ATM စက်ကိုမီးရှို့ပြီး သေးနဲ့ပန်းခဲ့တဲ့လူငယ် ဖမ်းဆီးခံရ





အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးက စက်ရုံမှအလုပ်ထုတ်ခံခဲ့ရသဖြင့် ညစ်တွန်းတွန်းကာ အလိုအလျောက်ငွေထုတ်စက် ATM စက်ကို မီးရှို့ခဲ့သဖြင့် ဖမ်းဆီးခံခဲ့ရသည်။

အသက် ၁၉ နှစ်အရွယ် “လီ”ဟူသော လူငယ်က ရှန်ဟိုင်းမြို့ရှိ ATM စက်တစ်ခုကို နှာခေါင်းစည်း အနက်ရောင်စည်းကာ ဝင်လာခဲ့ပြီးနောက် ATM စက်တွင် တပ်ဆင်ထားသော ကင်မရာကို အနက်ရောင်ဆော့ပင်နှင့် ရေးခြစ်ကာ သူ့ကိုမမြင်ရစေရေန် လုပ်ဆောင်ခဲ့သည်။ သို့သော် ဘဏ်တွင် အခြားကင်မရာများတပ်ဆင်ထားသည်ကို သူ့အနေနဲ့ သိရှိပုံမရပါ။

ထို့နောက် အိပ်ထဲမှ သံရိုက်တူကိုထုတ်က ATM စက်ကို ရိုက်နှက်ဖျက်ဆီးခဲ့သည်။ ဖျက်ဆီးလို့ အားမရသေးပဲ ATM စက်ကို ဓါတ်ဆီလောင်းကာ မီးရှို့သည်။ မီးတောက်က ကြီးလာသည့်အခါ စိုးရိမ်စိတ်ဝင်လာပြီး လေနဲ့ မှုတ်ငြိမ်းသော်လည်း မရသဖြင့် ကြံရာမရသည့်အဆုံး ဘောင်းဘီချွတ်ချပြီး သေးနဲ့ပန်းကာ မီးငြိမ်းသတ်ခဲ့သည်။ကျပ်ငွေ ၂၃၇ သိန်းခန့် တန်ဖိုးရှိတဲ့ ATM စက်ကို ဖျက်ဆီးမှုနဲ့ “လီ”ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ATM စက်ကို ဖျက်ဆီးရတဲ့ ရည်ရွယ်ချက်ကို မေးမြန်တဲ့အခါ “ငါက အလုပ်ပြုတ်သွားလို့ သုံးစရာပိုက်ဆံမရှိဘူး၊ ဒီတော့ တစ်ခြားလူတွေလဲ ငါ့လိုပိုက်ဆံသုံးလို့မရအောင် အခုလို ဖျက်ဆီးတာ” လို့ ထွက်ဆိုခဲ့ပါတယ်။
Credit:popolay

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...