ပလတ်စတစ် သားအိမ်တု အသုံးပြုပြီး သိုးပေါက်လေးကို အောင်မြင်စွာ စမ်းသပ်မွေးဖွား


အခုမြင်တွေ့ရတာကတော့ တုပ၊ ဖန်တီးပြုလုပ်ထားတဲ့ ပလတ်စတစ် သားအိမ်တု အတွင်းထဲမှာ ရက်သတ္တပတ် လေးပတ်အကြာအထိ ဖွံ့ဖြိုးအသက်ဆက်နေနိုင်သေးတဲ့ သိုးပေါက်လေးတစ်ကောင်ပဲ ဖြစ်ပါတယ်။ သိုးပေါက်လေး ရှစ်ကောင်ဟာ လမစေ့ဘဲ မွေးဖွားခဲ့ရပြီး ဆက်လက် ကြီးထွား၊ အသက်ဆက်နိုင်ဖို့ အတွက် External Womb သားအိမ်တုတွေထဲ ရွှေ့ပြောင်းခံခဲ့ရပါတယ်။ Biobag လို့ခေါ်တဲ့ အဲဒီသားအိမ်တုဟာ သိုးမိခင်ကြီးရဲ့ သားအိမ်ပုံစံ တုပ ပြုလုပ်ထားတဲ့ Plastic Bag ပါဝင်လို့ သန္ဓေသားလောင်း သိုးပေါက်လေးတွေကို အသက်ပျောက်မသွားအောင် ကာကွယ်ပေးထားခဲ့ပါတယ်။
Biobag အတွင်းမှာတော့ လျှပ်စစ်စီးဝင်နိုင်တဲ့ Electrolyte Solution ပါဝင်ပြီး သန္ဓေသားလောင်းတွေ ဖွံ့ဖြိုးလာဖို့ ထောက်ပံ့၊ ကူညီပေးပါတယ်။ သန္ဓေသားလောင်း သိုးပေါက်လေးရဲ့ ချက်ကြိုးကိုတော့ ကိရိယာတစ်ခုနဲ့ ဆက်သွယ်ထားပြီး အဲဒီကိရိယာကနေ တစ်ဆင့် သွေးထဲမှာရှိတဲ့ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေကို ဖြည့်တင်းပေးပါတယ်။ အခုလိုစမ်းသပ်အပြီး တစ်လနီးပါး အကြာမှာတော့ သန္ဓေသားလောင်း သိုးပေါက်လေးရဲ့ အဆုတ်နဲ့ ဦးနှောက်တွေဟာ အရွယ်ရောက်၊ ရင့်ကျက်လာတဲ့ အနေအထားကို ရောက်ရှိလို့လာခဲ့ပါတယ်။
ဒါ့ပြင် သိုးမွေးလေးတွေလည်း ပေါက်လာ၊ မျက်လုံးလေးတွေလည်း ပွင့်လာတဲ့အပြင် တံတွေး မျိုချနိုင်ဖို့အတွက်ပါ သင်ယူလာနိုင်တဲ့အခြေအနေကို ရောက်ရှိလာခဲ့ပါတယ်။ လတ်တလောမှာတော့ အခုနည်းပညာကို သိုးတွေနဲ့သာ စမ်းသပ်နေဆဲအဆင့် ဖြစ်ပေမဲ့ လာမယ့် နောင်အနာဂတ်မှာတော့ လမစေ့ဘဲ မွေးဖွားလာမယ့် လူသား ကလေးတွေကိုပါ ကူညီနိုင်လိမ့်မှာပဲ ဖြစ်ပါတယ်။
Credit: MOMOLAY

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...