ ကျောင်းမတက်တဲ့နေ့တွေက အကြာရှည်ဆုံး အချိန်တွေပေါ့။ မလာမှန်း သိတယ်။ရှိနေမလားလို့ သူမ ထိုင်နေကျ ခုံလေးကို ခိုးငေးရတဲ့ feel က မိုက်တယ်။သူမ သောကြာနေ့ မျိုး ကျောင်းမလာရင် ပိုခံစားရတယ်။စနေ တနင်္ဂနွေနေ့တွေမှာ တွေ့ဖို့မလွယ်တော့ဘူးလေ။ ကျောင်းဆင်းတာနဲ့ စက်ဘီးလေးစီး သူမ ရပ်ကွက်ထဲကို ရင်ခုန်သံ ဝိုင်းဒိုင်းကြဲပြီး သွားရတယ်။ တစ်ခါ နဲ့ မတွေ့ရင် နှစ်ခါ ပါတ်ပြီး စက်ဘီးစီးရတယ်။တွေ့တော့လဲ ပြုံးပြမိလား ရုပ်တည်နေလား မသဲကွဲဘူး။ ဆယ်တန်းဘဝ ရင်ခုန်သံတွေက အရမ်းရိုးစင်း လွန်းတယ်။
နိုင်ငံတော် သီချင်း ဆိုရင်တောင် ကိုယ် က သူ့ရှေ့မှာ တန်းစီလိုက်ရမှ။ကျောင်းဆင်းချိန်မျိုးသူနဲ့ လုပြီး အခန်းအပြင်ထွက်လိုက်ရမှ။ သူမ နောက်က လိုက်ရင်း ဟာသ တွေ ပြောရင်း သူမ အိမ်ပြန်ချိန် ခရီးတွေချုံ့ပေး လိုက်ရမှ။ဖျက်ကနဲ့ လှည့်ကြည့်တဲ့ အကြည့်တွေကိုတော့ အမိအရ သိမ်းထား နိုင်ခဲ့ဖူးတယ်။သူမ အတွက် ရည်ရွယ်ပြီး ခေါက် ထားတဲ့ စက္ကူကြယ်လေးတွေ။ ရင်ခုန်သံ ကို ဘာသာပြန်ထားတဲ့ စာ တစ်ချို့ရယ်။ မိုးကုန်လို့ ဆောင်းသာ ကူးသွားတယ် လွယ်အိတ်လေးထဲမှာ ငြိမ်သက်နေတုန်း။ ထူးအယ်လင်းရဲ့ မင်းလေးနားလည် သီချင်း ကို ကက်ဆက် ထဲ ထည့်ပြီး လွမ်းမိတဲ့ ညတွေ။ရင်ဂိုရဲ့ ပိုင်ရှင်ပြန်လာရင် ဆိုတဲ့ သီချင်းနဲ့ feelခဲ့ရဖူးတယ်။ဘိုဘို ရဲ့ ချစ်သူ များရဲ့ မနက်ဖြန် သီချင်းကလဲ တစ်ချို့ ညတွေမှာ စာကျက် ပျက်စေသည်။
ဆောင်းမနက်ခင်း… အနွေးထည် အရောင်လေးများတူရင် ပျော်ရွှင်ခဲ့တာတွေ။ မိုးရာသီ သူ့ ထီး ကို ငှားဆောင်းခဲ့ရတာတွေ။ သူ့ကိုစနောက်ခဲ့ရတာတွေ။ သူ အပြုံး တွေ။ သူ့ရီသံတွေ။ တိုက်ဆိုင်တိုင်း လွမ်းတယ်။ပြန်ရမယ်ဆိုရင်တောင် ပြန်မလိုချင်တော့ဘူး။စိတ်တွေကမဖြူစင်တော့ဘူးလေ။ ရင်ခုန်သံတွေက မလတ်ဆပ်တော့ဘူး။ စိတ်ကူးတွေက မချိုမြိန်တော့ဘူး။အလွမ်းတွေက နစ်လိုဖွယ်ရာ မရှိတော့ဘူး။ အချစ် တွေကတော့ ဖြူစင်ကောင်း ဖြူစင်နိုင်ပါရဲ့။
#Oo_Nyo
#Credit_Original

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...