သုသာန် တွင် အမျိုးအမည်မသိ အရွယ်အစားကြီးမားသည့် ဥကြီး တစ်လုံး တွေ့ရှိ


တာချီလိတ်မြို့မသုသာန်တွင် သန့်ရှင်းရေး ပြုလုပ်နေသူ ကိုသက်ဆိုသူက သုသာန်ရေမြောင်း ပိန်းပင်များကြားတွင် အရွယ်အစား ကြီးမားပြီး အမျိုးအစား မသိရသည့် ဥကြီး တစ်လုံးအား မေလ(၈)ရက်နေ့ နံနက်ပိုင်းက တွေ့ရှိရကြောင်း သိရသည်။
..
“ဥကတော့ တော်တော်ကြီးတယ်။ မနေ့က မိုးအရမ်းရွာပြီး တောင်ပေါ်က ပါလာပြီးတော့ ဒီနေ့ သင်္ချိုင်းနား သန့်ရှင်းရေးလုပ်ကြရင်း ဒီဥကိုတွေ့တယ်။ ဥက မြစ်တွေ၊ ချောင်းတွေမှာ ငါးတွေလိုက်စားတဲ့ ငန်းမြွေဥ အမျိုးအစားပဲ။”ဟု သုသာန်တွင် မီးရှို့အုတ်ခုံလှူဒါန်း ဆောက်လုပ်ပေးနေသည့် မေတ္တာရှင် သာရေး/နာရေး ကူညီမှုအသင်းမှ ဦးရန်အောင်က ပြောသည်။
..
အဆိုပါ ဥ သည် မည်သည့် ဥဖြစ်ကြောင်း အတိအကျ မသိနိုင်သော်လည်း အရွယ်အစားမှာ အမြင့် (၁၆)စင်တီမီတာ၊ လုံးပတ် (၄၀)စင်တီမီတာ ရှိကြောင်း သိရသည်။
..
ဓာတ်ပုံ – စိုးကျော်အောင်
Ref : TachileikNewsAgency

Credit: Asoeson

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...