မႏၲေလးမွာ ပရိတ္သတ္ႏွင့္ စကားမ်ားၿပီး IC ပဲြပ်က္


မႏၱေလးၿမိဳ႕ေတာ္ မဟာသႀကၤန္ပြဲတြင္ ေဖ်ာ္ေျဖေနသည့္ IC Show ပြဲတြင္ ပရိတ္သတ္က သီခ်င္းေတာင္းဆုိရာကေနစၿပီး ပရိတ္သတ္မ်ား ႏွင့္ အခ်င္းမ်ားကာ သႀကၤန္အၾကတ္ေန႔က ႐ိႈးပြဲပ်က္ခဲ့ရသည္။
ICအဖြဲ႔သည္ မႏၲေလးျမိဳ႕၊ က်ံဳးေျမာက္ဘက္၊ ရတနာပုံတရိစာၦန္ဥယ်ာဥ္ေရွ႕တြင္ ဧျပီ ၁၄ ရက္ကစတင္ ေဖ်ာ္ေျဖလ်က္ရွိရာ ဧျပီ ၁၅ ရက္ ညေန ၃ နာရီေက်ာ္တြင္ ယခုလို ျပႆနာျဖစ္ပြားျခင္းျဖစ္သည္။
မ်က္ျမင္မ်ား၏ ေျပာစကားအရ သီခ်င္းေတာင္းရာမွ ျပႆနာ စတင္ျဖစ္ေၾကာင္းသိရသည္။
IC Show ပြဲ စတိတ္စင္အနီး လံုၿခံဳေရးယူထားသည့္ ရဲတပ္ဖြဲ႕ဝင္မ်ားကမူ ယေန႔ညေန အေျခအေနအေပၚ တစ္စံုတစ္ရာေျပာဆုိျခင္းမရွိေပ။
ေအာင္ကိုဦး
Credit:Mazzima





မန္တလေးမြို့တော် မဟာသင်္ကြန်ပွဲတွင် ဖျော်ဖြေနေသည့် IC Show ပွဲတွင် ပရိတ်သတ်က သီချင်းတောင်းဆိုရာကနေစပြီး ပရိတ်သတ်များ နှင့် အချင်းများကာ သင်္ကြန်အကြတ်နေ့က ရှိုးပွဲပျက်ခဲ့ရသည်။
ICအဖွဲ့သည် မန္တလေးမြို့၊ ကျုံးမြောက်ဘက်၊ ရတနာပုံတရိစ္ဆာန်ဥယျာဉ်ရှေ့တွင် ဧပြီ ၁၄ ရက်ကစတင် ဖျော်ဖြေလျက်ရှိရာ ဧပြီ ၁၅ ရက် ညနေ ၃ နာရီကျော်တွင် ယခုလို ပြဿနာဖြစ်ပွားခြင်းဖြစ်သည်။
မျက်မြင်များ၏ ပြောစကားအရ သီချင်းတောင်းရာမှ ပြဿနာ စတင်ဖြစ်ကြောင်းသိရသည်။
IC Show ပွဲ စတိတ်စင်အနီး လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့ဝင်များကမူ ယနေ့ညနေ အခြေအနေအပေါ် တစ်စုံတစ်ရာပြောဆိုခြင်းမရှိပေ။
အောင်ကိုဦး
Credit:Mazzima

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...