ပုဇြန္ေတာင္ၿမိဳ႕နယ္ရွိ သံမဏိႏွင္းဆီဂ်ာနယ္တိုက္ခန္းမွ အပုတ္နံ႔ထြက္ေနေၾကာင္း ဧျပီ ၁၆ နံနက္ပိုင္းတြင္ ေဘးခ်င္းကပ္လ်က္အခန္းေနသူမွ အေၾကာင္းၾကားခ်က္အရ ဂ်ာနယ္တုိက္ခန္းအတြင္းသုိ႔ ၀င္ေရာက္ၾကည့္ရႈရာ အယ္ဒီတာ ေ၀ယံဟိန္းမွာ ဓားဒဏ္ရာမ်ားျဖင့္ ပုတ္ပြေသဆံုးေနသည္ကို ေတြ႔ရွိခဲ့သည္။
အဆိုပါအမႈကိုကိုင္တြယ္ရန္ တိုင္းေဒသႀကီးရဲတပ္ဖဲြ႕မွဴးမွ အထူးအမႈစစ္အဖဲြ႔ ဖဲြ႔စည္းေဆာင္ရြက္ေစခဲ့ရာ ျပစ္မႈက်ဴးလြန္သူအား ၄ ရက္အတြင္း ေဖာ္ထုတ္ဖမ္းဆီးႏိုင္ခဲ့သည္။
အမႈမွန္ေဖာ္ထုတ္ေရးအတြက္ စံုစမ္းခဲ့ရာ ေသဆံုးသူ ေ၀ယံဟိန္းမွာ လြန္ခဲ့ေသာ ၈ လခန္႔က မအယ္နီ(ခ)ရိုစီကိုဆိုသူႏွင့္ Facebook မွတဆင့္ခ်စ္ႀကိဳက္ကာ မၾကာခဏခ်ိန္းေတြ႔ခဲ့ၾကေၾကာင္း၊ မအယ္နီ(ခ)ရိုစီကိုမွာ အိမ္ေထာင္ႏွင့္သားတဦးရွိေၾကာင္း၊ ခင္ပြန္းမွာ ႏိုင္ငံျခားသေဘၤာသား ေအာင္ကိုကိုျဖစ္ေၾကာင္း စံုစမ္းသိရွိရသည္။
ေအာင္ကိုကိုမွာ ၂၀၁၆ ခုႏွစ္၊ ေအာက္တိုဘာလကုန္တြင္ စကၤာပူႏိုင္ငံမွ ရန္ကုန္ၿမိဳ႕သို႔ျပန္လည္ေရာက္ရွိလာစဥ္ ၎တို႔မိသားစုေနထိုင္ေသာ မဂၤလာေတာင္ညြန္ၿမိဳ႕နယ္၊ သေျပကုန္းရပ္ကြက္ရွိေနအိမ္ေရွ႕တြင္ ကားတစီးရပ္ထားသည္ကို ၎မွ ေတြ႕ျမင္ခဲ့ၿပီး ၎ကားမွာထြက္ေျပးသြားသျဖင့္ ဇနီးျဖစ္သူအားေမးျမန္းရာမွ ေ၀ယံဟိန္း၏ကားျဖစ္ေၾကာင္း သိရသည့္အျပင္ ႏိုင္ငံျခားရွိ သူငယ္ခ်င္းျဖစ္သူတဦးမွလည္း Facebook Account တြင္ ၎၏ဇနီးအား ေ၀ယံဟိန္းဆိုသူႏွင့္ ဓာတ္ပံုတဲြရိုက္ထားသည္ကို ေျပာျပခဲ့ဖူးသျဖင့္ ၎၏ဇနီးႏွင့္ လူမႈေရးေဖာက္ျပန္ေနေၾကာင္း မသကၤာျဖစ္ကာ ေ၀ယံဟိန္းအား ဖုန္းျဖင့္ဆက္သြယ္၍ စကားမ်ားခဲ့ဖူးေၾကာင္း စံုစမ္းသိရသည္။
ေအာင္ကိုကိုသည္ ၎၏ဇနီးျဖစ္သူ မအယ္နီ(ခ)ရိုစီကိုသည္ ေသဆံုးသူ ေ၀ယံဟိန္းႏွင့္ လူမႈေရးေဖာက္ျပန္ေနေၾကာင္းသိရသျဖင့္ ဧျပီ ၁၁ တြင္ ဇနီး မအယ္နီ(ခ)ရိုစီကိုႏွင့္ သားျဖစ္သူတို႔အား ေနအိမ္အတြင္းထား၍ အျပင္မွေသာ့ခတ္ထားခဲ့ေၾကာင္း၊ ေနအိမ္သို႔ျပန္လည္ေရာက္ရွိစဥ္ ဇနီးႏွင့္ သားျဖစ္သူတို႔မွာမေတြ႕ရွိရသျဖင့္ ဧျပီ ၁၂ တြင္ ေ၀ယံဟိန္းအား ဖုန္းျဖင့္ဆက္သြယ္ၿပီး စံုစမ္းခဲ့သည့္အျပင္ ကန္ေတာ္ႀကီးဥယ်ာဥ္သို႔ခ်ိန္းဆို၍ အကူအညီေတာင္းခံခဲ့ေၾကာင္း၊ ဧျပီ ၁၄ တြင္ ေ၀ယံဟိန္းမွ ေအာင္ကိုကိုထံ ဖုန္းျဖင့္ဆက္သြယ္ၿပီး ဒဂံုဧရာအေ၀းေျပး၀င္းတြင္ အယ္နီ(ခ)ရိုစီကိုႏွင့္ သားျဖစ္သူအားေတြ႕ရွိခဲ့ေၾကာင္း၊ အေၾကာင္းစံုသိလိုပါက ၎ေနထုိင္သည့္ သံမဏိႏွင္းဆီဂ်ာနယ္တိုက္သို႔ လာေရာက္ရန္ ခ်ိန္းဆိုခဲ့သည္။
ယင္းေန႔ ဧျပီ ၁၄ ေန႔လယ္ ၂ နာရီအခ်ိန္တြင္ ေအာင္ကိုကိုမွ ဂ်ာနယ္တိုက္သို႔သြားေရာက္ခဲ့ရာ ေ၀ယံဟိန္းတဦးတည္းေတြ႕ရွိခဲ့ၿပီး ၎၏ဇနီးအားရွာေဖြေပးရန္ေျပာဆိုၾကရာ ေ၀ယံဟိန္းမွ ေအာင္ကိုကို၏ဇနီး အယ္နီ(ခ)ရိုစီကိုမွာ ၎တဦးတည္းႏွင့္ လူမႈေရးေဖာက္ျပန္ျခင္းမဟုတ္ဘဲ အျခားအမ်ိဳးသားမ်ားႏွင့္လည္း ပတ္သက္ခဲ့ဖူးေၾကာင္း၊ လက္ရွိအခ်ိန္တြင္ အယ္နီ(ခ)ရိုစီကိုအား လမ္းမေတာ္ၿမိဳ႕နယ္ရွိ Bliss Guest House အခန္း(၁၀၁)တြင္ မိမိအမည္ျဖင့္ တည္းခုိေနထုိင္ေစေၾကာင္း ေ၀ယံဟိန္းကေျပာရာမွစတင္၍ တေယာက္တခြန္း စကားမ်ားခဲ့ရာ စားပဲြေပၚရွိဓားဦးခြ်န္ျဖင့္ ေ၀ယံဟိန္း၏၀မ္းဗိုက္အား ၁၄ ခ်က္ ၁၅ ခ်က္ခန္႔ ထိုးခဲ့ေၾကာင္း၊ ေ၀ယံဟိန္း၏ iPhone SE ကိုလည္း ယူေဆာင္လာခဲ့ေၾကာင္း၊ ဇနီးျဖစ္သူ မအယ္နီ(ခ)ရိုစီကိုႏွင့္ သားျဖစ္သူတုိ႔ကုိလည္း ၎ေန႔ ၁၈၀၀ အခ်ိန္တြင္ Bliss Guest House တည္းခိုခန္းမွ သြားေရာက္ေခၚယူကာ ေရႊဂံုတိုင္ဟိုတယ္သို႔ေျပာင္းေရြ႕တည္းခိုခဲ့သည္။ ထို႔ေနာက္ ဧျပီ ၁၅ ညေန ၅ နာရီတြင္ ျပင္ဦးလြင္ၿမိဳ႕ရွိ ၎၏မိဘမ်ားေနထိုင္ရာ ငါးရံ႕ေခ်ာင္းရြာသို႔ ထြက္ေျပးတိမ္းေရွာင္ခဲ့ရာ ရဲတပ္ဖြဲ႔၀င္မ်ားက ေအာင္ကိုကိုႏွင့္ ဇနီးျဖစ္သူ မအယ္နီ(ခ)ရုိစီကုိတုိ႔အား ဧျပီ ၁၉ တြင္ ျပင္ဦးလြင္ၿမိဳ႕၌ ဖမ္းဆီးရမိခဲ့သည္။
အမႈႏွင့္ပတ္သက္၍ အယ္နီ(ခ)ရိုစီကိုအားစစ္ေဆးရာတြင္ ဧျပီ ၁၁ ရက္ေန႔က ခင္ပြန္းျဖစ္သူ ေအာင္ကိုကိုမွ ၎တို႔သားအမိအား အျပင္မွေသာ့ခတ္ထားစဥ္ ၎ႏွင့္ခ်စ္ႀကိဳက္ေနသူ ေ၀ယံဟိန္းအား ဖုန္းျဖင့္ ဆက္သြယ္ေခၚယူခဲ့သျဖင့္ ေ၀ယံဟိန္းႏွင့္ ေသာ့ျပင္သူတဦးတို႔ ည ၈ နာရီခန္႔တြင္ ေရာက္ရွိလာေၾကာင္း၊ ယင္းေနာက္ ေနအိမ္တံခါးေသာ့အားဖ်က္ကာ ၎တို႔သားအမိအားေခၚေဆာင္၍ လမ္းမေတာ္ၿမိဳ႕နယ္ရွိ Bliss Guest House သုိ႔ ည ၉ နာရီအခ်ိန္ခန္႔တြင္ေရာက္ခဲ့ၿပီး အခန္းအမွတ္(၁၀၁)တြင္ တည္းခိုေနထိုင္ေစခဲ့ေၾကာင္း၊ တည္းခိုေနထိုင္စဥ္ ေနာက္တရက္ ဧျပီ ၁၂ တြင္ ေန႔လယ္ ၂ နာရီအခ်ိန္ခန္႔တြင္ ေ၀ယံဟိန္းမွ ထမင္းခ်ိဳင့္ပုိ႔ေပးခဲ့ေၾကာင္း၊ သားျဖစ္သူ ဂိမ္းကစားရန္ ေ၀ယံဟိန္းမွ ၎၏ Laptop အား ေပးခဲ့ေၾကာင္း အဆိုပါ တည္းခိုခန္း၌ ဧျပီ ၁၁ ရက္ေန႔မွ ၁၄ ရက္ေန႔ ညေနပုိင္းအထိ စုစုေပါင္း ၄ ရက္ တည္းခုိခဲ့ေၾကာင္း ေပၚေပါက္သည္။
အခင္းျဖစ္စဥ္က ျပစ္မႈက်ဴးလြန္သူ ေအာင္ကုိကုိ၀တ္ဆင္ခဲ့သည့္ ဂ်င္းေဘာင္းဘီႏွင့္ တီရွပ္တုိ႔အား မဂၤလာေတာင္ညြန္႔ၿမိဳ႕နယ္၊ သေျပကုန္းရပ္ကြက္၊ (၁၂၅)လမ္းရွိ ေနအိမ္မွသိမ္းဆည္းရမိခဲ့ၿပီး အမႈႏွင့္ သက္ဆုိင္သည့္ သက္ေသခံပစၥည္းမ်ားျဖစ္သည့္ Laptop ႏွင့္ iPhone SE တို႔အား ေအာင္ကိုကိုမွ ဇနီးျဖစ္သူႏွင့္ ျပင္ဦးလြင္သို႔သြားေရာက္စဥ္ Feel စားေသာက္ဆုိင္အနီးရွိ ေရကန္အတြင္းသို႔ လႊင့္ပစ္ခဲ့ေၾကာင္းႏွင့္ အခင္းျဖစ္စဥ္ အသံုးျပဳသည့္ဓားကုိလည္း ဂ်ာနယ္စကၠဴျဖင့္ထုပ္ပုိးၿပီး ဂ်ာနယ္တိုက္မ်က္ေစာင္းထိုးရွိ အမိႈက္ပံုးတြင္လြင့္ပစ္ထားခဲ့ေၾကာင္းသိရွိရသျဖင့္ သက္ေသခံပစၥည္းမ်ား သိမ္းဆည္းရမိေရးအတြက္ ဆက္လက္ရွာေဖြေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။
ပုဇွန်တောင်မြို့နယ်ရှိ သံမဏိနှင်းဆီဂျာနယ်တိုက်ခန်းမှ အပုတ်နံ့ထွက်နေကြောင်း ဧပြီ ၁၆ နံနက်ပိုင်းတွင် ဘေးချင်းကပ်လျက်အခန်းနေသူမှ အကြောင်းကြားချက်အရ ဂျာနယ်တိုက်ခန်းအတွင်းသို့ ဝင်ရောက်ကြည့်ရှုရာ အယ်ဒီတာ ဝေယံဟိန်းမှာ ဓားဒဏ်ရာများဖြင့် ပုတ်ပွသေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။
အဆိုပါအမှုကိုကိုင်တွယ်ရန် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှ အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်းဆောင်ရွက်စေခဲ့ရာ ပြစ်မှုကျူးလွန်သူအား ၄ ရက်အတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။
အမှုမှန်ဖော်ထုတ်ရေးအတွက် စုံစမ်းခဲ့ရာ သေဆုံးသူ ဝေယံဟိန်းမှာ လွန်ခဲ့သော ၈ လခန့်က မအယ်နီ(ခ)ရိုစီကိုဆိုသူနှင့် Facebook မှတဆင့်ချစ်ကြိုက်ကာ မကြာခဏချိန်းတွေ့ခဲ့ကြကြောင်း၊ မအယ်နီ(ခ)ရိုစီကိုမှာ အိမ်ထောင်နှင့်သားတဦးရှိကြောင်း၊ ခင်ပွန်းမှာ နိုင်ငံခြားသင်္ဘောသား အောင်ကိုကိုဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
အောင်ကိုကိုမှာ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလကုန်တွင် စင်္ကာပူနိုင်ငံမှ ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိလာစဉ် ၎င်းတို့မိသားစုနေထိုင်သော မင်္ဂလာတောင်ညွန်မြို့နယ်၊ သပြေကုန်းရပ်ကွက်ရှိနေအိမ်ရှေ့တွင် ကားတစီးရပ်ထားသည်ကို ၎င်းမှ တွေ့မြင်ခဲ့ပြီး ၎င်းကားမှာထွက်ပြေးသွားသဖြင့် ဇနီးဖြစ်သူအားမေးမြန်းရာမှ ဝေယံဟိန်း၏ကားဖြစ်ကြောင်း သိရသည့်အပြင် နိုင်ငံခြားရှိ သူငယ်ချင်းဖြစ်သူတဦးမှလည်း Facebook Account တွင် ၎င်း၏ဇနီးအား ဝေယံဟိန်းဆိုသူနှင့် ဓာတ်ပုံတွဲရိုက်ထားသည်ကို ပြောပြခဲ့ဖူးသဖြင့် ၎င်း၏ဇနီးနှင့် လူမှုရေးဖောက်ပြန်နေကြောင်း မသင်္ကာဖြစ်ကာ ဝေယံဟိန်းအား ဖုန်းဖြင့်ဆက်သွယ်၍ စကားများခဲ့ဖူးကြောင်း စုံစမ်းသိရသည်။
အောင်ကိုကိုသည် ၎င်း၏ဇနီးဖြစ်သူ မအယ်နီ(ခ)ရိုစီကိုသည် သေဆုံးသူ ဝေယံဟိန်းနှင့် လူမှုရေးဖောက်ပြန်နေကြောင်းသိရသဖြင့် ဧပြီ ၁၁ တွင် ဇနီး မအယ်နီ(ခ)ရိုစီကိုနှင့် သားဖြစ်သူတို့အား နေအိမ်အတွင်းထား၍ အပြင်မှသော့ခတ်ထားခဲ့ကြောင်း၊ နေအိမ်သို့ပြန်လည်ရောက်ရှိစဉ် ဇနီးနှင့် သားဖြစ်သူတို့မှာမတွေ့ရှိရသဖြင့် ဧပြီ ၁၂ တွင် ဝေယံဟိန်းအား ဖုန်းဖြင့်ဆက်သွယ်ပြီး စုံစမ်းခဲ့သည့်အပြင် ကန်တော်ကြီးဥယျာဉ်သို့ချိန်းဆို၍ အကူအညီတောင်းခံခဲ့ကြောင်း၊ ဧပြီ ၁၄ တွင် ဝေယံဟိန်းမှ အောင်ကိုကိုထံ ဖုန်းဖြင့်ဆက်သွယ်ပြီး ဒဂုံဧရာအဝေးပြေးဝင်းတွင် အယ်နီ(ခ)ရိုစီကိုနှင့် သားဖြစ်သူအားတွေ့ရှိခဲ့ကြောင်း၊ အကြောင်းစုံသိလိုပါက ၎င်းနေထိုင်သည့် သံမဏိနှင်းဆီဂျာနယ်တိုက်သို့ လာရောက်ရန် ချိန်းဆိုခဲ့သည်။
ယင်းနေ့ ဧပြီ ၁၄ နေ့လယ် ၂ နာရီအချိန်တွင် အောင်ကိုကိုမှ ဂျာနယ်တိုက်သို့သွားရောက်ခဲ့ရာ ဝေယံဟိန်းတဦးတည်းတွေ့ရှိခဲ့ပြီး ၎င်း၏ဇနီးအားရှာဖွေပေးရန်ပြောဆိုကြရာ ဝေယံဟိန်းမှ အောင်ကိုကို၏ဇနီး အယ်နီ(ခ)ရိုစီကိုမှာ ၎င်းတဦးတည်းနှင့် လူမှုရေးဖောက်ပြန်ခြင်းမဟုတ်ဘဲ အခြားအမျိုးသားများနှင့်လည်း ပတ်သက်ခဲ့ဖူးကြောင်း၊ လက်ရှိအချိန်တွင် အယ်နီ(ခ)ရိုစီကိုအား လမ်းမတော်မြို့နယ်ရှိ Bliss Guest House အခန်း(၁၀၁)တွင် မိမိအမည်ဖြင့် တည်းခိုနေထိုင်စေကြောင်း ဝေယံဟိန်းကပြောရာမှစတင်၍ တယောက်တခွန်း စကားများခဲ့ရာ စားပွဲပေါ်ရှိဓားဦးချွန်ဖြင့် ဝေယံဟိန်း၏ဝမ်းဗိုက်အား ၁၄ ချက် ၁၅ ချက်ခန့် ထိုးခဲ့ကြောင်း၊ ဝေယံဟိန်း၏ iPhone SE ကိုလည်း ယူဆောင်လာခဲ့ကြောင်း၊ ဇနီးဖြစ်သူ မအယ်နီ(ခ)ရိုစီကိုနှင့် သားဖြစ်သူတို့ကိုလည်း ၎င်းနေ့ ၁၈၀ဝ အချိန်တွင် Bliss Guest House တည်းခိုခန်းမှ သွားရောက်ခေါ်ယူကာ ရွှေဂုံတိုင်ဟိုတယ်သို့ပြောင်းရွေ့တည်းခိုခဲ့သည်။ ထို့နောက် ဧပြီ ၁၅ ညနေ ၅ နာရီတွင် ပြင်ဦးလွင်မြို့ရှိ ၎င်း၏မိဘများနေထိုင်ရာ ငါးရံ့ချောင်းရွာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက အောင်ကိုကိုနှင့် ဇနီးဖြစ်သူ မအယ်နီ(ခ)ရိုစီကိုတို့အား ဧပြီ ၁၉ တွင် ပြင်ဦးလွင်မြို့၌ ဖမ်းဆီးရမိခဲ့သည်။
အမှုနှင့်ပတ်သက်၍ အယ်နီ(ခ)ရိုစီကိုအားစစ်ဆေးရာတွင် ဧပြီ ၁၁ ရက်နေ့က ခင်ပွန်းဖြစ်သူ အောင်ကိုကိုမှ ၎င်းတို့သားအမိအား အပြင်မှသော့ခတ်ထားစဉ် ၎င်းနှင့်ချစ်ကြိုက်နေသူ ဝေယံဟိန်းအား ဖုန်းဖြင့် ဆက်သွယ်ခေါ်ယူခဲ့သဖြင့် ဝေယံဟိန်းနှင့် သော့ပြင်သူတဦးတို့ ည ၈ နာရီခန့်တွင် ရောက်ရှိလာကြောင်း၊ ယင်းနောက် နေအိမ်တံခါးသော့အားဖျက်ကာ ၎င်းတို့သားအမိအားခေါ်ဆောင်၍ လမ်းမတော်မြို့နယ်ရှိ Bliss Guest House သို့ ည ၉ နာရီအချိန်ခန့်တွင်ရောက်ခဲ့ပြီး အခန်းအမှတ်(၁၀၁)တွင် တည်းခိုနေထိုင်စေခဲ့ကြောင်း၊ တည်းခိုနေထိုင်စဉ် နောက်တရက် ဧပြီ ၁၂ တွင် နေ့လယ် ၂ နာရီအချိန်ခန့်တွင် ဝေယံဟိန်းမှ ထမင်းချိုင့်ပို့ပေးခဲ့ကြောင်း၊ သားဖြစ်သူ ဂိမ်းကစားရန် ဝေယံဟိန်းမှ ၎င်း၏ Laptop အား ပေးခဲ့ကြောင်း အဆိုပါ တည်းခိုခန်း၌ ဧပြီ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့ ညနေပိုင်းအထိ စုစုပေါင်း ၄ ရက် တည်းခိုခဲ့ကြောင်း ပေါ်ပေါက်သည်။
အခင်းဖြစ်စဉ်က ပြစ်မှုကျူးလွန်သူ အောင်ကိုကိုဝတ်ဆင်ခဲ့သည့် ဂျင်းဘောင်းဘီနှင့် တီရှပ်တို့အား မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ (၁၂၅)လမ်းရှိ နေအိမ်မှသိမ်းဆည်းရမိခဲ့ပြီး အမှုနှင့် သက်ဆိုင်သည့် သက်သေခံပစ္စည်းများဖြစ်သည့် Laptop နှင့် iPhone SE တို့အား အောင်ကိုကိုမှ ဇနီးဖြစ်သူနှင့် ပြင်ဦးလွင်သို့သွားရောက်စဉ် Feel စားသောက်ဆိုင်အနီးရှိ ရေကန်အတွင်းသို့ လွှင့်ပစ်ခဲ့ကြောင်းနှင့် အခင်းဖြစ်စဉ် အသုံးပြုသည့်ဓားကိုလည်း ဂျာနယ်စက္ကူဖြင့်ထုပ်ပိုးပြီး ဂျာနယ်တိုက်မျက်စောင်းထိုးရှိ အမှိုက်ပုံးတွင်လွင့်ပစ်ထားခဲ့ကြောင်းသိရှိရသဖြင့် သက်သေခံပစ္စည်းများ သိမ်းဆည်းရမိရေးအတွက် ဆက်လက်ရှာဖွေဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုကား-Yangon Police
0 comments :
Post a Comment