ကုိယ္႔ခ်စ္သူရဲ႕ ေနာက္ေၾကာင္းကုိ မသိပဲ လင္မယားလိုအတူေနသင္႔ျပီလား

သမီးရည္းစား အတူေနၾကတာဟာ ယဥ္ေက်းမႈ တစ္ခုလို ျဖစ္ေနတာေတြ႕ရတယ္။ အဲဒီယဥ္ေက်းမႈဟာ 

HIV ပ်ံ႕ႏွံ႔ မႈအေပၚ ဘယ္ေလာက္အထိ သက္ေရာက္ေစပါသလဲ။
သမီးရည္းစား အတူေနၾကတယ္ဆုိတာ ဟိုအရင္တုန္းကေတာ့ ဒါဟာ ရွက္စရာ အလုပ္တစ္ခု ျဖစ္တယ္။ လူသိခံရမွာလည္း ေၾကာက္ၾကတယ္။ ဒီလို ျဖစ္ဖို႔လည္း ခဲယဥ္းတယ္။ အေျခအေနလည္း မေပးေသးဘူးေပါ့။ ဒါေပမဲ့ ခု ေနာက္ပိုင္းကေတာ့ ဒါဟာ ရွက္စရာ မဟုတ္ဘူးလို႔ ထင္လာတာေလးေတြ လည္းပါတယ္။ အေျခအေနကလည္း အေၾကာင္းေၾကာင္းေတြ ပ့ံပိုးတယ္ လြတ္လြတ္လပ္လပ္ေတြ ျဖစ္လာၾကတာ လည္းပါတယ္။ အဲဒါေၾကာင့္ ဒါဟာ လူငယ္ေတြၾကား မွာ ေတာ္ေတာ္ေလး ပ်ံ႕ပ်ံ႕ႏွံ႔ႏွံ႔ ျဖစ္ေနတယ္ဆုိတာကို ေတြ႕တယ္၊ ျမင္တယ္၊ ၾကားတယ္၊ သိတယ္ဆုိ information က တစ္ဆင့္ သိရတာ။ ဒါေပမဲ့ တကယ့္ တကယ္မွာ အေထာက္အထား တိတိက်က်ရိွလား ဆုိရင္လည္း မရိွဘူးေလ။ ဒါမ်ိဳးက စာရင္းဇယား ေကာက္ထားတာမ်ဳိး မဟုတ္ပဲ။ ဘာပဲ ေျပာေျပာ ျမင္ေတြ႕ေနရတဲ့ ဟာေတြမွာေတာ့ ဒီလိုမ်ဳိးရိွတယ္ ဆုိတာ သိတယ္။ အဲဒီေတာ့ အဲဒီလိုဟာမ်ဳိးက်ေတာ့ ဘာေတြ ျဖစ္လာလဲဆိုေတာ့ သမီးရည္းစား အိမ္ေထာင္မက်ေသးခင္ အတူတူေန ၾကတဲ့အခါမွာ ျဖစ္လာႏိုင္တဲ့ ေနာက္ ဆက္တြဲေတြမွာေတာ့ ႏွစ္ခုပဲ ရိွတယ္။
တစ္ခုက ဘာလဲဆုိေတာ့ အိမ္ေထာင္ မက်ခင္ တရားဝင္ မျဖစ္ေသးခင္မွာကို မေမွ်ာ္လင့္ဘဲနဲ႔ ကိုယ္ဝန္ ရသြားတာ။ ေနာက္တစ္ခုက ဘာလဲဆုိေတာ့ သမီးရည္းစား အခ်င္းခ်င္း ဆုိေသာ္လည္းပဲ၊ မိန္းကေလး က ေယာက်္ားေလး အေၾကာင္း တစ္ခါတေလမွာ ျပည့္ျပည့္စံုစံု မသိ ႏိုင္တာျဖစ္ႏုိင္တယ္။ ေယာက်္ားေလးက လည္းမိန္း ကေလး အေၾကာင္း ျပည့္ျပည့္ စံုစံု မသိႏုိင္တာဆုိရင္ သူ႕ရဲ႕ေနာက္ေၾကာင္း ရာဇဝင္သူသည္ ဘယ္လိုလူ မ်ဳိးလဲ ကိုယ့္အျပင္ တျခားတဲြတဲ့ လူရိွသလား ဆုိတာေတြ အေပၚမွာ HIV ရိွ သလားဆုိတာေတြ ရိွလာႏုိင္တယ္။ ဘယ္လုိပဲျဖစ္ျဖစ္ သတ္သတ္မွတ္မွတ္ သူနဲ႔ကိုယ္နဲ႔က သူကလဲြလို႔ ကိုယ့္မွာ ဘယ္သူမွ မရိွဘူး။ ကိုယ္ကလဲြလို႔ သူ႕ မွာ ဘယ္သူ႕မွ မရိွဘူးဆုိတဲ့ ဟာဆုိရင္ HIV ကျပႆနာ မဟုတ္ေလာက္ေသာ္လည္း အကယ္၍ ဒီလိုမသိဘူးဆုိလဲ HIV ကအတုိင္းအတာ တစ္ခုထိေတာ့ ကူးဖို႔ျဖစ္ လာၿပီေပ့ါ။ ဘာေၾကာင့္ဆုိေတာ့ သူက သမီးရည္းစားလို႔ ေျပာရင္ အကာအကြယ္သံုးရင္ သံုးမယ္။ ေစာေစာက HIV လို႔ ေျပာရင္ HIV မကူးခ်င္ရင္ေတာ့ အကာအကြယ္သံုးရင္ သံုးမယ္။ ဒါက အခုကေတာ့ အျပင္လူနဲ႔ မဟုတ္ဘူး။ ကိုယ့္သမီးရည္း စားၾကား အခ်င္း ခ်င္းဆုိေတာ့ ဘာပဲေျပာေျပာ တစ္ေယာက္နဲ႔ တစ္ေယာက္ ယံုၾကည္မႈဆို တာေတြ ရိွေနတဲ့အခါက်ေတာ့ အကာအကြယ္ မသံုးဘူးဆုိရင္သူ႕ေနာက္ေၾကာင္း ကိုယ္မသိ၊ ကိုယ့္ေနာက္ေၾကာင္း သူမသိ၊ သူက ကုိယ့္အျပင္အျခား လူရိွတယ္ဆို ရင္ေတာ့ HIV ပိုးကူးႏုိင္တာေပါ့။ ဘာပဲေျပာေျပာ အတုိင္းအတာ တစ္ခုအထိေတာ့ HIV ကူးဆက္ပ်ံ႕ႏွံ႔မႈမွ ဒီလိုကိစၥ ေလးေတြက တစ္စိတ္တစ္ပိုင္း ပါေနတယ္ေပါ့။
မွန္းဆၾကည့္ရသေလာက္ အတူတူ ေနတဲ့ အခါမ်ားေသာအားျဖင့္ condom  မသံုးမိၾကဘူး။ အဲဒါနဲ႔ ပတ္သက္ၿပီး ဆရာ ဘာေျပာလိုသလဲ။
ေစာေစာက ေျပာတဲ့ အကာ အကြယ္မသံုးဘူးဆုိတဲ့ ကိစၥမွာ ေစာေစာက ေျပာသလိုပဲ သူနဲ႔ သမီးရည္းစား ျဖစ္ေနၿပီဆုိတဲ့ အခါမွာ ေစာေစာက ေျပာတဲ့ ျပႆနာႏွစ္ခုထဲက တစ္ခုေပါ့။ ဥပမာ ဆုိရင္ ငါတုိ႔ အဆင္သင့္ မျဖစ္ေသးခင္ ကိုယ္ဝန္ရသြားႏိုင္တဲ့ အတြက္ေၾကာင့္ ဒီကိုယ္ဝန္မရေအာင္ တားခ်င္တဲ့ အတြက္ေၾကာင့္ တားမယ္ဆုိတဲ့ ရည္မွန္းခ်က္ ဒါမ်ဳိးရိွခဲ့ရင္လည္း သူတို႔က သံုး ေကာင္းသံုးမယ္။ သုိ႔ေသာ္ဒီလို ရိွခ်င္မွလည္း ရိွမယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီလိုျဖစ္ၿပီဆုိရင္ ဒီလုိျဖစ္ဖို႔သည္ ႀကိဳ တင္ျပင္ဆင္မႈ ဟုတ္ခ်င္မွဟုတ္မယ္။ ႀကိဳတင္ျပင္ဆင္ထားၾကတာ မဟုတ္ဘူး။ ဒီလိုပဲ အေျခအေနေပးလို႔ ျဖစ္သြားၾက တာ။ တစ္ခါတေလမွာလည္း ဒီလူနဲ႔ ပံုမွန္ေမွ်ာ္လင့္ထားတဲ့ အေနအထား ေလးမွာပဲ အေနအထားက အေျခအေန ေပးသြားမယ္။ အဲဒီအတြက္ေၾကာင့္ စိတ္အလို လိုက္တယ္။ စိတ္ရဲ႕ေခၚရာ ေနာက္ကို လိုက္သြားတယ္ဆုိေတာ့ ဘာပဲေျပာေျပာ ျပင္ျပင္ဆင္ဆင္ ရိွဖို႔က ခဲ ယဥ္းတယ္ဆုိေတာ့ ေတာ္ေတာ္မ်ားမ်ား သည္ ကြန္ဒံုးမသံုးျဖစ္ဖုိ႔ မ်ားတယ္။ ကြန္ဒံုးမသံုးျဖစ္ဖို႔ မ်ားၿပီဆုိကတည္းက ေစာေစာက ဆရာေျပာျဖစ္တဲ့ ျပႆနာ ႏွစ္ခုစလံုး ျဖစ္လာႏုိင္တာပဲ။ မေမွ်ာ္လင့္ဘဲနဲ႔ ကိုယ္ဝန္ ရသြားႏုိင္တာေရာ၊ HIV ကူးစက္ႏုိင္တဲ့ အႏၲရာယ္တစ္ေယာက္ ေယာက္မွာ ရိွခဲ့ ရင္ ေယာက်္ားေလး တစ္ေယာက္ကို ေျပာရင္ ဒီေယာက်္ား ေလးသည္ မူးယစ္ေဆး သံုးတာလည္း ျဖစ္ေကာင္းျဖစ္ႏုိင္တယ္။ မူးယစ္ေဆး သံုးတယ္ဆုိရင္  မူးယစ္ေဆးသည္ အေၾကာထဲ အပ္နဲ႔ ထိုးတာမ်ဳိး လုပ္တယ္ဆုိရင္ သူက HIV ကူးစက္မႈကို ဗဟုသုတ ဘယ္ေလာက္ရိွလဲ။
ဘယ္ေလာက္ အတုိင္းအတာအထိ သူကာကြယ္ထားလဲ ေပၚမူတည္ၿပီး သူသည္ HIV ကင္းမကင္း မေသခ်ာေတာ့ဘူး။ ဒါ့အျပင္ တျခား ဒီမိန္းကေလးအျပင္ တျခားအျပင္မွာ အေပ်ာ္အပါးလိုက္စား၊ မစားဆုိတာလည္း မေသခ်ာဘူး။ ဒီလိုမ်ဳိး ေယာက်္ားေလးမွာ HIV ပုိးကူးႏုိင္တဲ့ အႏၲရာယ္ရိွ ႏုိင္တယ္။ HIV ရိွေနတယ္ ဆုိတာကို မိန္းကေလးက မသိရင္ မိန္းကေလးက HIV ကူးသြားႏုိင္တယ္။ ထို နည္းလည္းေကာင္းပဲ အျပန္အလွန္ေပါ့။ မိန္းကေလးမွာ HIV  ရိွ၊ မရိွ ေယာက်္ားေလးဘက္က မသိတာ လည္း ျဖစ္ႏုိင္တယ္။ မိန္းကေလးမွာလည္း ဒီေယာက်္ား ေလးအျပင္ တျခားေယာက်္ားေလး ရည္းစား ျဖစ္ခ်င္ျဖစ္ႏုိင္မယ္ဆုိေတာ့ မိန္းကေလးမွာ HIV ရိွ၊မရိွမေသ ခ်ာရင္ နဂိုကေယာက်္ားေလးမွာ မရိွေပမယ့္ ကိုယ့္ရဲ႕ ရည္းစားကေနတစ္ဆင့္ ကူးသြားတာလည္း ျဖစ္ခ်င္ျဖစ္ႏုိင္တယ္။ Condom မသံုးဘူးဆုိ တာနဲ႔ေတာ့ ေစာေစာက ျပႆ နာႏွစ္ရပ္ လံုးသည္ ျဖစ္လာႏုိင္စရာ ရိွတယ္။ မသံုးၾကဘူးဆုိတာလည္း အေၾကာင္းေၾကာင္းေၾကာင့္ ျဖစ္တယ္။ အဆင္သင့္မျဖစ္ လို႔။ ႀကိဳတင္ မျပင္ဆင္ထားလို႔ သို႔မဟုတ္ မျဖစ္ေလာက္ဘူး ထင္လို႔လည္း ျဖစ္ေကာင္းျဖစ္ႏုိင္တယ္။ ေနာက္တစ္ခုက တစ္ေယာက္နဲ႔ တစ္ေယာက္ အျပန္အလွန္ယံုၾကည္ၾက တာလည္း ျဖစ္ႏုိင္တယ္။ ဒီလို အေၾကာင္းေၾကာင္း ေၾကာင့္ ျဖစ္ဖို႔မ်ားတယ္။
သမီးရည္းစား အတူေနရာကေန HIV ကူးစက္ႏႈန္း ဘယ္ေလာက္ရိွလဲ ဆုိတာနဲ႔ပတ္သက္ၿပီး Research လုပ္ထားတာရိွလား။
ဆရာတုိ႔ Research လုပ္ထားတာ မရိွေတာ့ HIV ကူးစက္ႏႈန္းကို အတိအက် မေျပာႏုိင္ဘူး။
အဲဒါနဲ႔ ပတ္သက္ၿပီးေတာ့ Research ေသခ်ာ မလုပ္သင့္ေသးဘူးလား။
Research လို႔ ေျပာရင္ ဆရာတုိ႔ လုပ္တဲ့ အလုပ္တုိင္းမွာက အေထာက္ အထားရိွဖို႔ လိုတယ္။ အေထာက္အထား ကေတာ့ ရေလ ဆရာတုိ႔အတြက္  အေကာင္းဆံုးပဲ။ ဒါေပမဲ့ အေထာက္အ ထားလို႔ ေျပာလို႔ အခ်က္ အလက္နဲ႔ ပတ္ သက္လို႔ ဆရာတုိ႔ မွတ္တမ္းမွတ္ရာေတြ ကေနပဲျဖစ္ျဖစ္၊ သီးသန္႔ေကာက္ယူ တာပဲျဖစ္ျဖစ္ ရတယ္ဆုိေပ မယ့္ တခ်ဳိ႕ ကိစၥေတြက်ေတာ့ မွတ္တမ္းမွတ္ရာ အရလည္း ရဖို႔ခက္သလို သီးသန္႔သု ေတသန လုပ္ငန္းကလည္း ရဖို႔ကလည္း ပိုဆိုးသြားၿပီ။ သူတုိ႔ သမီးရည္း စား ႏွစ္ေယာက္ၾကားထဲမွာ ဒီလို ကိစၥမ်ဳိး ရိွသလားလို႔ ေမးရမယ္ဆုိ ဘယ္သူမွ မေျဖဘူးေပါ့။ အဲဒီေတာ့ ဒီလိုဟာေတြ က်ရင္ ဆရာတုိ႔က အခက္အခဲရိွသြားၿပီ။ မင္းတုိ႔ သမီးရည္းစား ႏွစ္ေယာက္အတူတူေနၾကလားဆုိ ေျဖၾကတယ္ဆုိ ရင္ေတာင္ ဟုတ္ၿပီ။ ကြန္ဒံုးသံုးလား၊ မသံုးဘူးလားဆုိရင္ ေျဖဖို႔ ခက္သြားၿပီ။ ဒီကိစၥနဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြ ေတာ္ေတာ္မ်ားမ်ားက လူေတြအတြက္ အလြယ္တကူ ေျဖရခက္တဲ့ sensitive question လူေတြ  ေျဖရခက္တဲ့ မေျဖတဲ့ ေမးခြန္းေတြဆုိ တကယ့္ အခ်က္အလက္ အတိအက် မွန္မွန္ကန္ ကန္ရဖို႔ အခက္အခဲ ရိွႏိုင္တယ္။ ဒီလို ဟာမ်ဳိးဆိုရင္ ဆရာတုိ႔ ဘာလုပ္ရလဲ ဆုိေတာ့ လူေတြ႕ေမးတဲ့ ေမးခြန္းမဟုတ္ ေတာ့ဘူး။ အခ်ဳိ႕ႏုိင္ငံေတြက် ဘာလုပ္ လဲ။ Anonymous မျမင္ရဘဲနဲ႔ အြန္လုိင္း survey ေတြဆုိတာ ရိွလာတာေပါ့။ အဲဒီလိုဆုိေတာ့ ျပႆနာမရိွဘူး။ အြန္လိုင္းမွာ ဆုိေတာ့ ဘယ္သူမွန္းလဲ မသိဘူး။ Anonymous ဆိုေတာ့ မ်က္ ႏွာခ်င္းလည္း ေတြ႕ရတာ မဟုတ္ဘူး။ ကိုယ္ဘာေျဖလဲ မေျဖလဲ ဘယ္သူမွ မသိၾကဘူး။ အဲဒါမ်ဳိးဆုိရင္ေတာ့ စာရင္းကို ရႏိုင္တယ္။ ေနာက္ပိုင္းလည္း ဒါမ်ဳိးက ျဖစ္ေကာင္းျဖစ္လာ ႏုိင္ပါတယ္။
အဲဒါဆုိရင္ ဆရာတုိ႔ဆီမွာ အြန္လိုင္း survey ေတြ ေပၚလာတယ္ ဆုိရင္ ကိုယ္လိုခ်င္တဲ့ အသက္အပိုင္း အျခားေတြမွာ ရိွေနတဲ့ အမူအက်င့္ေတြ၊ ရိွေနတဲ့အေလ့ အထေတြကို ေမးႏုိင္မယ္ ဆုိရင္ေတာ့ ဒါေတြက အခုလက္ရိွ အေနအထားမွာေတာ့ ဆရာတုိ႔မွာ မရိွ ေသးသလို လုပ္ဖို႔လည္း လက္ရိွသံုးေန တဲ့ ပံုစံနည္းစနစ္ေတြနဲ႔ဆုိရင္ ဆရာတုိ႔ အခက္အခဲရိွႏိုင္တယ္။ တခ်ဳိ႕ကေတာ့ စာတုိက္ကေန ပို႔ၿပီးေမးတယ္တို႔၊ ဒါက်ေတာ့ တခ်ဳိ႕ ျဖစ္ခ်င္ျဖစ္ႏုိင္တယ္။ ဒါေပမဲ့ ဒီမွာေတာ့ စာတုိက္ကေန ဘယ္ေလာက္ အတုိင္းအတာအထိ ေခ်ာေခ်ာ ေမြ႕ေမြ႕ လုပ္ႏုိင္တယ္ဆိုတာ Question  ပဲဆုိေတာ့။ အြန္လိုင္းလုပ္ႏုိင္တယ္။ ဘာေၾကာင့္ လဲဆုိေတာ့ ဒီလုိဟာမ်ဳိး သူမ်ားႏုိင္ငံမွာ သံုးတယ္ ဆိုတာ အခု ေတြ႕ၿပီး ဒီေမးခြန္းေျဖလို႔ ေျပာရင္ အခက္အခဲ ရိွသြားၿပီ။ ဘာလို႔လဲဆုိေတာ့ မ်က္ႏွာခ်င္းဆုိင္ ေတြ႕ေနေတာ့။ အဲဒါေၾကာင့္ မ်က္ႏွာခ်င္းဆုိင္စရာ မလိုဘဲနဲ႔ သူမွန္း ကိုယ္မွန္းကိုမသိတဲ့နည္းနဲ႔ သြား ၾကတယ္။  အဲဒီေတာ့ စာတုိက္ကပို႔ၿပီး ေျဖခုိင္းတဲ့ဟာမ်ဳိး၊ အြန္လုိင္းကေန ေျဖ ခုိင္းတာမ်ဳိး။ ဆရာတုိ႔လည္း တစ္ခ်ိန္ ခ်ိန္မွာ ဒါမ်ဳိးသံုးမယ္လို႔ စဥ္းစားမယ္ ဆုိရင္ေတာ့ ကုိယ္လိုခ်င္တဲ့ အခ်က္ အလက္ေတြ ရႏုိင္တာေပါ့။
အခု ကြၽန္မတုိ႔ သိထားသေလာက္ ဒီဘက္ႏွစ္မွာ HIV ကူးစက္ႏႈန္းက်ဆင္း သြားတယ္ဆိုတာဟုတ္ပါသလား။ ဟုတ္ရင္ အဲဒါကေရာ စိတ္ခ်ရတဲ့စာရင္းဇယားလား။
အခုေနာက္ပိုင္းမွာေတာ့ ဟုတ္တယ္။ HIV အေနအထားနဲ႔ ေျပာရင္ေတာ့ ၂ဝဝ၅ ခုႏွစ္ မတုိင္မီက ဆရာ တုိ႔ ျမန္မာျပည္မွာ HIV ရိွတယ္လို႔ ေျပာလာတဲ့ ၁၉၈၈ ခုႏွစ္ကေန စၿပီးေတာ့ ၂ဝဝ၅ ခုႏွစ္အထိ ေတာက္ေလွ်ာက္ မ်ဥ္းေၾကာင္းႀကီးက အေပၚေထာင္တက္လာခဲ့တာ။ ၂ဝဝ၅ ခုႏွစ္က စၿပီး ေတာ့ ဒါက အေပၚကို ေထာင္မတက္ေတာ့ဘဲနဲ႔ အတည့္ျပန္ျဖစ္သြားၿပီးေတာ့ ၂ဝဝ၇ ခုႏွစ္ ေနာက္ပိုင္းမွာ က်လာခဲ့ၿပီ လို႔ သိထား ခဲ့တယ္ေပါ့။ ေနာက္ဆံုး ထြက္တဲ့ စာရင္းဇယား အရေတာ့ ဝ ဒသမ ၅၉ ရာခုိင္ႏႈန္းေပါ့။ HIV  ျဖစ္ပြားမႈႏႈန္း ေပါ့။ သို႔ေသာ္လည္း ဒါကလည္း ဆရာတုိ႔က ဒါကေသြးစစ္တဲ့လူကို အေျခခံၿပီးလုပ္ထားတာျဖစ္တဲ့အတြက္ေၾကာင့္ နည္းနည္းေလးေတာ့ အေျပာင္းအလဲ အတိမ္းအေစာင္း ရိွႏုိင္တယ္။ သူတုိ႔ ကေတာ့ စိတ္ခ်ရေလာက္တဲ့ နည္းစနစ္ ေတြနဲ႔ တြက္ရခ်က္ရတာေပါ့။ သန္း ၆ဝ ရိွရင္ သန္း ၆ဝ စလံုးကို စစ္ထားတာ မဟုတ္ဘူးေလ။ ဒီထဲက တစ္စိတ္ တစ္ပိုင္းကိုပဲ စစ္ထားၿပီးေတာ့ ေတြ႕တဲ့ ဟာကိုပဲ မူတည္ၿပီး ရာခုိင္ႏႈန္း ျပန္တြက္ ၾကတာဆုိေတာ့ စစ္ထားတဲ့လူကေန တစ္ဆင့္ပဲယူၿပီး တြက္ထား တာဆုိေတာ့ အမွန္တကယ္ ကိန္းဂဏန္းနဲ႔ေတာ့ ကြာဟေကာင္း ကြာဟႏုိင္တယ္။ ဘာလို႔ လဲဆုိေတာ့ အနီးစပ္ဆံုး မွန္းလို႔ရတဲ့ ကိန္းဂဏန္းပဲ ဆုိေတာ့ ၂ဝဝ၇ ခုႏွစ္ ေနာက္ ပိုင္းေတာ့ တျဖည္းျဖည္း က်လာတယ္။
လူငယ္ေတြၾကားမွာ HIV ကူးစက္ ႏႈန္းအေပၚ ဆရာဘယ္လိုျမင္ထားလဲ။
လူငယ္ေတြၾကားထဲမွာကေတာ့ အၾကမ္းဖ်င္း ေျပာရင္ေတာ့ လူငယ္မွာ လည္း အမ်ဳိးအစားကခဲြမယ္ဆုိရင္ General Youth သူလိုကိုယ္လိုပဲ လူ ငယ္ေတြရိွသလုိ။ ဒီထဲထဲ မွာမွ ကူးစက္ မႈ အႏၲရာယ္မ်ားႏုိင္တယ္ဆုိတဲ့ လူငယ္ အုပ္စုေတြ ရိွတယ္။ ဥပမာ မူးယစ္ေဆး ဝါးထုိးတဲ့ လူငယ္ေတြ ျဖစ္ႏုိင္တယ္။ ေနာက္လိင္ အေပ်ာ္အပါး လုိက္စားတဲ့ လူငယ္ေတြ ျဖစ္ႏုိင္တယ္။ ခႏၶာကိုယ္ ရင္းၿပီး လုပ္စားတဲ့ လူငယ္ အမ်ဳိးသမီးေတြ ျဖစ္ႏုိင္တယ္။ ဒီလို မ်ဳိးဟာေတြကေတာ့ ဘာပဲေျပာေျပာ အခုအခ်ိန္အထိ ကူး စက္မႈ က ျမင့္ေနတုန္းပဲ။ ေစာေစာက ေျပာတဲ့ ဝ ဒသမ ၅၉ ဆုိတာ ျမန္မာ တစ္ႏုိင္ငံလံုးမွာ ရိွတဲ့ လူဦးေရအကုန္ လံုးကတြက္ထားတာ ဆုိေပမယ့္လို႔ အဲဒီ ထဲကမွ တစ္ဆင့္ လူငယ္ဆုိတဲ့ ဟာကို ၾကည့္မယ္။ အဲဒီလူငယ္ထဲကမွ ကူးစက္ မႈႏႈန္း ျမင့္ႏုိင္တဲ့ အႏၲရာယ္ရိွတဲ့ လူငယ္ အုပ္စုေတြကို ၾကည့္မယ္ဆုိရင္ေတာ့ သူတုိ႔က မ်ားေနေသး တာ ေတြ႕ရတယ္။
ဘာေၾကာင့္လဲလို႔ ေျပာရင္ေတာ့ လူငယ္ေတြမွာ ဘာေၾကာင့္မ်ားလဲဆို ရင္ေတာ့ ေစာေစာက ေဆြးေႏြးခဲ့တဲ့ အတုိင္းအတာက ဗဟုသုတ မရိွေသး တာ ျဖစ္ႏုိင္ တယ္ ။ ေနာက္တစ္ခုက ဗဟုသုတရိွေသာ္လည္း ”ငါတုိ႔ မျဖစ္ ေလာက္ေသးပါဘူး” လို႔ကိုယ့္ကိုယ္ကုိယ္ ေလွ်ာ့တြက္ေနတာ။ ေနာက္တစ္ခုက ကာကြယ္ဖို႔အတြက္ ပစၥည္း ပစၥ ယေတြကို လက္လွမ္းမမီၾကတာေပါ့။ ဥပမာ ကြန္ ဒံုးသံုးခ်င္ေသာ္လည္း ကိုယ္က သံုးဖို႔ ႀကိဳတင္ ျပင္ဆင္မထားေတာ့ တကယ့္ တကယ္မွာ ကြန္ဒံုးက လက္ထဲမွာ ရိွ မေန ဘူး။ အဲဒီလို အေၾကာင္းကိစၥေတြ ေၾကာင့္ လူငယ္ေတြၾကားထဲမွာ ပိုၿပီး မ်ားေနတာ ေတြ႕ရတယ္။ ဒီထဲထဲမွာ ပိုၿပီး ဆိုးသြားတာက ဘာလဲဆုိေတာ့ လူငယ္ဆိုေတာ့ လက္ တည့္စမ္းခ်င္တာ ေပါ့။ သူမ်ားေျပာလို႔ မယံုတာမ်ဳိးေတြ ရိွတယ္။ ”ဒါကေတာ့ ကိစၥမရိွပါဘူး။ တစ္ခါေလးနဲ႔လည္း မျဖစ္ေလာက္ပါ ဘူးဆုိၿပီး ငါစမ္းၾကည့္ဦးမွ ဆုိၿပီးေတာ့ အဲဒါမ်ဳိးက အႏၲရာယ္ထဲကို တြန္းပို႔ တာပဲ။
လြန္ခဲ့တဲ့ ၄၊ ၅ ႏွစ္ေတြကတည္းက Group Sex ေတြ ရိွေနၿပီလို႔ သိရတယ္။ အဲဒါနဲ႔ ပတ္သက္ၿပီး သိထားတာ မ်ားရိွသလား။
Group Sex ဆိုတဲ့ ကိစၥေတြက ေတာ့ ၾကားလာရတဲ့ သတင္းေတြအရ သိေနရတယ္။ ဒါေတြကေတာ့ ျဖစ္ႏုိင္ ေလာက္တဲ့ အေနအထားရိွတယ္လို႔ ဆုိ ႏုိင္တာကေတာ့ မီဒီ ယာေတြရဲ႕ လႊမ္းမုိး မႈရိွေနတယ္ဆုိေတာ့ ကေလးေတြက Website ေတြ၊ တျခားႏုိင္ငံေတြရဲ႕ Information ေတြ၊ တျခားႏုိင္ငံရဲ႕ အေလ့အထေတြ၊ တျခားႏုိင္ငံရဲ႕ ယဥ္ေက်းမႈေတြ လြယ္လြယ္ကူကူ သိလာရတယ္။ လက္လွမ္း မီလာတယ္ဆုိေတာ့ အတုျမင္ အတတ္သင္ ျဖစ္ဖို႔ နီးစပ္ တယ္ေပါ့။ အဲဒီအတြက္ေၾကာင့္ တကယ္တမ္း လက္ေတြ႕ ရိွႏုိင္ေလာက္တယ္လို႔ ဆရာတုိ႔ ေျပာလို႔ ရတယ္။ ဒါနဲ႔ ပတ္ သက္လို႔ တကယ္တမ္း အခ်က္အလက္ သိလားဆုိေတာ့ ေစာေစာ က ေျပာသလို ဆရာတုိ႔ HIV နဲ႔ပတ္သက္လို႔ အခ်ဳိ႕ အခ်က္အလက္ေတြေတာင္မွ ဆရာတုိ႔ မရႏုိင္ေတာ့ ဒါမ်ဳိးဆိုရင္ ပိုၿပီးဆုိးတယ္။ အခ်က္အလက္အတိ အက်ကေတာ့ ဆရာတုိ႔မွာ မရႏုိင္ဘူး။
ဆက္လက္ေဖာ္ျပပါမည္...

Unicode

သမီးရည်းစား အတူနေကြတာဟာ ယဉ်ကျေးမှု တစ်ခုလို ဖြစ်နေတာတွေ့ရတယ်။ အဲဒီယဉ်ကျေးမှုဟာ HIV ပျံ့နှံ့ မှုအပေါ် ဘယ်လောက်အထိ သက်ရောက်စေပါသလဲ။
သမီးရည်းစား အတူနေကြတယ်ဆိုတာ ဟိုအရင်တုန်းကတော့ ဒါဟာ ရှက်စရာ အလုပ်တစ်ခု ဖြစ်တယ်။ လူသိခံရမှာလည်း ကြောက်ကြတယ်။ ဒီလို ဖြစ်ဖို့လည်း ခဲယဉ်းတယ်။ အခြေအနေလည်း မပေးသေးဘူးပေါ့။ ဒါပေမဲ့ ခု နောက်ပိုင်းကတော့ ဒါဟာ ရှက်စရာ မဟုတ်ဘူးလို့ ထင်လာတာလေးတွေ လည်းပါတယ်။ အခြေအနေကလည်း အကြောင်းကြောင်းတွေ ပံ့ပိုးတယ် လွတ်လွတ်လပ်လပ်တွေ ဖြစ်လာကြတာ လည်းပါတယ်။ အဲဒါကြောင့် ဒါဟာ လူငယ်တွေကြား မှာ တော်တော်လေး ပျံ့ပျံ့နှံ့နှံ့ ဖြစ်နေတယ်ဆိုတာကို တွေ့တယ်၊ မြင်တယ်၊ ကြားတယ်၊ သိတယ်ဆို information က တစ်ဆင့် သိရတာ။ ဒါပေမဲ့ တကယ့် တကယ်မှာ အထောက်အထား တိတိကျကျရှိလား ဆိုရင်လည်း မရှိဘူးလေ။ ဒါမျိုးက စာရင်းဇယား ကောက်ထားတာမျိုး မဟုတ်ပဲ။ ဘာပဲ ပြောပြော မြင်တွေ့နေရတဲ့ ဟာတွေမှာတော့ ဒီလိုမျိုးရှိတယ် ဆိုတာ သိတယ်။ အဲဒီတော့ အဲဒီလိုဟာမျိုးကျတော့ ဘာတွေ ဖြစ်လာလဲဆိုတော့ သမီးရည်းစား အိမ်ထောင်မကျသေးခင် အတူတူနေ ကြတဲ့အခါမှာ ဖြစ်လာနိုင်တဲ့ နောက် ဆက်တွဲတွေမှာတော့ နှစ်ခုပဲ ရှိတယ်။
တစ်ခုက ဘာလဲဆိုတော့ အိမ်ထောင် မကျခင် တရားဝင် မဖြစ်သေးခင်မှာကို မမျှော်လင့်ဘဲနဲ့ ကိုယ်ဝန် ရသွားတာ။ နောက်တစ်ခုက ဘာလဲဆိုတော့ သမီးရည်းစား အချင်းချင်း ဆိုသော်လည်းပဲ၊ မိန်းကလေး က ယောကျာ်းလေး အကြောင်း တစ်ခါတလေမှာ ပြည့်ပြည့်စုံစုံ မသိ နိုင်တာဖြစ်နိုင်တယ်။ ယောကျာ်းလေးက လည်းမိန်း ကလေး အကြောင်း ပြည့်ပြည့် စုံစုံ မသိနိုင်တာဆိုရင် သူ့ရဲ့နောက်ကြောင်း ရာဇဝင်သူသည် ဘယ်လိုလူ မျိုးလဲ ကိုယ့်အပြင် တခြားတွဲတဲ့ လူရှိသလား ဆိုတာတွေ အပေါ်မှာ HIV ရှိ သလားဆိုတာတွေ ရှိလာနိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သတ်သတ်မှတ်မှတ် သူနဲ့ကိုယ်နဲ့က သူကလွဲလို့ ကိုယ့်မှာ ဘယ်သူမှ မရှိဘူး။ ကိုယ်ကလွဲလို့ သူ့ မှာ ဘယ်သူ့မှ မရှိဘူးဆိုတဲ့ ဟာဆိုရင် HIV ကပြဿနာ မဟုတ်လောက်သော်လည်း အကယ်၍ ဒီလိုမသိဘူးဆိုလဲ HIV ကအတိုင်းအတာ တစ်ခုထိတော့ ကူးဖို့ဖြစ် လာပြီပေါ့။ ဘာကြောင့်ဆိုတော့ သူက သမီးရည်းစားလို့ ပြောရင် အကာအကွယ်သုံးရင် သုံးမယ်။ စောစောက HIV လို့ ပြောရင် HIV မကူးချင်ရင်တော့ အကာအကွယ်သုံးရင် သုံးမယ်။ ဒါက အခုကတော့ အပြင်လူနဲ့ မဟုတ်ဘူး။ ကိုယ့်သမီးရည်း စားကြား အချင်း ချင်းဆိုတော့ ဘာပဲပြောပြော တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုဆို တာတွေ ရှိနေတဲ့အခါကျတော့ အကာအကွယ် မသုံးဘူးဆိုရင်သူ့နောက်ကြောင်း ကိုယ်မသိ၊ ကိုယ့်နောက်ကြောင်း သူမသိ၊ သူက ကိုယ့်အပြင်အခြား လူရှိတယ်ဆို ရင်တော့ HIV ပိုးကူးနိုင်တာပေါ့။ ဘာပဲပြောပြော အတိုင်းအတာ တစ်ခုအထိတော့ HIV ကူးဆက်ပျံ့နှံ့မှုမှ ဒီလိုကိစ္စ လေးတွေက တစ်စိတ်တစ်ပိုင်း ပါနေတယ်ပေါ့။
မှန်းဆကြည့်ရသလောက် အတူတူ နေတဲ့ အခါများသောအားဖြင့် condom  မသုံးမိကြဘူး။ အဲဒါနဲ့ ပတ်သက်ပြီး ဆရာ ဘာပြောလိုသလဲ။
စောစောက ပြောတဲ့ အကာ အကွယ်မသုံးဘူးဆိုတဲ့ ကိစ္စမှာ စောစောက ပြောသလိုပဲ သူနဲ့ သမီးရည်းစား ဖြစ်နေပြီဆိုတဲ့ အခါမှာ စောစောက ပြောတဲ့ ပြဿနာနှစ်ခုထဲက တစ်ခုပေါ့။ ဥပမာ ဆိုရင် ငါတို့ အဆင်သင့် မဖြစ်သေးခင် ကိုယ်ဝန်ရသွားနိုင်တဲ့ အတွက်ကြောင့် ဒီကိုယ်ဝန်မရအောင် တားချင်တဲ့ အတွက်ကြောင့် တားမယ်ဆိုတဲ့ ရည်မှန်းချက် ဒါမျိုးရှိခဲ့ရင်လည်း သူတို့က သုံး ကောင်းသုံးမယ်။ သို့သော်ဒီလို ရှိချင်မှလည်း ရှိမယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုဖြစ်ပြီဆိုရင် ဒီလိုဖြစ်ဖို့သည် ကြို တင်ပြင်ဆင်မှု ဟုတ်ချင်မှဟုတ်မယ်။ ကြိုတင်ပြင်ဆင်ထားကြတာ မဟုတ်ဘူး။ ဒီလိုပဲ အခြေအနေပေးလို့ ဖြစ်သွားကြ တာ။ တစ်ခါတလေမှာလည်း ဒီလူနဲ့ ပုံမှန်မျှော်လင့်ထားတဲ့ အနေအထား လေးမှာပဲ အနေအထားက အခြေအနေ ပေးသွားမယ်။ အဲဒီအတွက်ကြောင့် စိတ်အလို လိုက်တယ်။ စိတ်ရဲ့ခေါ်ရာ နောက်ကို လိုက်သွားတယ်ဆိုတော့ ဘာပဲပြောပြော ပြင်ပြင်ဆင်ဆင် ရှိဖို့က ခဲ ယဉ်းတယ်ဆိုတော့ တော်တော်များများ သည် ကွန်ဒုံးမသုံးဖြစ်ဖို့ များတယ်။ ကွန်ဒုံးမသုံးဖြစ်ဖို့ များပြီဆိုကတည်းက စောစောက ဆရာပြောဖြစ်တဲ့ ပြဿနာ နှစ်ခုစလုံး ဖြစ်လာနိုင်တာပဲ။ မမျှော်လင့်ဘဲနဲ့ ကိုယ်ဝန် ရသွားနိုင်တာရော၊ HIV ကူးစက်နိုင်တဲ့ အန္တရာယ်တစ်ယောက် ယောက်မှာ ရှိခဲ့ ရင် ယောကျာ်းလေး တစ်ယောက်ကို ပြောရင် ဒီယောကျာ်း လေးသည် မူးယစ်ဆေး သုံးတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ မူးယစ်ဆေး သုံးတယ်ဆိုရင်  မူးယစ်ဆေးသည် အကြောထဲ အပ်နဲ့ ထိုးတာမျိုး လုပ်တယ်ဆိုရင် သူက HIV ကူးစက်မှုကို ဗဟုသုတ ဘယ်လောက်ရှိလဲ။
ဘယ်လောက် အတိုင်းအတာအထိ သူကာကွယ်ထားလဲ ပေါ်မူတည်ပြီး သူသည် HIV ကင်းမကင်း မသေချာတော့ဘူး။ ဒါ့အပြင် တခြား ဒီမိန်းကလေးအပြင် တခြားအပြင်မှာ အပျော်အပါးလိုက်စား၊ မစားဆိုတာလည်း မသေချာဘူး။ ဒီလိုမျိုး ယောကျာ်းလေးမှာ HIV ပိုးကူးနိုင်တဲ့ အန္တရာယ်ရှိ နိုင်တယ်။ HIV ရှိနေတယ် ဆိုတာကို မိန်းကလေးက မသိရင် မိန်းကလေးက HIV ကူးသွားနိုင်တယ်။ ထို နည်းလည်းကောင်းပဲ အပြန်အလှန်ပေါ့။ မိန်းကလေးမှာ HIV  ရှိ၊ မရှိ ယောကျာ်းလေးဘက်က မသိတာ လည်း ဖြစ်နိုင်တယ်။ မိန်းကလေးမှာလည်း ဒီယောကျာ်း လေးအပြင် တခြားယောကျာ်းလေး ရည်းစား ဖြစ်ချင်ဖြစ်နိုင်မယ်ဆိုတော့ မိန်းကလေးမှာ HIV ရှိ၊မရှိမသေ ချာရင် နဂိုကယောကျာ်းလေးမှာ မရှိပေမယ့် ကိုယ့်ရဲ့ ရည်းစားကနေတစ်ဆင့် ကူးသွားတာလည်း ဖြစ်ချင်ဖြစ်နိုင်တယ်။ Condom မသုံးဘူးဆို တာနဲ့တော့ စောစောက ပြဿ နာနှစ်ရပ် လုံးသည် ဖြစ်လာနိုင်စရာ ရှိတယ်။ မသုံးကြဘူးဆိုတာလည်း အကြောင်းကြောင်းကြောင့် ဖြစ်တယ်။ အဆင်သင့်မဖြစ် လို့။ ကြိုတင် မပြင်ဆင်ထားလို့ သို့မဟုတ် မဖြစ်လောက်ဘူး ထင်လို့လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ နောက်တစ်ခုက တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်ယုံကြည်ကြ တာလည်း ဖြစ်နိုင်တယ်။ ဒီလို အကြောင်းကြောင်း ကြောင့် ဖြစ်ဖို့များတယ်။
သမီးရည်းစား အတူနေရာကနေ HIV ကူးစက်နှုန်း ဘယ်လောက်ရှိလဲ ဆိုတာနဲ့ပတ်သက်ပြီး Research လုပ်ထားတာရှိလား။
ဆရာတို့ Research လုပ်ထားတာ မရှိတော့ HIV ကူးစက်နှုန်းကို အတိအကျ မပြောနိုင်ဘူး။
အဲဒါနဲ့ ပတ်သက်ပြီးတော့ Research သေချာ မလုပ်သင့်သေးဘူးလား။
Research လို့ ပြောရင် ဆရာတို့ လုပ်တဲ့ အလုပ်တိုင်းမှာက အထောက် အထားရှိဖို့ လိုတယ်။ အထောက်အထား ကတော့ ရလေ ဆရာတို့အတွက်  အကောင်းဆုံးပဲ။ ဒါပေမဲ့ အထောက်အ ထားလို့ ပြောလို့ အချက် အလက်နဲ့ ပတ် သက်လို့ ဆရာတို့ မှတ်တမ်းမှတ်ရာတွေ ကနေပဲဖြစ်ဖြစ်၊ သီးသန့်ကောက်ယူ တာပဲဖြစ်ဖြစ် ရတယ်ဆိုပေ မယ့် တချို့ ကိစ္စတွေကျတော့ မှတ်တမ်းမှတ်ရာ အရလည်း ရဖို့ခက်သလို သီးသန့်သု တေသန လုပ်ငန်းကလည်း ရဖို့ကလည်း ပိုဆိုးသွားပြီ။ သူတို့ သမီးရည်း စား နှစ်ယောက်ကြားထဲမှာ ဒီလို ကိစ္စမျိုး ရှိသလားလို့ မေးရမယ်ဆို ဘယ်သူမှ မဖြေဘူးပေါ့။ အဲဒီတော့ ဒီလိုဟာတွေ ကျရင် ဆရာတို့က အခက်အခဲရှိသွားပြီ။ မင်းတို့ သမီးရည်းစား နှစ်ယောက်အတူတူနေကြလားဆို ဖြေကြတယ်ဆို ရင်တောင် ဟုတ်ပြီ။ ကွန်ဒုံးသုံးလား၊ မသုံးဘူးလားဆိုရင် ဖြေဖို့ ခက်သွားပြီ။ ဒီကိစ္စနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ တော်တော်များများက လူတွေအတွက် အလွယ်တကူ ဖြေရခက်တဲ့ sensitive question လူတွေ  ဖြေရခက်တဲ့ မဖြေတဲ့ မေးခွန်းတွေဆို တကယ့် အချက်အလက် အတိအကျ မှန်မှန်ကန် ကန်ရဖို့ အခက်အခဲ ရှိနိုင်တယ်။ ဒီလို ဟာမျိုးဆိုရင် ဆရာတို့ ဘာလုပ်ရလဲ ဆိုတော့ လူတွေ့မေးတဲ့ မေးခွန်းမဟုတ် တော့ဘူး။ အချို့နိုင်ငံတွေကျ ဘာလုပ် လဲ။ Anonymous မမြင်ရဘဲနဲ့ အွန်လိုင်း survey တွေဆိုတာ ရှိလာတာပေါ့။ အဲဒီလိုဆိုတော့ ပြဿနာမရှိဘူး။ အွန်လိုင်းမှာ ဆိုတော့ ဘယ်သူမှန်းလဲ မသိဘူး။ Anonymous ဆိုတော့ မျက် နှာချင်းလည်း တွေ့ရတာ မဟုတ်ဘူး။ ကိုယ်ဘာဖြေလဲ မဖြေလဲ ဘယ်သူမှ မသိကြဘူး။ အဲဒါမျိုးဆိုရင်တော့ စာရင်းကို ရနိုင်တယ်။ နောက်ပိုင်းလည်း ဒါမျိုးက ဖြစ်ကောင်းဖြစ်လာ နိုင်ပါတယ်။
အဲဒါဆိုရင် ဆရာတို့ဆီမှာ အွန်လိုင်း survey တွေ ပေါ်လာတယ် ဆိုရင် ကိုယ်လိုချင်တဲ့ အသက်အပိုင်း အခြားတွေမှာ ရှိနေတဲ့ အမူအကျင့်တွေ၊ ရှိနေတဲ့အလေ့ အထတွေကို မေးနိုင်မယ် ဆိုရင်တော့ ဒါတွေက အခုလက်ရှိ အနေအထားမှာတော့ ဆရာတို့မှာ မရှိ သေးသလို လုပ်ဖို့လည်း လက်ရှိသုံးနေ တဲ့ ပုံစံနည်းစနစ်တွေနဲ့ဆိုရင် ဆရာတို့ အခက်အခဲရှိနိုင်တယ်။ တချို့ကတော့ စာတိုက်ကနေ ပို့ပြီးမေးတယ်တို့၊ ဒါကျတော့ တချို့ ဖြစ်ချင်ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒီမှာတော့ စာတိုက်ကနေ ဘယ်လောက် အတိုင်းအတာအထိ ချောချော မွေ့မွေ့ လုပ်နိုင်တယ်ဆိုတာ Question  ပဲဆိုတော့။ အွန်လိုင်းလုပ်နိုင်တယ်။ ဘာကြောင့် လဲဆိုတော့ ဒီလိုဟာမျိုး သူများနိုင်ငံမှာ သုံးတယ် ဆိုတာ အခု တွေ့ပြီး ဒီမေးခွန်းဖြေလို့ ပြောရင် အခက်အခဲ ရှိသွားပြီ။ ဘာလို့လဲဆိုတော့ မျက်နှာချင်းဆိုင် တွေ့နေတော့။ အဲဒါကြောင့် မျက်နှာချင်းဆိုင်စရာ မလိုဘဲနဲ့ သူမှန်း ကိုယ်မှန်းကိုမသိတဲ့နည်းနဲ့ သွား ကြတယ်။  အဲဒီတော့ စာတိုက်ကပို့ပြီး ဖြေခိုင်းတဲ့ဟာမျိုး၊ အွန်လိုင်းကနေ ဖြေ ခိုင်းတာမျိုး။ ဆရာတို့လည်း တစ်ချိန် ချိန်မှာ ဒါမျိုးသုံးမယ်လို့ စဉ်းစားမယ် ဆိုရင်တော့ ကိုယ်လိုချင်တဲ့ အချက် အလက်တွေ ရနိုင်တာပေါ့။
အခု ကျွန်မတို့ သိထားသလောက် ဒီဘက်နှစ်မှာ HIV ကူးစက်နှုန်းကျဆင်း သွားတယ်ဆိုတာဟုတ်ပါသလား။ ဟုတ်ရင် အဲဒါကရော စိတ်ချရတဲ့စာရင်းဇယားလား။
အခုနောက်ပိုင်းမှာတော့ ဟုတ်တယ်။ HIV အနေအထားနဲ့ ပြောရင်တော့ ၂ဝဝ၅ ခုနှစ် မတိုင်မီက ဆရာ တို့ မြန်မာပြည်မှာ HIV ရှိတယ်လို့ ပြောလာတဲ့ ၁၉၈၈ ခုနှစ်ကနေ စပြီးတော့ ၂ဝဝ၅ ခုနှစ်အထိ တောက်လျှောက် မျဉ်းကြောင်းကြီးက အပေါ်ထောင်တက်လာခဲ့တာ။ ၂ဝဝ၅ ခုနှစ်က စပြီး တော့ ဒါက အပေါ်ကို ထောင်မတက်တော့ဘဲနဲ့ အတည့်ပြန်ဖြစ်သွားပြီးတော့ ၂ဝဝ၇ ခုနှစ် နောက်ပိုင်းမှာ ကျလာခဲ့ပြီ လို့ သိထား ခဲ့တယ်ပေါ့။ နောက်ဆုံး ထွက်တဲ့ စာရင်းဇယား အရတော့ ဝ ဒသမ ၅၉ ရာခိုင်နှုန်းပေါ့။ HIV  ဖြစ်ပွားမှုနှုန်း ပေါ့။ သို့သော်လည်း ဒါကလည်း ဆရာတို့က ဒါကသွေးစစ်တဲ့လူကို အခြေခံပြီးလုပ်ထားတာဖြစ်တဲ့အတွက်ကြောင့် နည်းနည်းလေးတော့ အပြောင်းအလဲ အတိမ်းအစောင်း ရှိနိုင်တယ်။ သူတို့ ကတော့ စိတ်ချရလောက်တဲ့ နည်းစနစ် တွေနဲ့ တွက်ရချက်ရတာပေါ့။ သန်း ၆ဝ ရှိရင် သန်း ၆ဝ စလုံးကို စစ်ထားတာ မဟုတ်ဘူးလေ။ ဒီထဲက တစ်စိတ် တစ်ပိုင်းကိုပဲ စစ်ထားပြီးတော့ တွေ့တဲ့ ဟာကိုပဲ မူတည်ပြီး ရာခိုင်နှုန်း ပြန်တွက် ကြတာဆိုတော့ စစ်ထားတဲ့လူကနေ တစ်ဆင့်ပဲယူပြီး တွက်ထား တာဆိုတော့ အမှန်တကယ် ကိန်းဂဏန်းနဲ့တော့ ကွာဟကောင်း ကွာဟနိုင်တယ်။ ဘာလို့ လဲဆိုတော့ အနီးစပ်ဆုံး မှန်းလို့ရတဲ့ ကိန်းဂဏန်းပဲ ဆိုတော့ ၂ဝဝ၇ ခုနှစ် နောက် ပိုင်းတော့ တဖြည်းဖြည်း ကျလာတယ်။
လူငယ်တွေကြားမှာ HIV ကူးစက် နှုန်းအပေါ် ဆရာဘယ်လိုမြင်ထားလဲ။
လူငယ်တွေကြားထဲမှာကတော့ အကြမ်းဖျင်း ပြောရင်တော့ လူငယ်မှာ လည်း အမျိုးအစားကခွဲမယ်ဆိုရင် General Youth သူလိုကိုယ်လိုပဲ လူ ငယ်တွေရှိသလို။ ဒီထဲထဲ မှာမှ ကူးစက် မှု အန္တရာယ်များနိုင်တယ်ဆိုတဲ့ လူငယ် အုပ်စုတွေ ရှိတယ်။ ဥပမာ မူးယစ်ဆေး ဝါးထိုးတဲ့ လူငယ်တွေ ဖြစ်နိုင်တယ်။ နောက်လိင် အပျော်အပါး လိုက်စားတဲ့ လူငယ်တွေ ဖြစ်နိုင်တယ်။ ခန္ဓာကိုယ် ရင်းပြီး လုပ်စားတဲ့ လူငယ် အမျိုးသမီးတွေ ဖြစ်နိုင်တယ်။ ဒီလို မျိုးဟာတွေကတော့ ဘာပဲပြောပြော အခုအချိန်အထိ ကူး စက်မှု က မြင့်နေတုန်းပဲ။ စောစောက ပြောတဲ့ ဝ ဒသမ ၅၉ ဆိုတာ မြန်မာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ လူဦးရေအကုန် လုံးကတွက်ထားတာ ဆိုပေမယ့်လို့ အဲဒီ ထဲကမှ တစ်ဆင့် လူငယ်ဆိုတဲ့ ဟာကို ကြည့်မယ်။ အဲဒီလူငယ်ထဲကမှ ကူးစက် မှုနှုန်း မြင့်နိုင်တဲ့ အန္တရာယ်ရှိတဲ့ လူငယ် အုပ်စုတွေကို ကြည့်မယ်ဆိုရင်တော့ သူတို့က များနေသေး တာ တွေ့ရတယ်။
ဘာကြောင့်လဲလို့ ပြောရင်တော့ လူငယ်တွေမှာ ဘာကြောင့်များလဲဆို ရင်တော့ စောစောက ဆွေးနွေးခဲ့တဲ့ အတိုင်းအတာက ဗဟုသုတ မရှိသေး တာ ဖြစ်နိုင် တယ် ။ နောက်တစ်ခုက ဗဟုသုတရှိသော်လည်း ”ငါတို့ မဖြစ် လောက်သေးပါဘူး” လို့ကိုယ့်ကိုယ်ကိုယ် လျှော့တွက်နေတာ။ နောက်တစ်ခုက ကာကွယ်ဖို့အတွက် ပစ္စည်း ပစ္စ ယတွေကို လက်လှမ်းမမီကြတာပေါ့။ ဥပမာ ကွန် ဒုံးသုံးချင်သော်လည်း ကိုယ်က သုံးဖို့ ကြိုတင် ပြင်ဆင်မထားတော့ တကယ့် တကယ်မှာ ကွန်ဒုံးက လက်ထဲမှာ ရှိ မနေ ဘူး။ အဲဒီလို အကြောင်းကိစ္စတွေ ကြောင့် လူငယ်တွေကြားထဲမှာ ပိုပြီး များနေတာ တွေ့ရတယ်။ ဒီထဲထဲမှာ ပိုပြီး ဆိုးသွားတာက ဘာလဲဆိုတော့ လူငယ်ဆိုတော့ လက် တည့်စမ်းချင်တာ ပေါ့။ သူများပြောလို့ မယုံတာမျိုးတွေ ရှိတယ်။ ”ဒါကတော့ ကိစ္စမရှိပါဘူး။ တစ်ခါလေးနဲ့လည်း မဖြစ်လောက်ပါ ဘူးဆိုပြီး ငါစမ်းကြည့်ဦးမှ ဆိုပြီးတော့ အဲဒါမျိုးက အန္တရာယ်ထဲကို တွန်းပို့ တာပဲ။
လွန်ခဲ့တဲ့ ၄၊ ၅ နှစ်တွေကတည်းက Group Sex တွေ ရှိနေပြီလို့ သိရတယ်။ အဲဒါနဲ့ ပတ်သက်ပြီး သိထားတာ များရှိသလား။
Group Sex ဆိုတဲ့ ကိစ္စတွေက တော့ ကြားလာရတဲ့ သတင်းတွေအရ သိနေရတယ်။ ဒါတွေကတော့ ဖြစ်နိုင် လောက်တဲ့ အနေအထားရှိတယ်လို့ ဆို နိုင်တာကတော့ မီဒီ ယာတွေရဲ့ လွှမ်းမိုး မှုရှိနေတယ်ဆိုတော့ ကလေးတွေက Website တွေ၊ တခြားနိုင်ငံတွေရဲ့ Information တွေ၊ တခြားနိုင်ငံရဲ့ အလေ့အထတွေ၊ တခြားနိုင်ငံရဲ့ ယဉ်ကျေးမှုတွေ လွယ်လွယ်ကူကူ သိလာရတယ်။ လက်လှမ်း မီလာတယ်ဆိုတော့ အတုမြင် အတတ်သင် ဖြစ်ဖို့ နီးစပ် တယ်ပေါ့။ အဲဒီအတွက်ကြောင့် တကယ်တမ်း လက်တွေ့ ရှိနိုင်လောက်တယ်လို့ ဆရာတို့ ပြောလို့ ရတယ်။ ဒါနဲ့ ပတ် သက်လို့ တကယ်တမ်း အချက်အလက် သိလားဆိုတော့ စောစော က ပြောသလို ဆရာတို့ HIV နဲ့ပတ်သက်လို့ အချို့ အချက်အလက်တွေတောင်မှ ဆရာတို့ မရနိုင်တော့ ဒါမျိုးဆိုရင် ပိုပြီးဆိုးတယ်။ အချက်အလက်အတိ အကျကတော့ ဆရာတို့မှာ မရနိုင်ဘူး။
ဆက်လက်ဖော်ပြပါမည်...

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...