သူနာပြုဆရာမဆီကနေ လုယက်မှုဖြစ်ပွား





သတင်းထောက် - ဖြိုးကိုလင်း (ညောင်ဝိုင်း)
5 Plus News
https://www.facebook.com/5plusnews/

ပဲခူးတိုင်းဒေသကြီး၊တောင်ငူမြို့မှာ ဧပြီလ(၂၉)ရက် ည(၁၂)နာရီလောက်က
တောင်ငူပြည်သူ့ဆေးရုံဝင်းအတွင်းမှာ အမျိုးသားတစ်ဦးက အထက်တန်း သူနာပြုဆရာမတစ်ဦးဆီကနေငွေနဲ့ရွှေလက်စွပ်ကိုလုယက်ထွက်ပြေးမှုဖြစ်ပွားခဲ့ပါတယ်။ဖြစ်စဉ်မှာ သူနာပြုဆရာမတစ်ဦးထဲ အဆောင်ကိုပြန်လာစဉ် အမျိုးသားတစ်ဦးက ဆိုင်ကယ်စီးနှင်းလာပြီး ပိုက်ဆံအိတ်ကိုလုယူခဲ့ တာကြောင့် တန်ဖိုးစုစုပေါင်းငွေကျပ်(၆)သိန်းလောက် ပါသွားတယ်လို့ ဆိုပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပိုက်ဆံအိတ်လုယူခံရတဲ့ သူနာပြု ဆရာမက တောင်ငူမြို့မအမှတ်(၁) စခန်းကို သွားရောက်တိုင်တန်း ထားတယ်လို့ သိရပါတယ်။

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...