၁၅ ဦး သေဆုံးခဲ့ရသည့် မကွေး KTV မီးလောင်မှုဖြစ်စဉ် အမှန်


------ အောင်သူရိန် --------
ဧပြီလ ၂ ရက် ညပိုင်း (၁၀)နာရီခန့် အချိန်က မကွေးမြို့ရှိ 
ရွှေမြတ်မင်းသမီး ကေတီဗီဆိုင် မီးလောင်ကျွမ်းမှုကြောင့် 
ဆိုင်တွင်ရှိသော ဝန်ထမ်း အမျိုးသား(၁၁)ဦးနှင့်အမျိုးသမီး
(၄)ဦး မီးလောင်သေဆုံးပြီး အမျိုးသမီး(၁)ဦးဒဏ်ရာ ရရှိ
ခဲ့ခြင်းမှာ လုပ်ကြံသတ်ဖြတ်ခြင်းမျိုး မဟုတ်ဘဲ မီးလောင်
နေချိန်၌ ပြေး၍ မလွတ်တော့သောကြောင့်ဟု မကွေးမြို့မ
ရဲစခန်းမှ ဒုရဲမှူး စိန်အောင်က ပြောသည်။
မီးလောင်မှုဖြစ်ပွားခဲ့သည့် မကွေးမြို့ ပေါ်ရှိနေရာမှာ သစ္စာ
လမ်းနှင့်(၂၉)လမ်းထောင့် မြင်သာရပ်ကွက်တွင် ဖြစ်ပြီး 
အခင်းဖြစ်သည့်အချိန်မှစ၍ လူမှုကွန်ရက်အချို့ တွင် ပျံ့ နှံ့  လာခဲ့သည်
အချက်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်ပတ်သက်နေခြင်း အပြင်၊ လုပ်ကြံသတ်ဖြတ်ခြင်းမျိုးဟု ဆိုသော အချက်များဖြစ်နေသည်။ " အဲဒီလို
တော့ မဟုတ်ပါဘူး။ မီးမလောင်ခင်ကတည်းက အခန်းထဲမှာ အဲကွန်းဖွင့်
ပြီး အကုန်လုံး အိပ်နေကြတယ်။ မီးလောင်နေချိန်မှာ အိပ် ပျော်နေတော့ 
သူတို့ မသိလိုက်ဘူး။ သူတို့ သိတဲ့ အချိန်မှာ ကော်ရစ်ဒါ ထွက်ပေါက်တစ်ခု
ပဲ ရှိတော့ သူတို့ ထွက်ပြေး လို့ မလွတ်တော့ပဲ အကုန်လုံး သေသွားရတာ " 
ဟု ဒုရဲမှုး က ပြောသည်။ အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်စဉ်ကို မကွေး
တိုင်းဒေသကြီးအစိုးရအဖွဲ့ကအနီးကပ်ကြီးကြပ်၍မီးသတ် 
ဦးစီးဌာန၊ လျှပ်စစ်ဌာနနှင့်သက်ဆိုင်ရာဌာနများပူပေါင်းစစ်
ဆေးပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ထံ အစီရင်ခံတင်ပြ
ထားကြောင်းသိရသည်။ " မီးလောင်တာက ဝါယာရှော့က
နေတစ်ဆင့် လောင်တာပါ။ ဝါယာကြိုးတွေက ဟောင်းနေ
ပြီ။ လျှပ်စစ်ကိုလဲ အလွန်အကျွံသုံးစွဲထားတာတွေ့ရတယ် ပိုင်ရှင်ကိုလည်း အရေးယူထားပြီးပြီ " ဟု ဒုရဲမှုး စိန်အောင်
က ဆက်လက်ပြောကြားသည်။
ယင်းမီးလောင်မှု ဖြစ်စဉ်ကြောင့် ဆိုင်ပိုင်ရှင် ဦးရဲညွန့်အား (ပ) ၁၉၁/၂၀၁၇၊ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅၊ ၃၀၄(က)ဖြင့် မကွေးမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထား
ကြောင်း သိရသည်။

Credit, AKonThi

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...