လေယာဉ် အိမ်သာထဲမှာ ခရီးသည်တွေနဲ့ အတူနေပြီး ငွေရှာခဲ့တဲ့ လေယာဉ်မယ် နာမည်ကြီးနေ


လေယာဉ်မယ်တစ်ယောက်ဟာ လေယာဉ်ပေါ်ကအိမ်သာထဲမှာ ခရီးသည်တွေနဲ့ လိင်ဆက်ဆံပြီး နှစ်နှစ် တာအချိန်အ တွင်းမှာ ပေါင် ခြောက်သိန်းခွဲအထိ ရရှိခဲ့တယ်လို့ သိရပါတယ်။သူမရဲ့အပြုအမူကို နှစ်နှစ်ကျော်ကြာ ဘယ်သူမှမသိခဲ့ကြ ဘဲ နောက်ဆုံးမှာတော့ သူမကို အိမ်သာထဲမှာ မငြင်းနိုင်တဲ့ အခြေအနေနဲ့ လက်ပူးလက်ကြပ်မိခဲ့ပြီး အလုပ်ထုတ်ခံခဲ့ရပါ တယ်။
အဆိုပါလေယာဉ်မယ်ဟာ အရှေ့ အလယ်ပိုင်းဒေသ လေကြောင်းလိုင်းတစ်ခုက လေယာဉ်မယ်ဖြစ်တယ်လို့ သိရပါတယ်။ ဆော်ဒီအာရေဗျနေ့ စဉ်သတင်းစာ Sada က သူမဟာ လေယာဉ်ပျံသန်းနေတုန်း ခရီးသည်တွေ အများအပြားနဲ့ လိင်ဆ က်ဆံမှုပြုခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။
ဒါကြောင့်မို့ လို့ သူမဟာ ပင်လယ်ကွေ့ နဲ့ အမေရိကန်ပြည်ထောင်စုကို ပျံသန်းတဲ့ လေယာဉ်ခရီးရှည်တွေမှာ ပိုလိုက်ချင်ခဲ့ တာ ဖြစ်တယ်လို့  ဖော်ပြခဲ့ပါတယ်။ အမျိုးသမီးဟာ မြေပြင်အထက် မိုင်ချီ အကွာအဝေးအမြင့်ကပျော်ပါးမှု တစ်ကြိမ်တိုင်း အတွက် ပေါင် ၁၅၀၀ တောင်းခဲ့ပြီး လေယာဉ်ခရီးစဉ်တိုင်းမှာ သူမတောင်းတဲ့ ပမာဏပေးချင်တဲ့ သူတစ်ယောက်ယောက် ကို အမြဲ တွေ့ ခဲ့ရတယ်လို့ လေကြောင်းလိုင်းသတင်းရင်းမြစ်တွေအရ သိရပါတယ်။
သူမရဲ့နာမည်ကို လေကြောင်းလိုင်းက အတိအကျထုတ်ပြန်ခဲ့ခြင်း မရှိပေမယ့်၊ ချက်ချင်းဆိုသလို အလုပ်ထုတ်ပစ်ခဲ့ပြီး နိုင်ငံကနေနှင်ထုတ်ခဲ့တယ်လို့ သိရပါတယ်။
Ref: Mirror
Credit to Trend

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...