တ႐ုတ္ႏုိင္ငံမွာ ဇိမ္မယ္အျဖစ္ အတင္းအၾကပ္ ေစခုိင္းခံေနရသည့္ ျမန္မာအမ်ိဳးသမီးမ်ား


တရုတ္ႏုိင္ငံ၊ ယူနန္ျပည္နယ္ရွိ Ruilii ၿမိဳ႕မွာ ျမန္မာအမ်ိဳးသမီးေလးေတြဟာ ဇိမ္မယ္အျဖစ္နဲ႔ အတင္းအဓမၼခုိင္းေစခံေနရ ေၾကာင္း ၿဗိတိန္အေျခစုိက္ The Sun သတင္းစာက ေဖာ္ျပခဲ့ပါတယ္။ သတင္းထဲမွာ အသုံးျပဳထားတဲ့ ဓာတ္ပုံေတြဟာ ကမာၻေက်ာ္ဓာတ္ပုံဆရာ Paolo Marchetti ကိုယ္တုိင္ ႐ုိက္ကူးခဲ့တဲ့ ဓာတ္ပုံေတြ ျဖစ္ပါတယ္။ မူရင္းသတင္းlink => https://www.thesun.co.uk/news/3403437/inside-chinas-brothels-where-burmese-women-are-forced-by-ruthless-gangs-to-entertain-rich-businessmen/

ျမန္မာအမ်ိဳးသမီးအမ်ားစုဟာ တ႐ုတ္ႏုိင္ငံအႏွံ႔အျပားရွိ ၿမိဳ႕ေတာ္ေတာ္မ်ားမ်ားမွာ ေရာက္ရွိေနၾကၿပီး၊ အသက္ေမြး၀မ္း ေၾကာင္းအတြက္ ၎တုိ႔မလုပ္ခ်င္တဲ့အလုပ္ေတြကို လုပ္ေနရတယ္လုိ႔ ေဖာ္ျပထားပါတယ္။ အဆုိပါ ဇိမ္မယ္မ်ားဟာ စီးပြားေရးလုပ္ငန္းရွင္မ်ားကို ေဖ်ာ္ေျဖရၿပီး၊ သီခ်င္းဆုိျခင္း၊ ကျခင္းစတဲ့ ကမ္းလွမ္းမႈေတြကိုလည္း လုပ္ငန္းရွင္မ်ား အလိုက် အသုံးေတာ္ခံေနရတယ္လုိ႔ သိရပါတယ္

Spa “Lux” လုိ႔ အမည္ခံထားတဲ့ အႏွိပ္ခန္းမွာလည္း အသက္ 18 ႏွစ္ခန္႔သာရွိေသးတဲ့ ျမန္မာအမ်ိဴးသမီး မ်ားစြာ ရွိေနေၾကာင္း သိရပါတယ္။ အဆုိပါ ျမန္မာအမ်ိဳးသမီးမ်ားဟာ ျမန္မာနုိင္ငံမွာ ရွိစဥ္က လူေခၚပြဲစားေတြရဲ႕ အလုပ္ရမယ္ဆုိတဲ့ အာမခံခ်က္နဲ႔ တ႐ုတ္ႏုိင္ငံကို ေရာက္ရွိလာခဲ့ၾကတာ ျဖစ္ပါတယ္။ ဒါေပမယ့္ တကယ္တမ္း လုပ္ရတဲ့ အလုပ္ကေတာ့ အလြန္ဆုိး၀ါးတဲ့ လူ႕အခြင့္ေရးခ်ိဳးေဖာက္မႈ ခံရတဲ့ အလုပ္ေတြ ျဖစ္ေနပါတယ္။ 

အခ်ိဳ႕ျမန္မာ အမ်ိဳးသမီးမ်ားဟာ တရုတ္အမ်ိဳးသားနဲ႔ အတင္းအဓမၼလက္ထပ္ထိမ္းျမားျခင္း ခံရၿပီး၊ အခုအခ်ိန္ထိ ႏွစ္ႏုိင္ငံစ လုံး ဒီျပႆနာကို မေျဖရွင္းႏုိင္ေသးပါဘူး။ Mya လုိ႔ အမည္ရတဲ့ အမ်ိဳးသမီးေလးဟာ ေန႔ခင္းပုိင္းမွာ Cubist အျဖစ္ အသက္ေမြး၀မ္းေၾကာင္းျပဳၿပီး၊ ညဘက္မွာေတာ့ ေဟာ္တယ္ႀကီးေတြမွာ ဇိမ္မယ္အျဖစ္
အသက္ေမြးတယ္လုိ႔ ဖြင့္ဟခဲ့ပါတယ္။ 

သူမရဲ႕ ေျပာျပခ်က္အရ ဇိမ္မယ္အျဖစ္အတင္းအဓမၼေစခုိင္းခံေနရသူေတြ အမ်ားစုကို တ႐ုတ္ဂုိဏ္းေတြက ထိန္းခ်ဳပ္ထား တယ္လုိ႔ ဆုိပါတယ္။ အမိ်ဳးသမီးအမ်ားစုကုိ သူေဌးေတြက အလြန္တန္ဖုိးႀကီးတဲ့ အ၀တ္အစားေတြ လက္ေဆာင္ေပးေလ့ ရွိတယ္လုိ႔ သိရပါတယ္။ Ruilii ၿမိဳ႕ဟာ တရုတ္ႏုိင္ငံရဲ႕ HIV ကူးစက္မႈအျမင့္မားဆုံး ၿမိဳ႕ထဲမွာ တစ္ခုအပါအ၀င္ ျဖစ္ပါတယ္။


 2000-10 အတြင္းမွာ ေကာက္ယူခဲ့တဲ့ စစ္တမ္းအရ တ႐ုတ္နုိင္ငံမွာ စာရင္း၀င္ ျပည့္တန္ဆာေပါင္း 10 သန္းအထိ ရွိခဲ့ေၾကာင္း China Daily သတင္းစာက ေဖာ္ျပခဲ့ပါတယ္။ Ruilii ၿမိဳ႕မွာေတာ့ Three Suns ေဟာ္တယ္ဟာ နာမည္ အလြန္ႀကီးၿပီး၊ ၎ေနရာမွာ ျမန္မာအမ်ိဳးသမီး အမ်ားအျပားရဲ႕ လိင္ပိုင္းဆုိ္င္ရာ၀န္ေဆာင္မႈေတြ၊ အႏွိပ္ခန္းေတြရွိေၾကာင္း သိရပါတယ္။ ယင္းၿမိဳ႕မွာရွိတဲ့ အႏွိပ္ခန္းအမည္ခံလုပ္ငန္း 98% ဟာ ဇိမ္လုပ္ငန္းမ်ား လုပ္ကိုင္ၾကတယ္လုိ႔ သိရပါတယ္။
   ညီလင္းထက္ (Shwemom)




   

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ Ruilii မြို့မှာ မြန်မာအမျိုးသမီးလေးတွေဟာ ဇိမ်မယ်အဖြစ်နဲ့ အတင်းအဓမ္မခိုင်းစေခံနေရ ကြောင်း ဗြိတိန်အခြေစိုက် The Sun သတင်းစာက ဖော်ပြခဲ့ပါတယ်။ သတင်းထဲမှာ အသုံးပြုထားတဲ့ ဓာတ်ပုံတွေဟာ ကမ္ဘာကျော်ဓာတ်ပုံဆရာ Paolo Marchetti ကိုယ်တိုင် ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေ ဖြစ်ပါတယ်။

မြန်မာအမျိုးသမီးအများစုဟာ တရုတ်နိုင်ငံအနှံ့အပြားရှိ မြို့တော်တော်များများမှာ ရောက်ရှိနေကြပြီး၊ အသက်မွေးဝမ်း ကြောင်းအတွက် ၎င်းတို့မလုပ်ချင်တဲ့အလုပ်တွေကို လုပ်နေရတယ်လို့ ဖော်ပြထားပါတယ်။ အဆိုပါ ဇိမ်မယ်များဟာ စီးပွားရေးလုပ်ငန်းရှင်များကို ဖျော်ဖြေရပြီး၊ သီချင်းဆိုခြင်း၊ ကခြင်းစတဲ့ ကမ်းလှမ်းမှုတွေကိုလည်း လုပ်ငန်းရှင်များ အလိုကျ အသုံးတော်ခံနေရတယ်လို့ သိရပါတယ်။

Spa “Lux” လို့ အမည်ခံထားတဲ့ အနှိပ်ခန်းမှာလည်း အသက် 18 နှစ်ခန့်သာရှိသေးတဲ့ မြန်မာအမျိူးသမီး များစွာ ရှိနေကြောင်း သိရပါတယ်။ အဆိုပါ မြန်မာအမျိုးသမီးများဟာ မြန်မာနိုင်ငံမှာ ရှိစဉ်က လူခေါ်ပွဲစားတွေရဲ့ အလုပ်ရမယ်ဆိုတဲ့ အာမခံချက်နဲ့ တရုတ်နိုင်ငံကို ရောက်ရှိလာခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်တမ်း လုပ်ရတဲ့ အလုပ်ကတော့ အလွန်ဆိုးဝါးတဲ့ လူ့အခွင့်ရေးချိုးဖောက်မှု ခံရတဲ့ အလုပ်တွေ ဖြစ်နေပါတယ်။

အချို့မြန်မာ အမျိုးသမီးများဟာ တရုတ်အမျိုးသားနဲ့ အတင်းအဓမ္မလက်ထပ်ထိမ်းမြားခြင်း ခံရပြီး၊ အခုအချိန်ထိ နှစ်နိုင်ငံစ လုံး ဒီပြဿနာကို မဖြေရှင်းနိုင်သေးပါဘူး။ Mya လို့ အမည်ရတဲ့ အမျိုးသမီးလေးဟာ နေ့ခင်းပိုင်းမှာ Cubist အဖြစ် အသက်မွေးဝမ်းကြောင်းပြုပြီး၊ ညဘက်မှာတော့ ဟော်တယ်ကြီးတွေမှာ ဇိမ်မယ်အဖြစ် အသက်မွေးတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

သူမရဲ့ ပြောပြချက်အရ ဇိမ်မယ်အဖြစ်အတင်းအဓမ္မစေခိုင်းခံနေရသူတွေ အများစုကို တရုတ်ဂိုဏ်းတွေက ထိန်းချုပ်ထား
တယ်လို့ ဆိုပါတယ်။ အမျိုးသမီးအများစုကို သူဌေးတွေက အလွန်တန်ဖိုးကြီးတဲ့ အဝတ်အစားတွေ လက်ဆောင်ပေးလေ့ ရှိတယ်လို့ သိရပါတယ်။ Ruilii မြို့ဟာ တရုတ်နိုင်ငံရဲ့ HIV ကူးစက်မှုအမြင့်မားဆုံး မြို့ထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။

2000-10 အတွင်းမှာ ကောက်ယူခဲ့တဲ့ စစ်တမ်းအရ တရုတ်နိုင်ငံမှာ စာရင်းဝင် ပြည့်တန်ဆာပေါင်း 10 သန်းအထိ ရှိခဲ့ကြောင်း China Daily သတင်းစာက ဖော်ပြခဲ့ပါတယ်။ Ruilii မြို့မှာတော့ Three Suns ဟော်တယ်ဟာ နာမည် အလွန်ကြီးပြီး၊ ၎င်းနေရာမှာ မြန်မာအမျိုးသမီး အများအပြားရဲ့ လိင်ပိုင်းဆိ်ုင်ရာဝန်ဆောင်မှုတွေ၊ အနှိပ်ခန်းတွေရှိကြောင်း သိရပါတယ်။ ယင်းမြို့မှာရှိတဲ့ အနှိပ်ခန်းအမည်ခံလုပ်ငန်း 98% ဟာ ဇိမ်လုပ်ငန်းများ လုပ်ကိုင်ကြတယ်လို့ သိရပါတယ်။

ညီလင်းထက် (Shwemom)

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...