ျမန္မာႏိုင္ငံမွာ Flakka ေဆး၀ါးေတြ ပ်ံ႕ႏွံ႔ေရာက္ရွိျခင္း ရွိ၊ မရွိ စစ္ေဆးေန


မၾကာေသးခင္ရက္ေတြအတြင္း ၀တ္လစ္စားလစ္နဲ႔ လမ္းမေပၚထြက္လာသူေတြေၾကာင့္ ျမန္မာႏိုင္ငံမွာ Flakka ေဆးေရာက္ရွိပ်ံ႕ႏွံ႔ျခင္းရွိ၊ မရွိ စစ္ေဆးေနတယ္လို႔ သိရပါတယ္။အ၀တ္ဗလာနဲ႔ လမ္းေလွ်ာက္ေနတဲ့ ဓာတ္ပံုေတြ လူမႈကြန္ရက္စာမ်က္ႏွာမွာ ပ်ံ႕ႏွံ႔ခဲ့ၿပီးေနာက္ အခုျဖစ္စဥ္ေတြဟာ  Flakka ေဆး၀ါးသံုးစြဲျခင္းေၾကာင့္ျဖစ္တယ္ဆိုတဲ့  ေ၀ဖန္ေဆြးေႏြးမႈေတြ လူမႈကြန္ယက္မွာ ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။
ဒါေပမယ့္ သက္ဆိုင္ရာနယ္ေျမရဲတပ္ဖြဲ႕ေတြရဲ႕ စစ္ေဆးမႈေတြမွာ  မူးယစ္ေဆး၀ါးတစ္စံုတစ္ရာသံုးစြဲထားတာကိုမေတြ႕ရွိေၾကာင္းနဲ႔ စီးပြားေရး၊ လူမႈေရးန႔ဲ အိမ္ေထာင္ေရးအေျခအေနေတြေၾကာင့္ ယခုကဲ့သို႔ ျပဳလုပ္ခဲ့တာျဖစ္တယ္လို႔ ရန္ကုန္တိုင္းရဲတပ္ဖြဲ႕မွ ရဲအရာရွိတစ္ဦးက ေျပာၾကားထားေၾကာင္း 7Day Daily ရဲ႕ သတင္းတစ္ရပ္မွာ ေရးသားထားပါတယ္။
Flakka ေဆးကို လက္ရွိမွာ သက္ဆိုင္ရာဌာနေတြ ပူးေပါင္းျပီး ေစ်းကြက္အတြင္း အမွန္တကယ္ ေရာက္၊ မေရာက္စစ္ေဆးေနတာ ျဖစ္ပါတယ္။ တကယ္ရွိေနပါကလည္း ျမန္မာႏုိင္ငံအစားအေသာက္ႏွင့္ ေဆး၀ါးကြပ္ကဲေရးဦးစီးဌာန (FDA) က စစ္ေဆးမွာျဖစ္ၿပီး သံုးစြဲဖို႔မသင့္ပါက ေရာင္းခ်သူကို ဖမ္းဆီးအေရးယူမွာ ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံအစားအေသာက္ႏွင့္ ေဆး၀ါးကြပ္ကဲေရးဦးစီးဌာန (FDA) မွ လက္ေထာက္ ၫႊန္ၾကားေရးမွဴး ေဒါက္တာ ဥကၠာၿဖိဳးက ေျပာထားေၾကာင္းလည္း သတင္းမွာ ေဖာ္ျပပါတယ္။
‘‘ဒီေဆးေတြနဲ႔ ပတ္သက္ၿပီးေတာ့ ေလာေလာဆယ္အြန္လိုင္း မွာ Zombie ဇြန္ဘီေဆးလိုမ်ဳိး၊ Spainish ေဆးဆိုတဲ့ အစက္ခ်ခတ္ေဆး အဲဒါမ်ဳိးေတြကို FDA က ဇာစ္ျမစ္လိုက္ေနတာေပါ့။ ဒါေပမဲ့ အေနာက္တိုင္းေဆးမဟုတ္ဘဲနဲ႔ သစ္ဥသစ္ဖုလို တိုင္းရင္းေဆး ပံုစံမ်ဳိးနဲ႔ထုတ္ထားတယ္လို႔လည္း တခ်ဳိ႕ကေျပာတယ္။ ဒါ့ေၾကာင့္ ဒီဟာက FDA ကလား၊ တုိင္းရင္း ေဆးကလားဆိုတာ အဲဒီလိုမ်ဳိးေတာ့ ခြဲျခားေနတယ္။ FDA မွာ အဲဒီေဆးေတြအတြက္ကို ေထာက္ခံခ်က္ေပးမထားဘူး’’ လို႔ ေဒါက္တာ ဥကၠာၿဖိဳးက ေျပာထားပါတယ္။
အဆိုပါျဖစ္စဥ္မ်ားသည္ မူး ယစ္ေဆး၀ါးမသံုးစြဲထားေပမယ့္လည္း ေခတၱခဏစိတ္ေဖာက္ျပန္ျခင္းနဲ႔ စိတ္ထြက္ေပါက္ရွာတဲ့ အေနအထားေတြေၾကာင့္ ျဖစ္ေပၚႏုိင္ေပမယ့္လည္း အမ်ားအားျဖင့္ စိတ္ေရာဂါထဲမွာ ပါ၀င္တဲ့ လိင္ပိုင္းဆိုင္ရာျပဳမူမႈလြဲမွားတဲ့ ေရာဂါလကၡဏာတစ္ခုျဖစ္ကာ  အမ်ဳိးသားေတြနဲ႔ အမ်ဳိးသမီးေတြမွာ မိမိရဲ႕လိင္ပိုင္းဆိုင္ရာနဲ႔ အျခားလူကိုဆြဲေဆာင္ခ်င္တဲ့စိတ္ အလြန္အကြၽံျဖစ္လာတဲ့အခါ ယခုလို ျဖစ္ပြားႏိုင္ေျခရွိေၾကာင္း ေဒါက္တာခင္ျမင့္ (စိတ္ပညာ)က ေျပာထားတယ္လို႔လည္း သတင္းမွာ ေဖာ္ျပပါတယ္။
‘‘ပံုမွန္လူတစ္ေယာက္က သိပ္ေတာ့မရွိဘူး။ ဒါေပမဲ့ Sex နဲ႔ ပတ္သက္တဲ့ စိတ္မ်ားမ်ားရွိတဲ့ သူတစ္ေယာက္ကေတာ့ သာမန္ လူေတြထဲမွာလည္း စိတ္ေရာဂါ အေနနဲ႔ သိသိသာသာထင္ထင္ ရွားရွားမဟုတ္ေပမယ့္လည္း သာ မန္လူေတြထဲမွာလည္း ရွိႏိုင္ တယ္။ Flakka ေဆးရဲ႕ အာနိသင္ ကရွိမယ္ဆိုရင္၊ ၀ယ္လို႔ရတယ္ဆို ရင္ေတာ့ ျဖစ္ႏုိင္ေပမယ့္ သာမန္ လက္လုပ္လက္စားအမ်ဳိးသမီးက ေပၚလို႔ ေပၚမွန္းေတာင္မသိဘူး ေလ။ ဒီေဆးေတြေပၚတယ္၊ မေပၚ ဘူးဆိုတာက ေဆး၀ါးနဲ႔ နီးစပ္တဲ့ အသိုင္းအ၀ိုင္းမွဘဲ သိႏုိင္တဲ့ သေဘာေပါ့။ သူသည္ စိတ္ ေၾကာင့္ျဖစ္တယ္။ ေဆး၀ါးသံုးၿပီး ျဖစ္တာလားဆိုတာေတာ့ မေပၚ ေသးတာရယ္၊ သူတို႔ကိုယ္တိုင္ လည္း မသိဘူးေပါ့။ သံုးႏုိင္ေလာက္ တဲ့ အေနအထားလည္းရွိခ်င္မွလည္းရွိမွာေလ’’ လို႔ ေဒါက္တာခင္ျမင့္(စိတ္ပညာ) ကေျပာပါတယ္။
Source: 7Day Daily
Photos:  STDTD, 7Day Daily
Unicode
မကြာသေးခင်ရက်တွေအတွင်း ဝတ်လစ်စားလစ်နဲ့ လမ်းမပေါ်ထွက်လာသူတွေကြောင့် မြန်မာနိုင်ငံမှာ Flakka ဆေးရောက်ရှိပျံ့နှံ့ခြင်းရှိ၊ မရှိ စစ်ဆေးနေတယ်လို့ သိရပါတယ်။အဝတ်ဗလာနဲ့ လမ်းလျှောက်နေတဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့ခဲ့ပြီးနောက် အခုဖြစ်စဉ်တွေဟာ  Flakka ဆေးဝါးသုံးစွဲခြင်းကြောင့်ဖြစ်တယ်ဆိုတဲ့  ဝေဖန်ဆွေးနွေးမှုတွေ လူမှုကွန်ယက်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် သက်ဆိုင်ရာနယ်မြေရဲတပ်ဖွဲ့တွေရဲ့ စစ်ဆေးမှုတွေမှာ  မူးယစ်ဆေးဝါးတစ်စုံတစ်ရာသုံးစွဲထားတာကိုမတွေ့ရှိကြောင်းနဲ့ စီးပွားရေး၊ လူမှုရေးနဲ့ အိမ်ထောင်ရေးအခြေအနေတွေကြောင့် ယခုကဲ့သို့ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။
Flakka ဆေးကို လက်ရှိမှာ သက်ဆိုင်ရာဌာနတွေ ပူးပေါင်းပြီး ဈေးကွက်အတွင်း အမှန်တကယ် ရောက်၊ မရောက်စစ်ဆေးနေတာ ဖြစ်ပါတယ်။ တကယ်ရှိနေပါကလည်း မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က စစ်ဆေးမှာဖြစ်ပြီး သုံးစွဲဖို့မသင့်ပါက ရောင်းချသူကို ဖမ်းဆီးအရေးယူမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ဥက္ကာဖြိုးက ပြောထားကြောင်းလည်း သတင်းမှာ ဖော်ပြပါတယ်။
‘‘ဒီဆေးတွေနဲ့ ပတ်သက်ပြီးတော့ လောလောဆယ်အွန်လိုင်း မှာ Zombie ဇွန်ဘီဆေးလိုမျိုး၊ Spainish ဆေးဆိုတဲ့ အစက်ချခတ်ဆေး အဲဒါမျိုးတွေကို FDA က ဇာစ်မြစ်လိုက်နေတာပေါ့။ ဒါပေမဲ့ အနောက်တိုင်းဆေးမဟုတ်ဘဲနဲ့ သစ်ဥသစ်ဖုလို တိုင်းရင်းဆေး ပုံစံမျိုးနဲ့ထုတ်ထားတယ်လို့လည်း တချို့ကပြောတယ်။ ဒါ့ကြောင့် ဒီဟာက FDA ကလား၊ တိုင်းရင်း ဆေးကလားဆိုတာ အဲဒီလိုမျိုးတော့ ခွဲခြားနေတယ်။ FDA မှာ အဲဒီဆေးတွေအတွက်ကို ထောက်ခံချက်ပေးမထားဘူး’’ လို့ ဒေါက်တာ ဥက္ကာဖြိုးက ပြောထားပါတယ်။
အဆိုပါဖြစ်စဉ်များသည် မူး ယစ်ဆေးဝါးမသုံးစွဲထားပေမယ့်လည်း ခေတ္တခဏစိတ်ဖောက်ပြန်ခြင်းနဲ့ စိတ်ထွက်ပေါက်ရှာတဲ့ အနေအထားတွေကြောင့် ဖြစ်ပေါ်နိုင်ပေမယ့်လည်း အများအားဖြင့် စိတ်ရောဂါထဲမှာ ပါဝင်တဲ့ လိင်ပိုင်းဆိုင်ရာပြုမူမှုလွဲမှားတဲ့ ရောဂါလက္ခဏာတစ်ခုဖြစ်ကာ  အမျိုးသားတွေနဲ့ အမျိုးသမီးတွေမှာ မိမိရဲ့လိင်ပိုင်းဆိုင်ရာနဲ့ အခြားလူကိုဆွဲဆောင်ချင်တဲ့စိတ် အလွန်အကျွံဖြစ်လာတဲ့အခါ ယခုလို ဖြစ်ပွားနိုင်ခြေရှိကြောင်း ဒေါက်တာခင်မြင့် (စိတ်ပညာ)က ပြောထားတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။
‘‘ပုံမှန်လူတစ်ယောက်က သိပ်တော့မရှိဘူး။ ဒါပေမဲ့ Sex နဲ့ ပတ်သက်တဲ့ စိတ်များများရှိတဲ့ သူတစ်ယောက်ကတော့ သာမန် လူတွေထဲမှာလည်း စိတ်ရောဂါ အနေနဲ့ သိသိသာသာထင်ထင် ရှားရှားမဟုတ်ပေမယ့်လည်း သာ မန်လူတွေထဲမှာလည်း ရှိနိုင် တယ်။ Flakka ဆေးရဲ့ အာနိသင် ကရှိမယ်ဆိုရင်၊ ဝယ်လို့ရတယ်ဆို ရင်တော့ ဖြစ်နိုင်ပေမယ့် သာမန် လက်လုပ်လက်စားအမျိုးသမီးက ပေါ်လို့ ပေါ်မှန်းတောင်မသိဘူး လေ။ ဒီဆေးတွေပေါ်တယ်၊ မပေါ် ဘူးဆိုတာက ဆေးဝါးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းမှဘဲ သိနိုင်တဲ့ သဘောပေါ့။ သူသည် စိတ် ကြောင့်ဖြစ်တယ်။ ဆေးဝါးသုံးပြီး ဖြစ်တာလားဆိုတာတော့ မပေါ် သေးတာရယ်၊ သူတို့ကိုယ်တိုင် လည်း မသိဘူးပေါ့။ သုံးနိုင်လောက် တဲ့ အနေအထားလည်းရှိချင်မှလည်းရှိမှာလေ’’ လို့ ဒေါက်တာခင်မြင့်(စိတ်ပညာ) ကပြောပါတယ်။
Source: 7Day Daily

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...