ေဖ့စ္ဘြတ္ခ္ေပၚ အျခားအမ်ိဳးသားႏွင့္ စကားေျပာသည့္ မိန္းကေလးကို ခ်စ္သူကသတ္


အတူေနခ်စ္သူ မိန္းကေလးက  တျခားအမ်ိဳးသားတဦးနဲ႔ ေဖ့စ္ဘြတ္ခ္ေပၚ စကားေျပာတဲ့အတြက္ သဝန္တိုၿပီး လူသတ္မႈ ျဖစ္ပြားခဲ့
ထိုင္းႏိုင္ငံ အေရွ႕ေျမာက္ပိုင္း ဆူရင္းခ႐ုိင္ထဲမွာ အတူေနခ်စ္သူ မိန္းကေလးက  တျခားအမ်ိဳးသားတဦးနဲ႔ ေဖ့စ္ဘြတ္ခ္ေပၚ စကားေျပာတဲ့အတြက္ သဝန္တိုၿပီး လူသတ္မႈ ျဖစ္ပြားခဲ့တယ္လို႔ ေခါင္ဆြတ္ထိုင္းသတင္းမွာ ေဖာ္ျပပါတယ္။
ဆူရင္းခ႐ုိင္ ဆီခ်ဳန္းဖုမ္းၿမိဳ႕နယ္ ေနာင္ဗိုရပ္ကြက္ထဲမွာ ၿပီးခဲ့တဲ့ ေမ ၁ ရက္ ည ၈ နာရီ အခ်ိန္က ဓားထိုးမႈျဖစ္ပြားေၾကာင္း သတင္းရရွိတဲ့အတြက္ လူနာတင္ယာဥ္နဲ႔အတူ အခင္းျဖစ္ေနအိမ္ကို သြားေရာက္စစ္ေဆးရာမွာ ဒဏ္ရာေတြနဲ႔ ေသြးအိုင္ထဲလဲေနတဲ့ အသက္ ၁၅ ႏွစ္ရြယ္ မိန္းကေလးတဦးကုိ ေတြ႔ရွိရတာလို႔ နယ္ေျမခံရဲစခန္း တာဝန္က် ဒု-ရဲမႉး အားခုမ္းခ်နေဖ့က သတင္းေထာက္ေတြကို ေျပာပါတယ္။
စစ္ေဆးခ်က္အရ မိန္းကေလးရဲ႕လည္ပင္းမွာ ျပတ္ရွရာရွိၿပီး ရင္ဘတ္နဲ႔ ဝမ္းဗိုက္မွာလည္း ထိုးသြင္းရာေတြရွိကာ တာဝန္ရွိသူေတြ ေရာက္သြားၿပီး မၾကာခင္ ေသဆံုးသြားတယ္လို႔ ဆိုပါတယ္။
အိမ္နီးနားခ်င္းေတြ ေျပာျပခ်က္အရ ေသဆံုးသူနဲ႔ သူ႔ရဲ႕ အတူေနခ်စ္သူ အမ်ိဳးသား ႏိုင္းဆန္ဆဒ္တို႔ဟာ အခင္းမျဖစ္ပြားခင္က အႀကီးအက်ယ္ စကားမ်ားခဲ့ၾကၿပီး အိမ္ကေန ေပ်ာက္သြားတယ္လို႔ ဆိုပါတယ္။
ရဲတပ္ဖြဲ႔က လူသတ္တရားခံကို စံုစမ္းရွာေဖြစဥ္မွာပဲ ေမ ၃ ရက္ေန႔မွာေတာ့ ႏုိင္းဆန္ဆဒ္ကိုယ္တိုင္ ရဲစခန္းကုိေရာက္လာၿပီး အဖမ္းခံခဲ့ပါတယ္။
ႏိုင္းဆန္ဆဒ္ရဲ႕ ဖြင့္ဟဝန္ခံခ်က္အရ ေသဆံုးသူ နန္းေဆာင္ပီး (၁၅ ႏွစ္) နဲ႔ သူဟာ ေဖ့စ္ဘြတ္ခ္မွာ ခ်စ္ႀကိဳက္ခဲ့ၿပီး အျပင္မွာ living together ေနေနတာ ၂ ႏွစ္ရွိၿပီျဖစ္ေၾကာင္း၊ သူဟာ တခါတရံ မိန္းကေလးအိမ္မွာသြားအိပ္ၿပီး မိန္းကေလးကလည္း တခါတရံ သူ႔အိမ္မွာ လိုက္အိပ္ေၾကာင္း၊ အခင္းျဖစ္တဲ့ေန႔က မိန္းကေလးက တျခားအမ်ိဳးသားတေယာက္နဲ႔ ေဖ့စ္ဘြတ္ခ္မွာ ခ်က္တင္ေျပာေနတာကို သဝန္တိုရာက စကားမ်ားၿပီး ေဒါသအေလ်ာက္ လူသတ္မိခဲ့ေၾကာင္း၊ အဲဒီေနာက္ သူ႔မိခင္ေနအိမ္မွာ သြားပုန္းေရွာင္ေနရာက ေနာင္တရလာတဲ့အတြက္ လာေရာက္အဖမ္းခံတာလို႔ ရဲစန္းမွာ ေျပာသြားပါတယ္။
ရဲစခန္းကေတာ့ ႏိုင္းဆန္ဆဒ္ကို လူသတ္မႈပုဒ္မနဲ႔ ဥပေဒအရ အေရးယူသြားမယ္လို႔ ဆိုပါတယ္။
http://burmese.dvb.no/archives/204710
Unicode
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဆူရင်းခရိုင်ထဲမှာ အတူနေချစ်သူ မိန်းကလေးက  တခြားအမျိုးသားတဦးနဲ့ ဖေ့စ်ဘွတ်ခ်ပေါ် စကားပြောတဲ့အတွက် သဝန်တိုပြီး လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ ခေါင်ဆွတ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဆူရင်းခရိုင် ဆီချုန်းဖုမ်းမြို့နယ် နောင်ဗိုရပ်ကွက်ထဲမှာ ပြီးခဲ့တဲ့ မေ ၁ ရက် ည ၈ နာရီ အချိန်က ဓားထိုးမှုဖြစ်ပွားကြောင်း သတင်းရရှိတဲ့အတွက် လူနာတင်ယာဉ်နဲ့အတူ အခင်းဖြစ်နေအိမ်ကို သွားရောက်စစ်ဆေးရာမှာ ဒဏ်ရာတွေနဲ့ သွေးအိုင်ထဲလဲနေတဲ့ အသက် ၁၅ နှစ်ရွယ် မိန်းကလေးတဦးကို တွေ့ရှိရတာလို့ နယ်မြေခံရဲစခန်း တာဝန်ကျ ဒု-ရဲမှူး အားခုမ်းချနဖေ့က သတင်းထောက်တွေကို ပြောပါတယ်။
စစ်ဆေးချက်အရ မိန်းကလေးရဲ့လည်ပင်းမှာ ပြတ်ရှရာရှိပြီး ရင်ဘတ်နဲ့ ဝမ်းဗိုက်မှာလည်း ထိုးသွင်းရာတွေရှိကာ တာဝန်ရှိသူတွေ ရောက်သွားပြီး မကြာခင် သေဆုံးသွားတယ်လို့ ဆိုပါတယ်။
အိမ်နီးနားချင်းတွေ ပြောပြချက်အရ သေဆုံးသူနဲ့ သူ့ရဲ့ အတူနေချစ်သူ အမျိုးသား နိုင်းဆန်ဆဒ်တို့ဟာ အခင်းမဖြစ်ပွားခင်က အကြီးအကျယ် စကားများခဲ့ကြပြီး အိမ်ကနေ ပျောက်သွားတယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့က လူသတ်တရားခံကို စုံစမ်းရှာဖွေစဉ်မှာပဲ မေ ၃ ရက်နေ့မှာတော့ နိုင်းဆန်ဆဒ်ကိုယ်တိုင် ရဲစခန်းကိုရောက်လာပြီး အဖမ်းခံခဲ့ပါတယ်။
နိုင်းဆန်ဆဒ်ရဲ့ ဖွင့်ဟဝန်ခံချက်အရ သေဆုံးသူ နန်းဆောင်ပီး (၁၅ နှစ်) နဲ့ သူဟာ ဖေ့စ်ဘွတ်ခ်မှာ ချစ်ကြိုက်ခဲ့ပြီး အပြင်မှာ living together နေနေတာ ၂ နှစ်ရှိပြီဖြစ်ကြောင်း၊ သူဟာ တခါတရံ မိန်းကလေးအိမ်မှာသွားအိပ်ပြီး မိန်းကလေးကလည်း တခါတရံ သူ့အိမ်မှာ လိုက်အိပ်ကြောင်း၊ အခင်းဖြစ်တဲ့နေ့က မိန်းကလေးက တခြားအမျိုးသားတယောက်နဲ့ ဖေ့စ်ဘွတ်ခ်မှာ ချက်တင်ပြောနေတာကို သဝန်တိုရာက စကားများပြီး ဒေါသအလျောက် လူသတ်မိခဲ့ကြောင်း၊ အဲဒီနောက် သူ့မိခင်နေအိမ်မှာ သွားပုန်းရှောင်နေရာက နောင်တရလာတဲ့အတွက် လာရောက်အဖမ်းခံတာလို့ ရဲစန်းမှာ ပြောသွားပါတယ်။
ရဲစခန်းကတော့ နိုင်းဆန်ဆဒ်ကို လူသတ်မှုပုဒ်မနဲ့ ဥပဒေအရ အရေးယူသွားမယ်လို့ ဆိုပါတယ်။

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...