ေျမာက္ကိုရီးယား ေနာက္ထပ္ရန္မလုပ္ဖို႔ အေမရိကန္သတိေပးျပီ


ေျမာက္ကိုရီးယားႏိုင္ငံမွာ အေရးပါဆံုး ႏုိင္ငံေတာ္ အားလပ္ရက္ျဖစ္တဲ့ Kim Il Sung ေမြးေန႔ အထိမ္းအမွတ္ လူထုစုေ၀းမႈေတြလုပ္ဖုိ႔ ျပင္ဆင္ေနျပီး ႏ်ဴကလီးယား စမ္းသပ္ ပစ္လႊတ္တာေတြလည္း လုပ္ႏိုင္တယ္ဆိုတဲ့ သတင္းေတြ တိုးလာေနတာနဲ႔အမွ် ေျမာက္ကိုရီးယား အစိုးရအေနနဲ႔ ေနာက္ထပ္ ရန္လိုတဲ့လုပ္ရပ္ေတြ ထပ္ျပီးမလုပ္ဖို႔ အေမရိကန္သမၼတ Donald Trump က ၾကာသပေတးေန႔မွာ ထပ္မံ သတိေပးလိုက္ပါတယ္။

ျပႆနာတခု ျဖစ္ေနတဲ့ ေျမာက္ကိုရီးယားကို ေကာင္းေကာင္း ကိုင္တြယ္သြားႏုိင္မွာပါလို႔လည္း သမၼတ Trump က အိမ္ျဖဴေတာ္မွာ ေျပာသြား ပါတယ္။ ဒီအေပၚမွာ ေျမာက္ကိုရီးယား ဒု ႏုိင္ငံျခားေရး၀န္ႀကီး Han Song Ryol ကေတာ့ - ကိုရီးယားကၽြန္းဆြယ္ ဟာ အခုဆိုရင္ ဆိုးယုတ္တဲ့ အေျခအေနတခုမွာ ေရာက္ေနျပီး အေမရိကန္ဘက္က လက္ဦးမႈယူျပီး ေလေၾကာင္းကေန တိုက္ခိုက္လာတာ မ်ိဳးကို ေျမာက္ကိုရီးယားအေနနဲ႔ ဒီအတိုင္း လက္ပိုက္ၾကည့္ေနမွာ မဟုတ္ဘူးလို႔ ေအပီသတင္းဌာနနဲ႔ ေတြ႔ဆံုေမးျမန္းခ်ိန္မွာ ေျပာပါတယ္။

အေမရိကန္သမၼတ Trump က တြီတာလူမႈကြန္ရက္မွာ ေျပာဆိုေရးသားေနတာေတြဟာ ျပႆနာရွိျပီး တင္းမာမႈေတြ ပိုတိုးေစတယ္လို႔လည္း ေအပီသတင္းဌာနနဲ႔ သီးျခား ေတြ႔ဆံု ေမးျမန္းခန္းအတြင္း မစၥတာ Han က ျပစ္တင္ ေျပာသြားပါတယ္။ တ႐ုတ္အစိုးရကေတာ့ ေျမာက္ကိုရီး ယားကိုေရာ၊ အေမရိကန္ကိုပါ အျပန္အလွန္ ျခိမ္းေျခာက္မႈေတြ ရပ္ျပီး ေတြ႔ဆံု ေဆြးေႏြးႏိုင္ေအာင္ ၾကိဳးစားဖုိ႔ တိုက္တြန္းထားပါတယ္။

ျပန္လည္ ျပင္ဆင္လို႔မရတဲ့ ထိန္းမႏိုင္သိမ္းမရ အေျခအေနတခုကို ေရာက္ျပီး ပဋိပကၡကို ပိုမို ဆိုးရြားသြားေအာင္ ဘယ္ဘက္ကမွ မလုပ္သင့္ဘူးလို႔ တ႐ုတ္ႏုိင္ငံျခားေရး၀န္ႀကီီး Wang Yi က ဒီကေန႔ ေဘဂ်င္းျမိဳ႕ေတာ္မွာ ေျပာဆိုသြားတာပါ။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com

မြောက်ကိုရီးယားနိုင်ငံမှာ အရေးပါဆုံး နိုင်ငံတော် အားလပ်ရက်ဖြစ်တဲ့ Kim Il Sung မွေးနေ့ အထိမ်းအမှတ် လူထုစုဝေးမှုတွေလုပ်ဖို့ ပြင်ဆင်နေပြီး နျူကလီးယား စမ်းသပ် ပစ်လွှတ်တာတွေလည်း လုပ်နိုင်တယ်ဆိုတဲ့ သတင်းတွေ တိုးလာနေတာနဲ့အမျှ မြောက်ကိုရီးယား အစိုးရအနေနဲ့ နောက်ထပ် ရန်လိုတဲ့လုပ်ရပ်တွေ ထပ်ပြီးမလုပ်ဖို့ အမေရိကန်သမ္မတ Donald Trump က ကြာသပတေးနေ့မှာ ထပ်မံ သတိပေးလိုက်ပါတယ်။

ပြဿနာတခု ဖြစ်နေတဲ့ မြောက်ကိုရီးယားကို ကောင်းကောင်း ကိုင်တွယ်သွားနိုင်မှာပါလို့လည်း သမ္မတ Trump က အိမ်ဖြူတော်မှာ ပြောသွား ပါတယ်။ ဒီအပေါ်မှာ မြောက်ကိုရီးယား ဒု နိုင်ငံခြားရေးဝန်ကြီး Han Song Ryol ကတော့ - ကိုရီးယားကျွန်းဆွယ် ဟာ အခုဆိုရင် ဆိုးယုတ်တဲ့ အခြေအနေတခုမှာ ရောက်နေပြီး အမေရိကန်ဘက်က လက်ဦးမှုယူပြီး လေကြောင်းကနေ တိုက်ခိုက်လာတာ မျိုးကို မြောက်ကိုရီးယားအနေနဲ့ ဒီအတိုင်း လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးလို့ အေပီသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းချိန်မှာ ပြောပါတယ်။

အမေရိကန်သမ္မတ Trump က တွီတာလူမှုကွန်ရက်မှာ ပြောဆိုရေးသားနေတာတွေဟာ ပြဿနာရှိပြီး တင်းမာမှုတွေ ပိုတိုးစေတယ်လို့လည်း အေပီသတင်းဌာနနဲ့ သီးခြား တွေ့ဆုံ မေးမြန်းခန်းအတွင်း မစ္စတာ Han က ပြစ်တင် ပြောသွားပါတယ်။ တရုတ်အစိုးရကတော့ မြောက်ကိုရီး ယားကိုရော၊ အမေရိကန်ကိုပါ အပြန်အလှန် ခြိမ်းခြောက်မှုတွေ ရပ်ပြီး တွေ့ဆုံ ဆွေးနွေးနိုင်အောင် ကြိုးစားဖို့ တိုက်တွန်းထားပါတယ်။

ပြန်လည် ပြင်ဆင်လို့မရတဲ့ ထိန်းမနိုင်သိမ်းမရ အခြေအနေတခုကို ရောက်ပြီး ပဋိပက္ခကို ပိုမို ဆိုးရွားသွားအောင် ဘယ်ဘက်ကမှ မလုပ်သင့်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ဒီကနေ့ ဘေဂျင်းမြို့တော်မှာ ပြောဆိုသွားတာပါ။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...