ဖခင်အရင်းကို စကားများပြီး တုတ်နဲ့ရိုက်လို့ အဖေဖြစ်သူသေဆုံး


တာချီလိတ်မှာ ဖခင်အရင်းဖြစ်သူနဲ့ စကားများရာကနေ အဖေဖြစ်သူကို တုတ်နဲ့ရိုက်ရာ သေဆုံးသွားခဲ့တယ်လို့ တာချီလိတ်မြို့မ ရဲစခန်းကနေ သိရပါတယ်။
..
တာချီလိတ်မြို့၊ ဖန်မင်အုပ်စု ၊ ဧဒင်ရွာမှာ မတ်လ၃၁ရက် နေ့က ဖြစ်ပွားခဲ့တာပါ။
..
နေအိမ်မှာ မိသားစုအချင်းချင်း စကားများရာမှ အဖေဖြစ်သူ ဦးမောရိုးက "ငါရိုက်လိုက်မယ်" လို့ ဆူပူကြိမ်းမောင်းတာကြောင့် သားဖြစ်သူ အားဂျွေ့က အနီးမှာရှိတဲ့ ငါးပေခန့်အရှည်ရှိ သစ်သားတုတ်နဲ့ ရိုက်ရာ မှာ ဦးခေါင်းကို ထိပြီး သွေးထွက်ပေါက်ပြဲဒဏ်ရာ ရရှိ ခဲ့ပါတယ်။
..
ဦးမောရိုးကို တာချီလိတ်ပြည်သူ့ဆေးရုံကို တင်ရောက် ပို့ဆောင်ကုသခဲ့ပေမယ့် ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ဧပြီလ တစ်ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။
..
လူသေဆုံးခဲ့တာကြောင့် အဖေအရင်းကို တုတ်နဲ့ ရိုက်ခဲ့တဲ့ သားဖြစ်သူကို ပုဒ်မ ၃၀၂နဲ့ အမှုဖွင့် အရေးယူ ထားတယ်လို့ သတင်းရရှိပါတယ်။
..
သတင်း - ရွှေတြိဂံဒေသသတင်း
#တံမြက်စည်း

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...