ယောက်ျားလေး တွေရဲ့ လက်မအနေအထားက ပြောပြတဲ့ အချစ်စိတ်ထား

လက်မှာရှိတဲ့ အရေးအကြောင်းတွေဟာ တစ်ဦးနဲ့တစ်ဦး တူသယောင် ရှိပေမယ့် သေချာကြည့်မယ်ဆိုရင် ကွဲပြားပါတယ်။ ယောက်ျားလေးတွေရဲ့ လက်မမှာရှိတဲ့ အရေးအကြောင်း၊ အရစ်ကြောင်းလေးတွေကလည်း သူတို့ရဲ့ ချစ်သူ မိန်းကလေးအပေါ် ထားတဲ့ စိတ်နေစိတ်ထားကို ဖော်ပြပေးနိုင်တာကြောင့် ဖတ်ကြည့်ဦးနော်…

ယောက်ျားလေး ရဲ့ လက်မ မှာရှိတဲ့ အရစ်အကြာင်းလေးဟာ (A) ပုံစံအတိုင်း လက်မရဲ့ ပထမအရစ်အရှည်က ဒုတိယအရစ်ထက် ပိုရှည်တယ်ဆိုရင် သစ္စာတရား ကို လက်ကိုင်ထားသူ ဖြစ်ပြီး လက်တွဲဖော်ရဲ့ စိတ်ဆန္ဒကို ဦးစားပေးတတ်သူ ဖြစ်ပါတယ်။ လက်တွဲဖော်ကို စွဲစွဲလမ်းလမ်းကို ချစ်တတ်သူ ဖြစ်ပါတယ်။
ယောက်ျားလေး ရဲ့ လက်မ မှာရှိတဲ့ အရစ်အကြောင်းလေးဟာ (B) အတိုင်း လက်မရဲ့ပထမအရစ်နဲ့ ဒုတိယအရစ်ဟာ အရှည်တူတူပဲဆိုရင်တော့ တည်ငြိမ်သူတစ်ဦးဖြစ်ပြီး ရည်မှန်းထားတဲ့ ပန်းတိုင်အတွက် ဇွဲရှိရှိ လုပ်ဆောင်တတ်သူ ဖြစ်ပါတယ်။ လက်တွဲဖော်အပေါ်မှာ ထိန်ချန်ထားတာတွေ မရှိဘဲ အေးအေးဆေးဆေး ချစ်တတ်သူ တစ်ဦး ဖြစ်ပါတယ်။
ယောက်ျားလေး ရဲ့ လက်မ မှာရှိတဲ့ အရစ်အကြောင်းလေးဟာ (C) အတိုင်း လက်မရဲ့ ဒုတိယအရစ်အရှည်ဟာ ပထမထက် ပိုရှည်နေတယ်ဆိုရင် သူဟာ အမှန်အတိုင်း ပြောတတ်သူဖြစ်ပြီး လူမှုဆက်ဆံရေး အလွန်ကို ပြေပြစ်သူတစ်ဦး ဖြစ်ပါတယ်။ အလိုက်သိတတ်သူ ဖြစ်ပေမယ့် ချစ်သူ ကိုတော့ ထုတ်ဖော်ချစ်လေ့မရှိပါဘူး။

Ref: glowpink
Credit : ဖြိုးပြည့်သူ(မိုမိုလေး)

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...