အသတ္ခံရၿပီးတစ္လေက်ာ္ႀကာတဲ႔ အထိအသံေတြႀကားႀကားေနရလို႔


နံနက္ ၃း၃၀ နာရီ၀န္းက်င္ရန္ကင္း ၁၂ ရပ္ကြက္ က အိမ္ေလးတစ္အိမ္မွာ အိုးခြက္ေတြကိုကိုင္တြယ္ေနသံကိုအဲ႔သည္႔ အိမ္္မွာ ေနထိုင္တဲ႔ သူေတြ အကုန္ႀကားရပါတယ္။

ရန္ကင္းၿမိဳ႔နယ္ ၊ေမတၱာရိပ္သာလမ္းဆံု ၁၂ ရပ္ကြက္မွာ အသတ္ခံခဲ႔ရတဲ႔ ကိုမင္းမင္းဦး (ခ)အႀကီးေကာင္က သူ႔အိမ္မွာ ပံုမွန္ မနက္ အေစာဘက္ဆို ထမင္းခ်က္၊ေရေႏြးတည္ လုပ္ေပးသလို သူတို႔ေနတဲ႔အိမ္ေရွ႔ ၿခံ၀န္းကိုသန႔္ရွင္းေရးလည္း လုပ္တယ္။

ရပ္ကြက္ထဲမွာလည္း ေၿမာင္းေဖၚတာတာဘာညာလည္း ကိုမင္းမင္းဦးပါပါတယ္။
အသတ္ခံရသူ ကိုမင္းမင္းဦးရဲ႔ဇနီးၿဖစ္သူ မဇင္ဇင္ေအာင္က “သူဆံုးၿပီးေပမယ္႔လည္း
မနက္သူထေနက်အခ်ိန္ဆိုရင္အဲ႔လို အိုးသံခြက္သံ၊ပန္းကန္သံေတြႀကား
ရတတ္တယ္။

သူက ၿခံထဲမွာ မ်က္ရွင္းတယ္။ၿပီးရင္ သူ႔ေယာကၡမဆီက ကြမ္းဖိုးေတာင္းတတ္တယ္။သူ႔ပါးစပ္ထဲမွာ အၿမဲတမ္းကြမ္း
ရွိတယ္။ တေန႔ သူ ပံုမွန္ၿခံရွင္းၿပီးခ်ိန္ေလာက္မွာ ေဒၚႀကီးေရ၊ေဒၚႀကီးေရ ဆိုတဲ႔ ေခၚသံ
ႀကားရတယ္။

ကၽြန္မေအမက ေအာ္အႀကီးေကာင္ေတာ႔ ကြမ္းဖိုးလာေတာင္းတာလားမသိဘူးလို႔
ေၿပာတယ္” လို႔ေၿပာပါတယ္။

တစ္လၿပည္႔ ဆြမ္းေကၽြးေတာ႔ ဘုရားဆြမ္းေတာ္ကပ္ထားတာကို သြားေကၽြးၿပီး
ကေလးေတြေႀကာက္ေအာင္လာလာမၿပနဲ႔ေတာ႔ဆိုေတာ႔ လာမၿပေတာ႔ဘူးလို႔ မဇင္ဇင္ေအာင္ကဆိုပါတယ္။

မဇင္ဇင္ေအာင္က “ကၽြန္မတိုက္ႀကီးကို ဧၿပီလ ၂၂ ရက္ေန႔ကသြားေတာ႔
ကြမ္းငံုၿပီးစားထားတဲ႔ အသံနဲ႔ မႀကီးေရ တံခါးေလးဖြင္႔ေပးပါဆိုလာေခၚတယ္။ ကၽြန္မ အမေတြက လည္း ညဘက္ဆိုေတာ႔ တံခါးမဖြင္႔ေပးဘူး။ေနာက္ ည ၁ နာရီေလာက္မွာ တစ္ခါ လာတယ္။

မႀကီးေရ တံခါးေလးဖြင္႔ေပးပါဆိုၿပီးလာေခၚတာမ်ဳိးႀကားရတယ္။မနက္က်ေတာ႔ ကၽြန္မ အမတို႔က သူတို႔ ထင္တဲ႔သူကို ညဘက္နင္လာေသးလား ဆိုေတာ႔ အဲ႔ဒီ႔ေကာင္ေလးက မလာဘူးလို႔ ေၿဖတယ္။

ကၽြန္မကေတာ႔ ကၽြန္မ ေယာက်ာၤးအသံဆုိတာ မွတ္မိတယ္။သူက သူအသက္ရွိစဥ္ကတည္းက အိမ္လည္တာမ်ဳိးကို မႀကိဳက္ဘူးေလ” လို႔ေၿပာပါတယ္။
အဲ႔သည္႔တိုက္ႀကီးကိစၥက တစ္လၿပည္႔ ဆြမ္းေကၽြး အၿပီးမွ ၿဖစ္တဲ႔ ကိစၥၿဖစ္ပါတယ္။
အိမ္နားမွာေတာ႔ အသံဗလံ ႀကားရတာမ်ဳိးမရွိေတာ႔ဘူးလို႔ဆိုပါတယ္။

The Modern News Journal

Unicode
နံနက် ၃း၃၀ နာရီဝန်းကျင်ရန်ကင်း ၁၂ ရပ်ကွက် က အိမ်လေးတစ်အိမ်မှာ အိုးခွက်တွေကိုကိုင်တွယ်နေသံကို
အဲ့သည့် အိမ်မှာ နေထိုင်တဲ့ သူတွေ အကုန်ကြားရပါတယ်။

ရန်ကင်းမြို့နယ် ၊မေတ္တာရိပ်သာလမ်းဆုံ ၁၂ ရပ်ကွက်မှာ အသတ်ခံခဲ့ရတဲ့ ကိုမင်းမင်းဦး (ခ)အကြီးကောင်က သူ့အိမ်မှာ ပုံမှန် မနက် အစောဘက်ဆို ထမင်းချက်၊ရေနွေးတည် လုပ်ပေးသလို သူတို့နေတဲ့အိမ်ရှေ့ ခြံဝန်းကိုသန့်ရှင်းရေးလည်း လုပ်တယ်။

ရပ်ကွက်ထဲမှာလည်း မြောင်းဖေါ်တာတာဘာညာလည်း ကိုမင်းမင်းဦးပါပါတယ်။
အသတ်ခံရသူ ကိုမင်းမင်းဦးရဲ့ဇနီးဖြစ်သူ မဇင်ဇင်အောင်က “သူဆုံးပြီးပေမယ့်လည်း
မနက်သူထနေကျအချိန်ဆိုရင်အဲ့လို အိုးသံခွက်သံ၊ပန်းကန်သံတွေကြား
ရတတ်တယ်။

သူက ခြံထဲမှာ မျက်ရှင်းတယ်။ပြီးရင် သူ့ယောက္ခမဆီက ကွမ်းဖိုးတောင်းတတ်တယ်။သူ့ပါးစပ်ထဲမှာ အမြဲတမ်းကွမ်း
ရှိတယ်။ တနေ့ သူ ပုံမှန်ခြံရှင်းပြီးချိန်လောက်မှာ ဒေါ်ကြီးရေ၊ဒေါ်ကြီးရေ ဆိုတဲ့ ခေါ်သံ
ကြားရတယ်။

ကျွန်မအေမက အော်အကြီးကောင်တော့ ကွမ်းဖိုးလာတောင်းတာလားမသိဘူးလို့
ပြောတယ်” လို့ပြောပါတယ်။

တစ်လပြည့် ဆွမ်းကျွေးတော့ ဘုရားဆွမ်းတော်ကပ်ထားတာကို သွားကျွေးပြီး
ကလေးတွေကြောက်အောင်လာလာမပြနဲ့တော့ဆိုတော့ လာမပြတော့ဘူးလို့ မဇင်ဇင်အောင်ကဆိုပါတယ်။

မဇင်ဇင်အောင်က “ကျွန်မတိုက်ကြီးကို ဧပြီလ ၂၂ ရက်နေ့ကသွားတော့
ကွမ်းငုံပြီးစားထားတဲ့ အသံနဲ့ မကြီးရေ တံခါးလေးဖွင့်ပေးပါဆိုလာခေါ်တယ်။ ကျွန်မ အမတွေက လည်း ညဘက်ဆိုတော့ တံခါးမဖွင့်ပေးဘူး။နောက် ည ၁ နာရီလောက်မှာ တစ်ခါ လာတယ်။

မကြီးရေ တံခါးလေးဖွင့်ပေးပါဆိုပြီးလာခေါ်တာမျိုးကြားရတယ်။မနက်ကျတော့ ကျွန်မ အမတို့က သူတို့ ထင်တဲ့သူကို ညဘက်နင်လာသေးလား ဆိုတော့ အဲ့ဒီ့ကောင်လေးက မလာဘူးလို့ ဖြေတယ်။

ကျွန်မကတော့ ကျွန်မ ယောင်္ကျားအသံဆိုတာ မှတ်မိတယ်။သူက သူအသက်ရှိစဉ်ကတည်းက အိမ်လည်တာမျိုးကို မကြိုက်ဘူးလေ” လို့ပြောပါတယ်။
အဲ့သည့်တိုက်ကြီးကိစ္စက တစ်လပြည့် ဆွမ်းကျွေး အပြီးမှ ဖြစ်တဲ့ ကိစ္စဖြစ်ပါတယ်။
အိမ်နားမှာတော့ အသံဗလံ ကြားရတာမျိုးမရှိတော့ဘူးလို့ဆိုပါတယ်။

The Modern News Journal

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...