ေဗဒင္ဆရာမ အီးတီက ေသဒဏ္က် ၀င္းႏွင့္ေဇာ္ကုိ လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးရန္ အသနားခံစာေပးပုိ႔


လိပ္ကြၽန္းလူသတ္မႈ ေၾကာင့္ ေသဒဏ္အျပစ္ေပးခံ ထားရေသာ ျမန္မာလုပ္သားႏွစ္ဦး ကုိ အျပစ္မွ လြတ္ၿငိမ္းခ်မ္းသာခြင့္ ေပးရန္ ထုိင္းလူမ်ိဳးမ်ား ယုုံၾကည္ အားထားေသာ အၾကားအျမင္ ဆရာမအီးတီက ျမန္မာႏုိင္ငံဆုိင္ ရာ ထုိင္းသံအမတ္ႀကီးႏွင့္ ေတြ႕ ဆုံၿပီး ထုိင္းဘုရင္ထံ အသနားခံ စာ ေပးပုိ႔ခဲ့သည္။ေမလ ၃ရက္ ေန႔လယ္တြင္ အၾကားအျမင္ဆရာအီးတီ (ခ) ေဒၚေဆြေဆြ၀င္းသည္ ျမန္မာ လုပ္သားႏွစ္ဦး အေရးႏွင့္ပတ္ သက္၍ ထုိင္းဘုရင္ထံ အသနား ခံစာ ေပးပုိ႔ေတာင္းဆုိသည့္စာကုိ ထုိင္းသံအမတ္ႏွင့္ သြားေရာက္ ေတြ႕ဆုံၿပီး ေပးပုိ႔ခဲ့သည္။
‘‘သံ႐ုံးထဲကုိ ၀င္ေရာက္လာ တာကေတာ့ ဆရာမႀကီးရယ္၊ ဆရာမႀကီးရဲ႕ ညီမရယ္၊ ေနာက္ ၿပီးသူ႕ရဲ႕တူ သ႐ုပ္ေဆာင္စည္ၿဖိဳး၊ ေနာက္ သူ႕တူတစ္ေယာက္ရယ္။ ေနာက္ၿပီး ကြၽန္ေတာ့္ရဲ႕အမ်ိဳးသ မီးမရည္မြန္ရယ္ သူတို႔ေတြ သြား ၾကတာေပါ့။ သံအမတ္ႀကီးရယ္၊ သံအမတ္ကေတာ္ရယ္ေတြ႕ၾက တာေပါ့။ေနာက္ၿပီး ကိုထူးခ်စ္တို႔ နဲ႔တိုင္ပင္ထားတဲ့အတိုင္းပဲ လက္ ရွိ ဘုရင္ရဲ႕ဓာတ္ပံုကို ယူသြား တယ္။ ေမတၱာပို႔ေပးတယ္ေပါ့ ေနာ္။ ေနာက္ၿပီးဘုရင္ကလည္း ျမန္မာျပည္သူျပည္သားေတြအ ေပၚမွာ ေမတၱာထားဖို႔အတြက္ကို လည္း ဆရာမက ေမတၱာပို႔ပါ တယ္ဆုိတဲ့  အေၾကာင္းေတြကို လည္း ေျပာျပတယ္’’ ဟု ေမလ ၃ ရက္က ထုိင္းသံအမတ္ႀကီးႏွင့္ သြြားေရာက္ေတြ႕ဆံုရာတြင္ပါဝင္ သူကိုမ်ိဳး (ျမန္မာစာ)က ေျပာ ၾကားသည္။

‘‘ကြၽန္ေတာ့္အေဒၚေဗဒင္ဆ ရာမႀကီးအီးတီက ထိုင္းလူမ်ိဳးေတြ နဲ႔ ေတာက္ေလွ်ာက္ပတ္သက္ခဲ့ရ တာပဲေလ။အဲဒါေၾကာင့္မို႔ထုိင္း ႏိုင္ငံၿပီးေတာ့ ျမန္မာႏိုင္ငံအတြက္ ေရာ၊ ထုိင္းအတြက္ေရာဝမ္းနည္း တဲ့အထိမ္းအမွတ္နဲ႔ပဲ သြားတာပဲ ေလ။ ေနာက္ဆက္တြဲျပႆနာ ေတြမေပးေအာင္လို႔ဆိုၿပီးျဖစ္တာ ေလ။ ျမန္မာျပည္သူျပည္သားအ ေနနဲ႔၊ ဆရာမႀကီးအေနနဲ႔ျမန္မာ ျပည္သူႏွစ္ေယာက္အလကားေန ရင္းအသတ္ခံရမယ့္ကိစၥကိုဒီလိုပဲ ဘာအတြက္ေၾကာင့္မွ မလိုဘူး၊ ဝမ္းနည္းတဲ့သူတိုင္း ခံစားရပါ တယ္’’ ဟု ျမန္မာလုပ္သား ႏွစ္ဦး အတြက္ အသနားခံစာသြားေရာက္ေပးပို႔ရာတြင္ ပါဝင္သူ သ႐ုပ္ေဆာင္စည္ၿဖိဳးက ေျပာသည္။
ျမန္မာလူမ်ိဳးမ်ားသည္ ယင္း အမႈ၏ ေနာက္ဆံုးအဆံုးအျဖတ္ အေပၚတရားဥပေဒႏွင့္အညီဆံုး ျဖတ္အျပစ္ထုတ္ျပန္ေၾကညာ မည္ဟု မ်ားစြာေမွ်ာ္လင့္ခ်က္ထား ေစာင့္စားေနသည္ဟု အသနားခံ စာတြင္ ထည့္သြင္းေရးသားထားသည္။
ထိုင္းႏွင့္ျမန္မာလူမ်ိဳးမ်ား၏ အနာဂတ္စိုးရိမ္ေၾကာင့္ၾကမႈမ်ား မရွိေစရန္ သႀကၤန္ေရကစားပြဲ ေတာ္အၿပီး ႏွစ္ဆန္းတစ္ရက္ေန႔ မွသည္ ကုိးရက္တိုင္တိုင္ ထိုင္း ႏိုင္ငံရွိ တန္ခိုးႀကီးဘုရားမ်ားသို႔ လွည့္လည္ဖူးေျမာ္ ဆုေတာင္း ေမတၱာပို႔သခဲ့ေၾကာင္း  ယင္းအသ နားခံစာတြင္ ဆရာမအီးတီက ထည့္သြင္းေရးသားထားသည္။
ထို႔အျပင္ အရွင္မင္းျမတ္ႏွင့္ သက္ဆုိင္ရာမွ ထိုင္းအာဏာပိုင္ မ်ားကုိ ထိုင္းႏုိင္ငံႏွင့္ျမန္မာႏိုင္ငံ သားမ်ားကုိယ္စား ကြၽန္မအေန ျဖင့္ျမန္မာေရႊ႕ေျပာင္းလူငယ္ႏွစ္ဦးတို႔ကုိ အသက္ခ်မ္းသာခြင့္ ေပးပါရန္ အသနားခံစာေတာင္း ဆိုခဲ့မႈကို လက္ခံစဥ္းစားေပးပါရန္ ႏွင့္႐ိုးသားစြာ ေက်းဇူးတင္ရွိပါ ေၾကာင္း ဆရာမအီးတီကေရးသား ေတာင္းဆိုထားသည္။
 ‘‘ဆရာမအီးတီကအၾကား အျမင္ရတဲ့ ဆရာမႀကီးျဖစ္တယ္။ ထိုင္းႏုိင္ငံက ဗိုလ္ခ်ဳပ္ႀကီးေတြ ေရာ၊ စီးပြားေရးလုပ္ငန္းရွင္ေတြ ေရာ တကယ့္ကို္ ေလးစားရတဲ့ ဆရာမႀကီးျဖစ္တယ္။ သူကတ ကယ့္ကို ထုိင္းမွာေလးစားရတဲ့ ဆရာမႀကီးျဖစ္တယ္။ ဆရာမႀကီး ကဒီလုိေတာင္းဆိုလိုက္ေတာ့ အ မႈအတြက္တကယ္ကိုထူးျခားႏိုင္ တယ္။ အမႈအတြက္တကယ္ကို အက်ိဳးရွိႏိုင္တယ္။ ထိုင္းတစ္ႏိုင္ငံ လံုးက   ဆရာမႀကီးကို ေလးစား ၾကတယ္ေပါ့။ အခုထိုင္းသံအ မတ္ႀကီးကအသနားခံစာေပးတာ ကို ဘုရင္ႀကီးထံေပးပို႔ေပးမယ္ လို႔ ေျပာၾကားလိုက္တယ္လို႔ သိရ ပါတယ္’’ ဟု ျမန္မာလုပ္သား ႏွစ္ဦးအေရးေဆာင္ရြက္ေပးေန ေသာ ျမန္မာသံ႐ံုးအထူးအဖြဲ႕မွ ဦးထူးခ်စ္ကေျပာသည္။
  လိပ္ကြၽန္းလူသတ္မႈျဖင့္ ေသဒဏ္က်ခံေနရေသာ ေဇာ္ လင္းႏွင့္ဝင္းေဇာ္ထြန္းတို႔အတြက္ အယူခံတင္သြင္းမႈကို ထုိင္းအစိုးရ ကေမလ ၂၃ ရက္အထိ အခ်ိန္ တစ္လထပ္မံတိုးထားရာ ေနာက္ ဆံုးအယူခံကို ေမလအတြင္းထိုင္း ႏိုင္ငံဗဟိုတရား႐ံုးခ်ဳပ္သို႔တင္ သြင္းမည္ဟု ျမန္မာသံ႐ံုးအထူးအ ဖြဲ႕၏ ေရွ႕ေနဦးေအာင္မ်ိဳးသန္႔က ေျပာသည္။
thadinatin.com
Unicode
လိပ်ကျွန်းလူသတ်မှု ကြောင့် သေဒဏ်အပြစ်ပေးခံ ထားရသော မြန်မာလုပ်သားနှစ်ဦး ကို အပြစ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးရန် ထိုင်းလူမျိုးများ ယုံကြည် အားထားသော အကြားအမြင် ဆရာမအီးတီက မြန်မာနိုင်ငံဆိုင် ရာ ထိုင်းသံအမတ်ကြီးနှင့် တွေ့ ဆုံပြီး ထိုင်းဘုရင်ထံ အသနားခံ စာ ပေးပို့ခဲ့သည်။မေလ ၃ရက် နေ့လယ်တွင် အကြားအမြင်ဆရာအီးတီ (ခ) ဒေါ်ဆွေဆွေဝင်းသည် မြန်မာ လုပ်သားနှစ်ဦး အရေးနှင့်ပတ် သက်၍ ထိုင်းဘုရင်ထံ အသနား ခံစာ ပေးပို့တောင်းဆိုသည့်စာကို ထိုင်းသံအမတ်နှင့် သွားရောက် တွေ့ဆုံပြီး ပေးပို့ခဲ့သည်။
‘‘သံရုံးထဲကို ဝင်ရောက်လာ တာကတော့ ဆရာမကြီးရယ်၊ ဆရာမကြီးရဲ့ ညီမရယ်၊ နောက် ပြီးသူ့ရဲ့တူ သရုပ်ဆောင်စည်ဖြိုး၊ နောက် သူ့တူတစ်ယောက်ရယ်။ နောက်ပြီး ကျွန်တော့်ရဲ့အမျိုးသ မီးမရည်မွန်ရယ် သူတို့တွေ သွား ကြတာပေါ့။ သံအမတ်ကြီးရယ်၊ သံအမတ်ကတော်ရယ်တွေ့ကြ တာပေါ့။နောက်ပြီး ကိုထူးချစ်တို့ နဲ့တိုင်ပင်ထားတဲ့အတိုင်းပဲ လက် ရှိ ဘုရင်ရဲ့ဓာတ်ပုံကို ယူသွား တယ်။ မေတ္တာပို့ပေးတယ်ပေါ့ နော်။ နောက်ပြီးဘုရင်ကလည်း မြန်မာပြည်သူပြည်သားတွေအ ပေါ်မှာ မေတ္တာထားဖို့အတွက်ကို လည်း ဆရာမက မေတ္တာပို့ပါ တယ်ဆိုတဲ့  အကြောင်းတွေကို လည်း ပြောပြတယ်’’ ဟု မေလ ၃ ရက်က ထိုင်းသံအမတ်ကြီးနှင့် သွားရောက်တွေ့ဆုံရာတွင်ပါဝင် သူကိုမျိုး (မြန်မာစာ)က ပြော ကြားသည်။
‘‘ကျွန်တော့်အဒေါ်ဗေဒင်ဆ ရာမကြီးအီးတီက ထိုင်းလူမျိုးတွေ နဲ့ တောက်လျှောက်ပတ်သက်ခဲ့ရ တာပဲလေ။အဲဒါကြောင့်မို့ထိုင်း နိုင်ငံပြီးတော့ မြန်မာနိုင်ငံအတွက် ရော၊ ထိုင်းအတွက်ရောဝမ်းနည်း တဲ့အထိမ်းအမှတ်နဲ့ပဲ သွားတာပဲ လေ။ နောက်ဆက်တွဲပြဿနာ တွေမပေးအောင်လို့ဆိုပြီးဖြစ်တာ လေ။ မြန်မာပြည်သူပြည်သားအ နေနဲ့၊ ဆရာမကြီးအနေနဲ့မြန်မာ ပြည်သူနှစ်ယောက်အလကားနေ ရင်းအသတ်ခံရမယ့်ကိစ္စကိုဒီလိုပဲ ဘာအတွက်ကြောင့်မှ မလိုဘူး၊ ဝမ်းနည်းတဲ့သူတိုင်း ခံစားရပါ တယ်’’ ဟု မြန်မာလုပ်သား နှစ်ဦး အတွက် အသနားခံစာသွားရောက်ပေးပို့ရာတွင် ပါဝင်သူ သရုပ်ဆောင်စည်ဖြိုးက ပြောသည်။
မြန်မာလူမျိုးများသည် ယင်း အမှု၏ နောက်ဆုံးအဆုံးအဖြတ် အပေါ်တရားဥပဒေနှင့်အညီဆုံး ဖြတ်အပြစ်ထုတ်ပြန်ကြေညာ မည်ဟု များစွာမျှော်လင့်ချက်ထား စောင့်စားနေသည်ဟု အသနားခံ စာတွင် ထည့်သွင်းရေးသားထားသည်။
ထိုင်းနှင့်မြန်မာလူမျိုးများ၏ အနာဂတ်စိုးရိမ်ကြောင့်ကြမှုများ မရှိစေရန် သင်္ကြန်ရေကစားပွဲ တော်အပြီး နှစ်ဆန်းတစ်ရက်နေ့ မှသည် ကိုးရက်တိုင်တိုင် ထိုင်း နိုင်ငံရှိ တန်ခိုးကြီးဘုရားများသို့ လှည့်လည်ဖူးမြော် ဆုတောင်း မေတ္တာပို့သခဲ့ကြောင်း  ယင်းအသ နားခံစာတွင် ဆရာမအီးတီက ထည့်သွင်းရေးသားထားသည်။
ထို့အပြင် အရှင်မင်းမြတ်နှင့် သက်ဆိုင်ရာမှ ထိုင်းအာဏာပိုင် များကို ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံ သားများကိုယ်စား ကျွန်မအနေ ဖြင့်မြန်မာရွှေ့ပြောင်းလူငယ်နှစ်ဦးတို့ကို အသက်ချမ်းသာခွင့် ပေးပါရန် အသနားခံစာတောင်း ဆိုခဲ့မှုကို လက်ခံစဉ်းစားပေးပါရန် နှင့်ရိုးသားစွာ ကျေးဇူးတင်ရှိပါ ကြောင်း ဆရာမအီးတီကရေးသား တောင်းဆိုထားသည်။
 ‘‘ဆရာမအီးတီကအကြား အမြင်ရတဲ့ ဆရာမကြီးဖြစ်တယ်။ ထိုင်းနိုင်ငံက ဗိုလ်ချုပ်ကြီးတွေ ရော၊ စီးပွားရေးလုပ်ငန်းရှင်တွေ ရော တကယ့်ကိ်ု လေးစားရတဲ့ ဆရာမကြီးဖြစ်တယ်။ သူကတ ကယ့်ကို ထိုင်းမှာလေးစားရတဲ့ ဆရာမကြီးဖြစ်တယ်။ ဆရာမကြီး ကဒီလိုတောင်းဆိုလိုက်တော့ အ မှုအတွက်တကယ်ကိုထူးခြားနိုင် တယ်။ အမှုအတွက်တကယ်ကို အကျိုးရှိနိုင်တယ်။ ထိုင်းတစ်နိုင်ငံ လုံးက   ဆရာမကြီးကို လေးစား ကြတယ်ပေါ့။ အခုထိုင်းသံအ မတ်ကြီးကအသနားခံစာပေးတာ ကို ဘုရင်ကြီးထံပေးပို့ပေးမယ် လို့ ပြောကြားလိုက်တယ်လို့ သိရ ပါတယ်’’ ဟု မြန်မာလုပ်သား နှစ်ဦးအရေးဆောင်ရွက်ပေးနေ သော မြန်မာသံရုံးအထူးအဖွဲ့မှ ဦးထူးချစ်ကပြောသည်။
  လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ကျခံနေရသော ဇော် လင်းနှင့်ဝင်းဇော်ထွန်းတို့အတွက် အယူခံတင်သွင်းမှုကို ထိုင်းအစိုးရ ကမေလ ၂၃ ရက်အထိ အချိန် တစ်လထပ်မံတိုးထားရာ နောက် ဆုံးအယူခံကို မေလအတွင်းထိုင်း နိုင်ငံဗဟိုတရားရုံးချုပ်သို့တင် သွင်းမည်ဟု မြန်မာသံရုံးအထူးအ ဖွဲ့၏ ရှေ့နေဦးအောင်မျိုးသန့်က ပြောသည်။

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...