အရမ္းဝလြန္းလုိ႔ အန္ကယ္ဖက္တီးလုိ႔ေတာင္ နာမည္ေျပာင္ေပးခံေနရတဲ႔ ေမ်ာက္တစ္ေကာင္


ထုိင္းႏုိင္ငံ ဘန္ေကာက္ၿမိဳ႕က ေရေပၚေစ်းဝန္းက်င္မွာရွိတဲ႔ ဘာဘရီေမ်ာက္တစ္ေကာင္ဟာ လာေရာက္လည္ပတ္တဲ႔ ဧည့္သည္ေတြရဲ႕ ေကြ်းသမွ် အစားအစာေတြကုိ အငမ္းမရ စားသုံးေနတာေၾကာင့္ အရႊယ္နဲ႔မလုိက္ေအာင္ ကုိယ္အေလးခ်ိန္ မ်ားေနရၿပီး အန္ကယ္ဖက္တီးလုိ႔ပါ နာမည္ေျပာင္ေပးထားေနရပါတယ္။
ေပါင္ ၃၃ေပါင္ အေလးခ်ိန္ရွိေနတဲ႔ အန္ကယ္ဖက္တီးေမ်ာက္ဟာ ထုိင္းႏုိင္ငံကုိ လာေရာက္လည္ပတ္ၾကတဲ႔ ကမာၻလွည့္ခရီးမ်ား ေကြ်းသြားတဲ႔ ဖရဲသီးမ်ား ၊ Milk Shake မ်ား ၊ ေျပာင္းဖူးမ်ား ၊ ေခါက္ဆြဲမ်ားကုိ အလြန္အကြ်ံစားသုံးၿပီး လႈပ္ရွားမႈနည္းလာတာေၾကာင့္ အဝလြန္လာခဲ႔တာေၾကာင့္ တိရစာၦန္က်န္းမာေရး ထိန္းသိမ္းေစာင့္ေရွာက္ေရးကုိ ပုိ႔ေဆာင္ရေတာ့မွာျဖစ္ပါတယ္။ Monkey Lover အသင္းရဲ႕ ေျပာဆုိခ်က္အရေတာ့ ဒီေမ်ာက္ဟာ ကုိယ္အေလးခ်ိန္ မ်ားေနရံုတာျဖစ္ၿပီး အျခားက်န္းမာေရး ျပသာနာမ်ားမရွိေၾကာင္း သိရပါတယ္။ တာဝန္ရွိသူမ်ားအေနနဲ႔ ဘာဘရီေမ်ာက္ရဲ႕ ကုိယ္အေလးခ်ိန္တဝက္ေလာက္ က်ဆင္းသြားေအာင္ ျပဳလုပ္ေပးဖုိ႔ ရည္ရႊယ္ထားၿပီး ေမ်ာက္တစ္ေကာင္ရဲ႕ပုံစံအတုိင္း လႈပ္လႈပ္ရႊရႊ ျပန္ေနႏုိင္ေအာင္ ျပဳလုပ္ေပးသြာမွာျဖစ္ပါတယ္။ အဆုိပါ အန္ကယ္ဖက္တီးေမ်ာက္ဟာ ေရေပၚေစ်းဝန္းက်င္မွာ ေနထုိင္ၾကတဲ႔ ေမ်ာက္အုပ္ထဲက ေခါင္းေဆာင္တစ္ေကာင္ျဖစ္ပါတယ္။
ထုိင္းႏုိင္ငံဟာ ေတာတြင္းေမ်ာက္မ်ားစြာ ေနထုိင္က်က္စားရာ ေနရာေဒသတစ္ခုျဖစ္ၿပီး မ်က္ကြင္းညိဳေမ်ာက္လြဲေက်ာ္ႀကီးျဖစ္တဲ႔ ဂါဘြန္ေမ်ာက္ ၊ ေလာ္ရစ္ေမ်ာက္ ၊ လန္ဂါြေမ်ာက္နဲ႔ ဘာဘရီေမ်ာက္တုိ႔လုိ ေတာတြင္းေမ်ာက္မ်ားစြာကုိ ေတြ႕ျမင္ရႏုိင္ပါတယ္။ အဆုိပါေမ်ာက္မ်ားစြာဟာ ေျခဦးတည္ရာ ေလွ်ာက္သြားလာေနတာျဖစ္လုိ႔ လာေရာက္ၾကည့္ရွုသူမ်ားအေနနဲ႔ ေမ်ာက္မ်ားကုိ အနီးကပ္ေတြ႕ျမင္ရတာျဖစ္ၿပီး အဓိကအားျဖင့္ ကမာၻ႕လွည္ခရီးသည္မ်ားကုိ အဆြဲေဆာင္ႏုိင္ဆုံး ျဖစ္ပါတယ္ခင္ဗ်ာ။
Credit: Lwin Pyin
Unicode Version#
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ရေပေါ်ဈေးဝန်းကျင်မှာရှိတဲ့ ဘာဘရီမျောက်တစ်ကောင်ဟာ လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေရဲ့ ကျွေးသမျှ အစားအစာတွေကို အငမ်းမရ စားသုံးနေတာကြောင့် အရွှယ်နဲ့မလိုက်အောင် ကိုယ်အလေးချိန် များနေရပြီး အန်ကယ်ဖက်တီးလို့ပါ နာမည်ပြောင်ပေးထားနေရပါတယ်။
ပေါင် ၃၃ပေါင် အလေးချိန်ရှိနေတဲ့ အန်ကယ်ဖက်တီးမျောက်ဟာ ထိုင်းနိုင်ငံကို လာရောက်လည်ပတ်ကြတဲ့ ကမ္ဘာလှည့်ခရီးများ ကျွေးသွားတဲ့ ဖရဲသီးများ ၊ Milk Shake များ ၊ ပြောင်းဖူးများ ၊ ခေါက်ဆွဲများကို အလွန်အကျွံစားသုံးပြီး လှုပ်ရှားမှုနည်းလာတာကြောင့် အဝလွန်လာခဲ့တာကြောင့် တိရစ္ဆာန်ကျန်းမာရေး ထိန်းသိမ်းစောင့်ရှောက်ရေးကို ပို့ဆောင်ရတော့မှာဖြစ်ပါတယ်။ Monkey Lover အသင်းရဲ့ ပြောဆိုချက်အရတော့ ဒီမျောက်ဟာ ကိုယ်အလေးချိန် များနေရုံတာဖြစ်ပြီး အခြားကျန်းမာရေး ပြသာနာများမရှိကြောင်း သိရပါတယ်။ တာဝန်ရှိသူများအနေနဲ့ ဘာဘရီမျောက်ရဲ့ ကိုယ်အလေးချိန်တဝက်လောက် ကျဆင်းသွားအောင် ပြုလုပ်ပေးဖို့ ရည်ရွှယ်ထားပြီး မျောက်တစ်ကောင်ရဲ့ပုံစံအတိုင်း လှုပ်လှုပ်ရွှရွှ ပြန်နေနိုင်အောင် ပြုလုပ်ပေးသွာမှာဖြစ်ပါတယ်။ အဆိုပါ အန်ကယ်ဖက်တီးမျောက်ဟာ ရေပေါ်ဈေးဝန်းကျင်မှာ နေထိုင်ကြတဲ့ မျောက်အုပ်ထဲက ခေါင်းဆောင်တစ်ကောင်ဖြစ်ပါတယ်။
ထိုင်းနိုင်ငံဟာ တောတွင်းမျောက်များစွာ နေထိုင်ကျက်စားရာ နေရာဒေသတစ်ခုဖြစ်ပြီး မျက်ကွင်းညိုမျောက်လွဲကျော်ကြီးဖြစ်တဲ့ ဂါဘွန်မျောက် ၊ လော်ရစ်မျောက် ၊ လန်ဂါွမျောက်နဲ့ ဘာဘရီမျောက်တို့လို တောတွင်းမျောက်များစွာကို တွေ့မြင်ရနိုင်ပါတယ်။ အဆိုပါမျောက်များစွာဟာ ခြေဦးတည်ရာ လျှောက်သွားလာနေတာဖြစ်လို့ လာရောက်ကြည့်ရှုသူများအနေနဲ့ မျောက်များကို အနီးကပ်တွေ့မြင်ရတာဖြစ်ပြီး အဓိကအားဖြင့် ကမ္ဘာ့လှည်ခရီးသည်များကို အဆွဲဆောင်နိုင်ဆုံး ဖြစ်ပါတယ်ခင်ဗျာ။
Credit: Lwin Pyin

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...