အမိဝမ်းထဲမှာပဲသေဆုံးသွားခဲ့ပေမဲ့ ကျန်ရစ်ခဲ့တဲ့ညီကိုစောင့်ရှောက်နေတယ်ဆိုတဲ့ အမြွှာလေး


Ref : Mirror
Shwemom မှကူးယူဖော်ပြသည်




အင်္ဂလန်နိုင်ငံ ကမ်ဘရစ်ရှီးယား မြို့နယ်၊ပီတာ ဘိုရော့ဘ် မြို့တွင် အမြွှာကိုယ်ဝန်ကို ကိုယ်ဝန်ဆောင်ခဲ့ရသော်လည်း အမြွှာ ကလေးတစ်ယောက်မှာ ဝမ်းတွင်းမှာပဲပင်သေဆုံးသွားခဲ့ပြီး သူရဲ့ ကျန်ခဲ့တဲ့ ညီကို ဖြစ်သူကို စောင့်ရှောက်နေတယ် လို့ခံစားရတယ် လို့မိခင်ဖြစ်သူက ပြောခဲ့ပါတယ်။
မိခင်ဖြစ်သူဟာ အသက် ၂၇ နှစ်အရွယ်ရှိတဲ့ အေမီ ဖာကွီဟာ ဖြစ်ပြီး သူမဟာ အမြွှာကိုယ်ဝန်လွယ်ခဲ့ရတယ်ဆိုတာ သိခဲ့ လို့ ပျော်ရွှင်ခဲ့ပေမဲ့ ၁၆ ပါတ်အကြာ Scan စစ်ဆေးချက်မှာ သူမရဲ့ အမြွှာကလေးနှစ်ယောက်ဟာ အမြွှာ ပေါင်းစည်းနေ တဲ့  ရောဂါလက္ခဏာစု (twin to twin transfusion syndrome (TTTS))ကိုခံစားနေတယ်ဆိုတာကို သိခဲ့ရပြီး ထိုရောဂါဟာ ဆိုရင် အမြွှာ နှစ်ယောက်မှာ တစ်ယောက်သာ မိခင်ဖြစ်သူနဲ့ အချင်း ဆက်သွယ်နေပြီး ကျန်အမြွှာတ စ်ယောက်ကတော့ အချင်းနဲ့ ဆက်သွယ်ထားခြင်းမရှိတဲ့အတွက် လုံလောက်တဲ့ အာဟာရမရတဲ့ ရောဂါ ဖြစ်ပါတယ်။
လေဆာ (ရောင်ခြည်)  ခွဲစိတ်ကုသခြင်းဖြင့် အမြွှာနှစ်ယောက်ကို ခွဲခြားပေးဖို့ ကြိုးစားခဲ့ပေမဲ့လည်း အမြွှာတစ်ယော က်ဖြစ်သူ အဲဖီလ်က သေဆုံးသွားခဲ့တယ် လို့သိရပါတယ်။အမြွှာတစ်ယောက်ဖြစ်သူ ဖြစ်သူ ချာလီကတော့ အောင်မြင်စွာ လူလောကထဲရောက်ခဲ့ပြီး မိခင်ဖြစ်သူ အေမီကတော့ အဲဖီလ်က သူ့အမြွှာ ချာလီကို စောင့်ရှောက်နေတယ် လို့ဆိုခဲ့ ပါတယ်။
” ချာလီရဲ့ တစ်နှစ်ပြည့်မွေးနေ့မှာ ကျွန်မတို့မိသားစုတွေ မိုးပျံပူဖောင်းတွေ လွှတ်တင်ခဲ့ပြီး ဗီဒီယိုရိုက်ကူးထားခဲ့ပါတယ် ။ ဒါပေမဲ့ နောက်ပိုင်း ဗီဒီယို ကို ပြန်ကြည့်တဲ့ အခါမှာ ဘောလုံးလို့ အရာလေးတစ်ခု ကို ကျွန်မတို့တွေ့ခဲ့ရတယ်။
ကျွန်မကတော့ ဒီဘောလုံးလို အရာလေးကို သားလေး အဲဖီလ်ဖြစ်တယ်လို့ခံစားရပြီး သူ့ညီ ဖြစ်သူကို စောင့်ရှောက်နေ တယ်လို့ခံစားရပါတယ်။ဒါ့အပြင် သားလေးချာလီ တစ်ယောက်တည်း စကားတွေ ဗလုံးဗထွေးပြောနေတတ်ပြီး သူ့အမြွှာ နဲ့ စကားပြောနေတဲ့ ပုံပါပဲ ” လို့ အေမီက ပြောဆိုခဲ့ပါတယ်။
ချာလီဟာ ၂၇ ပါတ် ( ၆လကျော်) မှာပဲ မွှေးဖွားလာခဲ့ပြီး မွေးမွေးပြီးခြင်းမှာပဲ  ဦးနှောက်အမြှေးရောင်ရောဂါ၊သွေးထဲမှာ ဘတ်တီးရီးယားများပါဝင်နေတဲ့ ရောဂါ (sepsis) နဲ့ တခြားသော ကူးစက်ရောဂါတွေခံစားခဲ့ရတယ် လို့သိရပါတယ် ။ ဒါပေမဲ့ ချာလီဟာ ရောဂါများကနေ ပြန်လည်ကျန်းမာလာခဲ့ပြီး မိခင်ဖြစ်သူ အေမီကတော့ သူ့အမြွှာဖြစ်သူ အဲလ်ဖီစောင့်ေ ရှာက်နေလို့ ပြန်လည် ကျန်းမာလာတာပါ လို့ပြောခဲ့ပါတယ်။
” အဲလ်ဖီအဆုံးခင် တစ်ပါတ်အလိုလေးမှာ အမြွှာညီကို နှစ်ယောက် တစ်ယောက်လက် တစ်ယောက် ဆုပ်ကိုင်ထားတဲ့ Scan ရိုက်ချက်တစ်ခုကို ကျွန်မတို့ မြင်ခဲ့ရတယ်။အဲ့ကတည်းက ဒီအမြွှာနှစ်ယောက်က တော်တော်ချစ်ကြမဲ့ အမြွှာနှစ်ေ ယာက် ဖြစ်မယ်ဆိုတာ ကျွန်မတို့သိခဲ့တယ်။ချာလီက လိုအပ်တဲ့ အာဟာရတွေ ရနေပေမဲ့ အဲလ်ဖီကတော့ ချက်ကြိုးနဲ့ ဆက်သွယ်ထားခြင်းမရှိတဲ့အတွက် မကြီးထွားတော့ပါဘူး။
၂၃ ပါတ်အကြာမှာတော့ ချာလီကို ကျွန်မ ဗိုက်ကို တိုးတာတွေမရှိတော့လို့ ဘာများဖြစ်တာလဲလို့ ဆရာဝန်ကို သွားပြတဲ့ အခါမှာ အဲလ်ဖီခန္ဓာကကိုယ်က ချာလီကို ကာကွယ် ထားသလို ဖြစ်နေတာကို တွေ့ခဲ့ရတယ်။နောက်ဆုံး ကျွန်မ အမြွှာ သားလေးတွေကို မွေးဖွားခဲ့တဲ့အခါမှာ ချာလီက ၂ ပေါင် ၁အောင်စ ရှိပေမဲ့ အဲလ်ဖီကတော့ ၁၃ အောင်စ သာရှိခဲ့ပြီး အဲလ် ဖီကသေဆုံးနေပါပြီ ” လို့ပြောခဲ့ပါတယ်။
အသက်ရှင်ခဲ့တဲ့ ချာလီကလည်း ၁၈ ရက်အကြာမှာ ရောဂါများကို စတင်ခံစားခဲ့ရပြီး သူအမြွှာ အဲလ်ဖီ ကို သဂြိုဟ်ပြီး ၂ ပါတ်အကြာမှာပဲ ချာလီဟာ ထူးထူးဆန်းဆန်းပြန်လည် ကျန်းမာလာခဲ့ပြီး အခု ကျန်းမာစွာနဲ့ ၂ နှစ်သားအရွယ်တော င်ရောက်နေပြီလို့ အေမီက ပြောခဲ့ပါတယ်။
Ref : Mirror
Shwemom မှကူးယူဖော်ပြသည်

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...