ခရမ္းျပာဂယက္


ခရမ္းေရာင္လံုခ်ည္ကုိ ၀တ္ ဆင္၍ ပံုေတာ္ဖိနပ္ စီးထားသည့္ မိန္း ကေလးတစ္ဦး အစိမ္းေရာင္ ျမက္ခင္းေပၚတြင္ စာထိုင္ဖတ္ေနသည္။ မည္သူမည္၀ါမွန္းမသိရန္ မ်က္ႏွာကို ၀ါးထားၿပီး မ်က္ႏွာဖံုးကို ၀တ္ဆင္ထားသျဖင့္ ၎မ်က္ႏွာ ကို မျမင္ရေပ။ထိုျမင္ကြင္းသည္ ျမန္မာျပည္ရဲ႕ ပထမဆံုး HD ဟု ေၾကညာ ခဲ့သည့္ Violet of Myanmar ျမန္ မာ အျပာကား၏ အျမည္းတစ္ ပုိင္းတစ္စ ျဖစ္ပါသည္။
ႏွစ္နာရီေက်ာ္ ၾကာျမင့္သည့္ ျမန္မာအျပာကားကို Art Of Myanmar ဆုိသည့္ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာတြင္ အြန္လိုင္းမွတစ္ ဆင့္ က်ပ္တစ္ေသာင္းျဖင့္ ေရာင္းခ်မည္ဟု ေၾကညာခဲ့သည္။ အာ႐ံုစိုက္ခံရေစရန္ႏွင့္ စိတ္၀င္စားမႈရရွိရန္ ေလးမိနစ္ခန္႔ၾကာ အျမည္းအျဖစ္ ဗီဒီယုိဖိုင္တစ္ခုကို ႀကိဳတင္ျဖန္႔ေ၀ခဲ့ျခင္းျဖစ္သည္။
ထိုဇာတ္ကားကို ‘ခရမ္းျပာ’ ဟုလည္း ေခၚေ၀ၚေနသည္။ ဇာတ္ကား၀ယ္ယူရန္ အေမရိကန္ႏုိင္ငံကုတ္နံပါတ္ Viber နံပါတ္တစ္ခုျဖင့္ ဆက္သြယ္၀ယ္ယူရန္ ေျပာၾကားခဲ့ေသာ္လည္း နာရီပိုင္းအ တြင္း အမွာစာ ၂,၀၀၀ ခန္႔ ေရာက္လာသျဖင့္ Viber အေကာင့္ ပ်က္ သြားသည္ဟုဆုိုကာ အေရာင္းပိတ္ခဲ့သည္။
ထိုအျပာကား ျဖန္႔ခ်ိမည္ဆုိ သည္ကုိ အေရးယူမည္ဟု အာဏာပိုင္မ်ားက ဆုိေသာေၾကာင့္ Art Of Myanmar ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာသည္ ေပ်ာက္ကြယ္ခဲ့သည္။ ထို႔အတူ ႏွစ္နာရီစာ ႐ိုက္ကူးထား သည္ဟုဆုိသည့္ ဗီဒီယုိဖိုင္ ထြက္ေပၚလာျခင္းမရွိေတာ့ဘဲ လူဦးေရတစ္ရာထက္မနည္းကို လိုက္လံေမးျမန္းခဲ့ရာ အဆိုပါ ဗီဒီယုိကို ၾကည့္႐ႈဖူးသူ တစ္ေယာက္မွွ် မရွိေပ။ အဆုိပါအျပာကား ထြက္ရွိလာျခင္း ရွိ၊ မရွိကုိ မည္သူမွ် အတည္မျပဳႏုိင္ေသာ္လည္း ယင္းကဲ့သုိ႔ ႐ိုက္ကူးမႈအေပၚ အေကာင္း အဆုိး အျမင္ကဲြျပားေနသည္။
‘‘စြန္႔ဦးတီထြင္ေပါ့။ အေတာ္ စြန္႔စားရတာပဲ။ ရလဒ္ကေတာ့ တစ္ႏုိင္ငံလံုးရဲ႕ စိတ္၀င္စားမႈရ သြားတာပဲ။ ေအာင္ျမင္တယ္’’ဟု အသက္(၃၀)ေက်ာ္အရြယ္ ဆရာ၀န္တစ္ဦးက မွတ္ခ်က္ျပဳခဲ့ၿပီး ‘‘ဥပေဒအရ အစိုးရလည္း အခြန္မရ ဥပေဒလည္းမညီတဲ့ ေမွာင္ခုိစီးပြားေရးကို ေျဗာင္က်က်လုပ္ေနတယ္ျမင္တယ္’’ဟု အသက္ (၂၀)ေက်ာ္အရြယ္ လူငယ္ေတးေရးဆရာတစ္ဦးက မွတ္ခ်က္ျပဳခဲ့ သည္။ မွတ္ခ်က္ျပဳၾကသူအမ်ားစု က ၎တို႔နာမည္ကုိ ထုတ္ေဖာ္မေရးသားရန္ ေတာင္းဆိုထားၾက သည္။
ႏုိင္ငံတကာတြင္လည္း လိင္ မႈဆုိင္ရာမ်ားကို က်ယ္က်ယ္ျပန္႔ ျပန္႔ျဖင့္ လိင္ပိုင္းဆိုင္ရာ ညစ္ညမ္းျပကြက္မ်ားပါ၀င္သည့္ ေလးမိနစ္ ေက်ာ္ၾကာ အျမည္းအျဖစ္ လူမႈကြန္ရက္မ်ားေပၚ ေရာက္ရွိလာၿပီးေနာက္တြင္ေတာ့ အြန္လိုင္းသံုးစဲြသူမ်ားအၾကား အုန္းအုန္းကၽြက္ကၽြက္ျဖစ္သြားေတာ့သည္။ စီးပြားျဖစ္လုပ္ကိုင္ေနသည့္ ကိစၥတစ္ခုျဖစ္ေသာေၾကာင့္ ဇာတ္ကားျဖန္႔ခ်ိမႈက အထူးအဆန္းျဖစ္သည္ဟု မထင္မိေၾကာင္း စင္ကာပူႏုိင္ငံတြင္ သြားေရာက္အလုပ္လုပ္ေနသည့္ အသက္(၃၀)အရြယ္ အမ်ိဳး သားတစ္ဦးက ဆုိသည္။
‘‘တရား၀င္ႀကီး အြန္လိုင္းမွာ ျဖန္႔တာက အရမ္းပြင့္လင္းျမင္သာ မႈရွိတယ္ဆုိတာထက္ မျဖစ္သင့္ ေသးတဲ့ အရာလို႔ျမင္တယ္။ ဘာ ေၾကာင့္လဲဆိုေတာ့ ကိုယ့္ႏုိင္ငံက သူမ်ားႏိုင္ငံေတြနဲ႔လည္း မတူဘူး။ ဟိရိၾသတပၸတရားလည္းရွိတယ္။ ကိုယ့္ႏုိင္ငံ ကုိယ့္သိကၡာနဲ႔ အဲဒါမ်ိဳး မျဖစ္သင့္ဘူး’’ဟု ခရမ္းျပာဇာတ္ ကားႏွင့္ပတ္သက္၍ အသက္ (၂၀)ေက်ာ္အရြယ္ ကိုယ္ပိုင္လုပ္ငန္းရွင္ အမ်ိဳးသမီးတစ္ဦးက ၎အျမင္ကို ေျပာသည္။
ယင္းဇာတ္ကားကို အခ်ိဳ႕က စိတ္ခံစားမႈ သာယာလိုျခင္းထက္ ျမန္မာႏုိင္ငံအေနျဖင့္ ပထမဆံုး ႐ိုက္ကူးသည့္ဇာတ္ကားျဖစ္ေသာ ေၾကာင့္ စူးစမ္းလုိသျဖင့္ ၾကည့္႐ႈလိုျခင္းသာျဖစ္သည္ဟု ေဆးတကၠသုိလ္ေနာက္ဆံုးႏွစ္ တက္ေရာက္ေနသည့္ ေက်ာင္းသားတစ္ဦးက ေျပာသည္။
‘‘႐ုပ္ရွင္ခ်စ္သူေတြရဲ႕အျမင္ မွာ ျမန္မာ့႐ုပ္ရွင္ေလာက ႏုိင္ငံ ျခားက ႐ုပ္ရွင္ေတြလို တင္ဆက္ပံု ေကာင္းေကာင္း၊ ဇာတ္အိမ္ ေကာင္းေကာင္း မေပးႏုိင္ေတာ့ ျမန္မာ့႐ုပ္ရွင္ခ်စ္သူေတြက သိပ္ စိတ္ခ်မ္းသာမႈမရွိဘူးေပါ့...အဲဒီ ေတာ့ ႐ုပ္ရွင္ေလာကကမဟုတ္ဘဲ အခုလိုမ်ိဳး အျပာကားဆုိၿပီး ထြက္ လာတဲ့အေပၚမွာ သူ႔ရဲ႕တင္ဆက္မႈ အပိုင္း၊ အရည္အေသြးပိုင္းနဲ႔ပတ္ သက္ၿပီး ႏုိင္ငံျခားကို  ယွဥ္ႏုိင္ရဲ႕ လားဆိုၿပီး သိခ်င္႐ံုစိတ္သက္ သက္နဲ႔ ၾကည့္ခ်င္တာပါ’’ဟု ၎ က ဆုိသည္။
‘‘အရည္အေသြးပိုင္းကေတာ့ ၾကည္တယ္ဆုိယံုေပါ့။ အရမ္းအ ေကာင္းႀကီးမဟုတ္ဘူး’’ဟု ဗီဒီယို တည္းျဖတ္ထုတ္လုပ္သူ အသက္ (၂၇)ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦး က ၎၏ အျမင္ကို ေျပာသည္။ ထို႔အျပင္ ဇာတ္ကားတစ္ကားလံုး ရွိသည္ဆုိသည္မွာလည္း ျဖစ္ႏုိင္ ေျခနည္းသည္ဟု သူက သုံးသပ္ သည္။
ေခ်ာင္း႐ိုက္ဟုေခၚေသာ လိင္မႈကိစၥျပဳမူေနသည့္ ကာယကံ ရွင္မ်ားမသိေအာင္ ေခ်ာင္းေျမာင္း ႐ိုက္ကူး၍ ဗီဒီယုိဖိုင္မ်ားတင္ခဲ့ျခင္း သည္ အြန္လိုင္းေပၚတြင္ လြန္ခဲ့ သည့္ ဆယ္ႏွစ္ေက်ာ္ကစတင္ ပ်ံ႕ႏွံ႔ခဲ့သည္။ အြန္လိုင္းအသံုးျပဳမႈ မ်ားျပားလာသည္ႏွင့္အမွ် ေခ်ာင္း ႐ိုက္အဆင့္မွ ျမန္မာအျပာဇာတ္ ကားကို ကိုယ္တိုင္႐ိုက္ကူးထုတ္ လုပ္သည့္အဆင့္အထိ ပ်ံ႕ႏွံ႔လာျခင္းျဖစ္သည္။
‘‘ခုိး႐ိုက္တဲ့အေခြေတြနဲ႔ပတ္ သက္ၿပီး ေျပာရရင္ ျမန္မာျပည္ရဲ႕ အေနအထားက ဒီလိုမ်ိဳးျမန္မာ့ ယဥ္ေက်းမႈနဲ႔ဆန္႔က်င္တဲ့ကိစၥေတြ မွာ လူသိရွင္ရွားလုပ္လုိ႔မရဘူး။ လူ႔အသိုင္းအ၀ိုင္းကလည္း ဒါမ်ိဳး ေတြကို လက္သင့္မခံဘူးေလ။ အခုလို စီးပြားျဖစ္လုပ္လာတဲ့အ ေပၚမွာ သံုးသပ္မိတာက ဒီမုိကေရ စီအေျပာင္းအလဲကို အကဲစမ္း တယ္လုိ႔ပဲျမင္မိပါတယ္’’ဟု အ မည္မေဖာ္ျပလိုသည့္ စင္ကာပူ ႏုိင္ငံတြင္ ေနထိုင္အလုပ္လုပ္သူ က ေျပာသည္။
တရား၀င္ဇာတ္ကား႐ိုက္ကူး ခြင့္ေပးေရး၊ မေပးေရးကိစၥသည္ ျပည့္တန္ဆာကို တရား၀င္ ခြင့္ျပဳသင့္၊ ခြင့္မျပဳသင့္ကိစၥကဲ့သို႔ပင္ အျငင္းပြားစရာမ်ားႏွင့္ ျပည့္ႏွက္ေနသည္။
ခုိး၍ ႐ိုက္ကူးျခင္းသည္ ႐ိုက္ ကူးခံရသူမ်ားအတြက္ ထိခုိက္မႈ မ်ားရွိေသာေၾကာင့္ တရား၀င္႐ိုက္ ကူးခြင့္ျပဳသင့္ေၾကာင္း ျပည္သူ႔ ဆက္ဆံေရးေအဂ်င္စီတစ္ခုတြင္ Senior Accout Executive ရာ ထူးျဖင့္ တာ၀န္ထမ္းေဆာင္ေန သည့္ ကိုခန္႔ထက္ေအာင္က ၎ ၏ အျမင္ကို ေျပာသည္။
‘‘Porn Star ေတြအတြက္ ႐ုပ္ရွင္ထူးခၽြန္ဆုေပးတာေတာင္ရွိ တယ္။ အေနာက္ႏုိင္ငံေတြမွာ’’ဟု ၎က ဆုိသည္။
ထုိအလုပ္မ်ားကို စီးပြားေရး အေျခအေနအရ လုပ္ကုိင္သူမ်ား လည္းရွိႏုိင္ေသာေၾကာင့္ တရား ၀င္ခြင့္ျပဳပါက လိင္ကိစၥႏွင့္ပတ္ သက္၍ ပညာေပးလုပ္ငန္းမ်ားကို ပါ လုပ္ေဆာင္ႏုိင္မည္ဟု ေဆးတကၠသုိလ္ေက်ာင္းသားက ေျပာ သည္။
သို႔ေသာ္ တရား၀င္ ႐ိုက္ကူးခြင့္ျပဳလုိက္ျခင္းသည္ အရြယ္မေရာက္ေသးသူမ်ားအတြက္ အတုယူမွားစရာျဖစ္ႏုိင္ေၾကာင္း ျပည္ နည္းပညာတကၠသုိလ္တြင္ ပၪၥမႏွစ္၊ လွ်ပ္စစ္စြမ္းအားအင္ဂ်င္နီယာဘာသာရပ္ တက္ေရာက္ေနသည့္ ေက်ာင္းသားက ေျပာသည္။
‘‘ျမန္မာ့ယဥ္ေက်းမႈနဲ႔ၾကည့္ ရင္ေတာ့ မသင့္ေတာ္ဘူးေပါ့။ ဗုဒၵ ဘာသာႏုိင္ငံဆိုေတာ့ ညစ္ညမ္း ကားေတြမရွိသင့္ဘူးထင္တာပဲ။ သူ႔ဘာသာေခ်ာင္း႐ိုက္ေတြ ဘယ္ ေလာက္ထြက္ထြက္ တရား၀င္ လုပ္ကိုင္လာရင္ေတာ့ အပ်က္ ဘက္ကိုပဲ ဦးတည္ဖို႔မ်ားတယ္’’ဟု ၎က ဆုိသည္။
လက္ရွိအခ်ိန္တြင္ ျမန္မာအ ျပာကား ျဖန္႔ခ်ိျခင္းႏွင့္ပတ္သက္၍ အေရးယူမႈမ်ားလုပ္ေဆာင္ႏုိင္ရန္ သက္ဆုိင္ရာအဖဲြ႕အစည္းမ်ားက လည္း ေဆာင္ရြက္ေနသည္။
‘‘အေရးယူပုိုင္ခြင့္ရွိသေရြ႕က ေတာ့ အေရးယူမႈပါပဲ။ အုပ္ခ်ဳပ္ ေရးပိုင္းကို မွားတယ္လို႔ မေျပာလို ပါဘူး။ ဒါေပမဲ့ နာမည္ေက်ာ္တဲ့ လူေတြ Sex tape ပ်ံ႕ႏွံ႔ေနတာကုိ အေရးမယူတာေကာ ဘာသေဘာလဲ စီးပြားျဖစ္ျဖန္႔မွ ဖမ္းမွာလားဆိုတာ ေမးၾကည့္ခ်င္ပါတယ္’’ဟု ခရီးသြားလုပ္ငန္းလုပ္ကုိင္သည့္ အသက္ (၂၀) ေက်ာ္အရြယ္ အမ်ိဳး သားက ၎၏ အျမင္ကို ေျပာ သည္။
အေရးယူသည့္ ကိစၥအေပၚ တြင္လည္း အခ်ိဳ႕က မုဒိမ္းမႈမ်ား ကို အားေပးသလိုျဖစ္ႏုိုင္ေသာ ေၾကာင့္ တင္းတင္းက်ပ္က်ပ္အ ေရးယူမႈမ်ားျပဳလုပ္သင့္သည္ဟု ေျပာဆုိသူမ်ားရွိသလို အခ်ိဳ႕က လည္း ပထမဆံုးအႀကိမ္ျဖစ္ေသာ ေၾကာင့္ ပညာေပးလုပ္ငန္းမ်ားျဖင့္ ထိန္းခ်ဳပ္သင့္ေၾကာင္း အႀကံျပဳ ၾကသည္။
Violet of Myanmar ဇာတ္ ကားႏွင့္ပတ္သက္၍ အျငင္းပြားစ ရာကိစၥမ်ားရွိေနၿပီး လူမႈကြန္ရက္တြင္လည္း ပဲြဆူေစခဲ့သည္။ ေပ်ာက္ဆံုးေနသည္ဟုဆုိသည့္ ႏွစ္နာရီစာ ဇာတ္ကားလင့္ခ္ဟုဆို ကာ စေနာက္ထားသည့္ အတုအ ေယာင္မ်ားကို ေ၀မွ်သူမ်ားလည္း ရွိခဲ့သည္။ အခ်ိဳ႕ကလည္း ခရမ္း ေရာင္ကားပံုကို ေဒါင္းလုတ္ဆဲြ၍ စေနာက္မႈမ်ားရွိခဲ့သလုိ အြန္လုိင္း နာမည္ေက်ာ္မ်ားကလည္း ခရမ္း ျပာအမည္ျဖင့္ သေရာ္သည့္ဗီဒီယုိ ဖိုင္မ်ား ႐ိုက္ကူး၍ ေဖာ္ျပခဲ့ၾကသည္အထိ ႐ိုက္ခတ္မႈရွိခဲ့သည္။
ျမန္မာအျပာကား႐ိုက္ကူးမႈ ႏွင့္ပတ္သက္၍ အထက္တြင္ေျပာ ခဲ့သည့္ နည္းပညာတကၠသိုလ္ ေက်ာင္းသားက ၎၏ အျမင္ကို ယခုလို ေျပာသည္။
‘‘အားေပးတဲ့သူေတြလည္း ရွိမွာပဲ။ ကန္႔ကြက္တဲ့သူေတြလည္း ရွိမွာပဲ ကိုယ္ေတြကေတာ့ မျဖစ္ေစ ခ်င္ဘူး။ ႏုိင္ငံျခားပဲအားေပးၾကပါ သိသာသိေစ၊ မျမင္ေစနဲ႔ေပါ့ေနာ္’’
Credit: 7daydaily
http://www.7daydaily.com/story/95101
ခရမ်းရောင်လုံချည်ကို ဝတ် ဆင်၍ ပုံတော်ဖိနပ် စီးထားသည့် မိန်း ကလေးတစ်ဦး အစိမ်းရောင် မြက်ခင်းပေါ်တွင် စာထိုင်ဖတ်နေသည်။ မည်သူမည်ဝါမှန်းမသိရန် မျက်နှာကို ဝါးထားပြီး မျက်နှာဖုံးကို ဝတ်ဆင်ထားသဖြင့် ၎င်းမျက်နှာ ကို မမြင်ရပေ။ထိုမြင်ကွင်းသည် မြန်မာပြည်ရဲ့ ပထမဆုံး HD ဟု ကြေညာ ခဲ့သည့် Violet of Myanmar မြန် မာ အပြာကား၏ အမြည်းတစ် ပိုင်းတစ်စ ဖြစ်ပါသည်။
နှစ်နာရီကျော် ကြာမြင့်သည့် မြန်မာအပြာကားကို Art Of Myanmar ဆိုသည့် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် အွန်လိုင်းမှတစ် ဆင့် ကျပ်တစ်သောင်းဖြင့် ရောင်းချမည်ဟု ကြေညာခဲ့သည်။ အာရုံစိုက်ခံရစေရန်နှင့် စိတ်ဝင်စားမှုရရှိရန် လေးမိနစ်ခန့်ကြာ အမြည်းအဖြစ် ဗီဒီယိုဖိုင်တစ်ခုကို ကြိုတင်ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။
ထိုဇာတ်ကားကို ‘ခရမ်းပြာ’ ဟုလည်း ခေါ်ဝေါ်နေသည်။ ဇာတ်ကားဝယ်ယူရန် အမေရိကန်နိုင်ငံကုတ်နံပါတ် Viber နံပါတ်တစ်ခုဖြင့် ဆက်သွယ်ဝယ်ယူရန် ပြောကြားခဲ့သော်လည်း နာရီပိုင်းအ တွင်း အမှာစာ ၂,ဝ၀ဝ ခန့် ရောက်လာသဖြင့် Viber အကောင့် ပျက် သွားသည်ဟုဆိုုကာ အရောင်းပိတ်ခဲ့သည်။
ထိုအပြာကား ဖြန့်ချိမည်ဆို သည်ကို အရေးယူမည်ဟု အာဏာပိုင်များက ဆိုသောကြောင့် Art Of Myanmar ဖေ့စ်ဘွတ်ခ်စာမျက်နှာသည် ပျောက်ကွယ်ခဲ့သည်။ ထို့အတူ နှစ်နာရီစာ ရိုက်ကူးထား သည်ဟုဆိုသည့် ဗီဒီယိုဖိုင် ထွက်ပေါ်လာခြင်းမရှိတော့ဘဲ လူဦးရေတစ်ရာထက်မနည်းကို လိုက်လံမေးမြန်းခဲ့ရာ အဆိုပါ ဗီဒီယိုကို ကြည့်ရှုဖူးသူ တစ်ယောက်မျှ မရှိပေ။ အဆိုပါအပြာကား ထွက်ရှိလာခြင်း ရှိ၊ မရှိကို မည်သူမျှ အတည်မပြုနိုင်သော်လည်း ယင်းကဲ့သို့ ရိုက်ကူးမှုအပေါ် အကောင်း အဆိုး အမြင်ကွဲပြားနေသည်။
‘‘စွန့်ဦးတီထွင်ပေါ့။ အတော် စွန့်စားရတာပဲ။ ရလဒ်ကတော့ တစ်နိုင်ငံလုံးရဲ့ စိတ်ဝင်စားမှုရ သွားတာပဲ။ အောင်မြင်တယ်’’ဟု အသက်(၃၀)ကျော်အရွယ် ဆရာဝန်တစ်ဦးက မှတ်ချက်ပြုခဲ့ပြီး ‘‘ဥပဒေအရ အစိုးရလည်း အခွန်မရ ဥပဒေလည်းမညီတဲ့ မှောင်ခိုစီးပွားရေးကို ဗြောင်ကျကျလုပ်နေတယ်မြင်တယ်’’ဟု အသက် (၂၀)ကျော်အရွယ် လူငယ်တေးရေးဆရာတစ်ဦးက မှတ်ချက်ပြုခဲ့ သည်။ မှတ်ချက်ပြုကြသူအများစု က ၎င်းတို့နာမည်ကို ထုတ်ဖော်မရေးသားရန် တောင်းဆိုထားကြ သည်။
နိုင်ငံတကာတွင်လည်း လိင် မှုဆိုင်ရာများကို ကျယ်ကျယ်ပြန့် ပြန့်ဖြင့် လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းပြကွက်များပါဝင်သည့် လေးမိနစ် ကျော်ကြာ အမြည်းအဖြစ် လူမှုကွန်ရက်များပေါ် ရောက်ရှိလာပြီးနောက်တွင်တော့ အွန်လိုင်းသုံးစွဲသူများအကြား အုန်းအုန်းကျွက်ကျွက်ဖြစ်သွားတော့သည်။ စီးပွားဖြစ်လုပ်ကိုင်နေသည့် ကိစ္စတစ်ခုဖြစ်သောကြောင့် ဇာတ်ကားဖြန့်ချိမှုက အထူးအဆန်းဖြစ်သည်ဟု မထင်မိကြောင်း စင်ကာပူနိုင်ငံတွင် သွားရောက်အလုပ်လုပ်နေသည့် အသက်(၃၀)အရွယ် အမျိုး သားတစ်ဦးက ဆိုသည်။
‘‘တရားဝင်ကြီး အွန်လိုင်းမှာ ဖြန့်တာက အရမ်းပွင့်လင်းမြင်သာ မှုရှိတယ်ဆိုတာထက် မဖြစ်သင့် သေးတဲ့ အရာလို့မြင်တယ်။ ဘာ ကြောင့်လဲဆိုတော့ ကိုယ့်နိုင်ငံက သူများနိုင်ငံတွေနဲ့လည်း မတူဘူး။ ဟိရိသြတပ္ပတရားလည်းရှိတယ်။ ကိုယ့်နိုင်ငံ ကိုယ့်သိက္ခာနဲ့ အဲဒါမျိုး မဖြစ်သင့်ဘူး’’ဟု ခရမ်းပြာဇာတ် ကားနှင့်ပတ်သက်၍ အသက် (၂၀)ကျော်အရွယ် ကိုယ်ပိုင်လုပ်ငန်းရှင် အမျိုးသမီးတစ်ဦးက ၎င်းအမြင်ကို ပြောသည်။
ယင်းဇာတ်ကားကို အချို့က စိတ်ခံစားမှု သာယာလိုခြင်းထက် မြန်မာနိုင်ငံအနေဖြင့် ပထမဆုံး ရိုက်ကူးသည့်ဇာတ်ကားဖြစ်သော ကြောင့် စူးစမ်းလိုသဖြင့် ကြည့်ရှုလိုခြင်းသာဖြစ်သည်ဟု ဆေးတက္ကသိုလ်နောက်ဆုံးနှစ် တက်ရောက်နေသည့် ကျောင်းသားတစ်ဦးက ပြောသည်။
‘‘ရုပ်ရှင်ချစ်သူတွေရဲ့အမြင် မှာ မြန်မာ့ရုပ်ရှင်လောက နိုင်ငံ ခြားက ရုပ်ရှင်တွေလို တင်ဆက်ပုံ ကောင်းကောင်း၊ ဇာတ်အိမ် ကောင်းကောင်း မပေးနိုင်တော့ မြန်မာ့ရုပ်ရှင်ချစ်သူတွေက သိပ် စိတ်ချမ်းသာမှုမရှိဘူးပေါ့...အဲဒီ တော့ ရုပ်ရှင်လောကကမဟုတ်ဘဲ အခုလိုမျိုး အပြာကားဆိုပြီး ထွက် လာတဲ့အပေါ်မှာ သူ့ရဲ့တင်ဆက်မှု အပိုင်း၊ အရည်အသွေးပိုင်းနဲ့ပတ် သက်ပြီး နိုင်ငံခြားကို  ယှဉ်နိုင်ရဲ့ လားဆိုပြီး သိချင်ရုံစိတ်သက် သက်နဲ့ ကြည့်ချင်တာပါ’’ဟု ၎င်း က ဆိုသည်။
‘‘အရညအသွေးပိုင်းကတော့ ကြည်တယ်ဆိုယုံပေါ့။ အရမ်းအ ကောင်းကြီးမဟုတ်ဘူး’’ဟု ဗီဒီယို တည်းဖြတ်ထုတ်လုပ်သူ အသက် (၂၇)နှစ်အရွယ် အမျိုးသားတစ်ဦး က ၎င်း၏ အမြင်ကို ပြောသည်။ ထို့အပြင် ဇာတ်ကားတစ်ကားလုံး ရှိသည်ဆိုသည်မှာလည်း ဖြစ်နိုင် ခြေနည်းသည်ဟု သူက သုံးသပ် သည်။
ချောင်းရိုက်ဟုခေါ်သော လိင်မှုကိစ္စပြုမူနေသည့် ကာယကံ ရှင်များမသိအောင် ချောင်းမြောင်း ရိုက်ကူး၍ ဗီဒီယိုဖိုင်များတင်ခဲ့ခြင်း သည် အွန်လိုင်းပေါ်တွင် လွန်ခဲ့ သည့် ဆယ်နှစ်ကျော်ကစတင် ပျံ့နှံ့ခဲ့သည်။ အွန်လိုင်းအသုံးပြုမှု များပြားလာသည်နှင့်အမျှ ချောင်း ရိုက်အဆင့်မှ မြန်မာအပြာဇာတ် ကားကို ကိုယ်တိုင်ရိုက်ကူးထုတ် လုပ်သည့်အဆင့်အထိ ပျံ့နှံ့လာခြင်းဖြစ်သည်။
‘‘ခိုးရိုက်တဲ့အခွေတွေနဲ့ပတ် သက်ပြီး ပြောရရင် မြန်မာပြည်ရဲ့ အနေအထားက ဒီလိုမျိုးမြန်မာ့ ယဉ်ကျေးမှုနဲ့ဆန့်ကျင်တဲ့ကိစ္စတွေ မှာ လူသိရှင်ရှားလုပ်လို့မရဘူး။ လူ့အသိုင်းအဝိုင်းကလည်း ဒါမျိုး တွေကို လက်သင့်မခံဘူးလေ။ အခုလို စီးပွားဖြစ်လုပ်လာတဲ့အ ပေါ်မှာ သုံးသပ်မိတာက ဒီမိုကရေ စီအပြောင်းအလဲကို အကဲစမ်း တယ်လို့ပဲမြင်မိပါတယ်’’ဟု အ မည်မဖော်ပြလိုသည့် စင်ကာပူ နိုင်ငံတွင် နေထိုင်အလုပ်လုပ်သူ က ပြောသည်။
တရားဝင်ဇာတ်ကားရိုက်ကူး ခွင့်ပေးရေး၊ မပေးရေးကိစ္စသည် ပြည့်တန်ဆာကို တရားဝင် ခွင့်ပြုသင့်၊ ခွင့်မပြုသင့်ကိစ္စကဲ့သို့ပင် အငြင်းပွားစရာများနှင့် ပြည့်နှက်နေသည်။
ခိုး၍ ရိုက်ကူးခြင်းသည် ရိုက် ကူးခံရသူများအတွက် ထိခိုက်မှု များရှိသောကြောင့် တရားဝင်ရိုက် ကူးခွင့်ပြုသင့်ကြောင်း ပြည်သူ့ ဆက်ဆံရေးအေဂျင်စီတစ်ခုတွင် Senior Accout Executive ရာ ထူးဖြင့် တာဝန်ထမ်းဆောင်နေ သည့် ကိုခန့်ထက်အောင်က ၎င်း ၏ အမြင်ကို ပြောသည်။
‘‘Porn Star တွေအတွက် ရုပ်ရှင်ထူးချွန်ဆုပေးတာတောင်ရှိ တယ်။ အနောက်နိုင်ငံတွေမှာ’’ဟု ၎င်းက ဆိုသည်။
ထိုအလုပ်များကို စီးပွားရေး အခြေအနေအရ လုပ်ကိုင်သူများ လည်းရှိနိုင်သောကြောင့် တရား ဝင်ခွင့်ပြုပါက လိင်ကိစ္စနှင့်ပတ် သက်၍ ပညာပေးလုပ်ငန်းများကို ပါ လုပ်ဆောင်နိုင်မည်ဟု ဆေးတက္ကသိုလ်ကျောင်းသားက ပြော သည်။
သို့သော် တရားဝင် ရိုက်ကူးခွင့်ပြုလိုက်ခြင်းသည် အရွယ်မရောက်သေးသူများအတွက် အတုယူမှားစရာဖြစ်နိုင်ကြောင်း ပြည် နည်းပညာတက္ကသိုလ်တွင် ပဉ္စမနှစ်၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဘာသာရပ် တက်ရောက်နေသည့် ကျောင်းသားက ပြောသည်။
‘‘မြန်မာ့ယဉ်ကျေးမှုနဲ့ကြည့် ရင်တော့ မသင့်တော်ဘူးပေါ့။ ဗုဒ္ဒ ဘာသာနိုင်ငံဆိုတော့ ညစ်ညမ်း ကားတွေမရှိသင့်ဘူးထင်တာပဲ။ သူ့ဘာသာချောင်းရိုက်တွေ ဘယ် လောက်ထွက်ထွက် တရားဝင် လုပ်ကိုင်လာရင်တော့ အပျက် ဘက်ကိုပဲ ဦးတည်ဖို့များတယ်’’ဟု ၎င်းက ဆိုသည်။
လက်ရှိအချိန်တွင် မြန်မာအ ပြာကား ဖြန့်ချိခြင်းနှင့်ပတ်သက်၍ အရေးယူမှုများလုပ်ဆောင်နိုင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများက လည်း ဆောင်ရွက်နေသည်။
‘‘အရေးယူပိုုင်ခွင့်ရှိသရွေ့က တော့ အရေးယူမှုပါပဲ။ အုပ်ချုပ် ရေးပိုင်းကို မှားတယ်လို့ မပြောလို ပါဘူး။ ဒါပေမဲ့ နာမည်ကျော်တဲ့ လူတွေ Sex tape ပျံ့နှံ့နေတာကို အရေးမယူတာကော ဘာသဘောလဲ စီးပွားဖြစ်ဖြန့်မှ ဖမ်းမှာလားဆိုတာ မေးကြည့်ချင်ပါတယ်’’ဟု ခရီးသွားလုပ်ငန်းလုပ်ကိုင်သည့် အသက် (၂၀) ကျော်အရွယ် အမျိုး သားက ၎င်း၏ အမြင်ကို ပြော သည်။
အရေးယူသည့် ကိစ္စအပေါ် တွင်လည်း အချို့က မုဒိမ်းမှုများ ကို အားပေးသလိုဖြစ်နိုုင်သော ကြောင့် တင်းတင်းကျပ်ကျပ်အ ရေးယူမှုများပြုလုပ်သင့်သည်ဟု ပြောဆိုသူများရှိသလို အချို့က လည်း ပထမဆုံးအကြိမ်ဖြစ်သော ကြောင့် ပညာပေးလုပ်ငန်းများဖြင့် ထိန်းချုပ်သင့်ကြောင်း အကြံပြု ကြသည်။
Violet of Myanmar ဇာတ် ကားနှင့်ပတ်သက်၍ အငြင်းပွားစ ရာကိစ္စများရှိနေပြီး လူမှုကွန်ရက်တွင်လည်း ပွဲဆူစေခဲ့သည်။ ပျောက်ဆုံးနေသည်ဟုဆိုသည့် နှစ်နာရီစာ ဇာတ်ကားလင့်ခ်ဟုဆို ကာ စနောက်ထားသည့် အတုအ ယောင်များကို ဝေမျှသူများလည်း ရှိခဲ့သည်။ အချို့ကလည်း ခရမ်း ရောင်ကားပုံကို ဒေါင်းလုတ်ဆွဲ၍ စနောက်မှုများရှိခဲ့သလို အွန်လိုင်း နာမည်ကျော်များကလည်း ခရမ်း ပြာအမည်ဖြင့် သရော်သည့်ဗီဒီယို ဖိုင်များ ရိုက်ကူး၍ ဖော်ပြခဲ့ကြသည်အထိ ရိုက်ခတ်မှုရှိခဲ့သည်။
မြန်မာအပြာကားရိုက်ကူးမှု နှင့်ပတ်သက်၍ အထက်တွင်ပြော ခဲ့သည့် နည်းပညာတက္ကသိုလ် ကျောင်းသားက ၎င်း၏ အမြင်ကို ယခုလို ပြောသည်။
‘‘အားပေးတဲ့သူတွေလည်း ရှိမှာပဲ။ ကန့်ကွက်တဲ့သူတွေလည်း ရှိမှာပဲ ကိုယ်တွေကတော့ မဖြစ်စေ ချင်ဘူး။ နိုင်ငံခြားပဲအားပေးကြပါ သိသာသိစေ၊ မမြင်စေနဲ့ပေါ့နော်’’

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...