မိန်းမသားများအနုနည်းဖြင့်အကြပ်ကိုင်မှုများပြားလာ

ခေတ်ကာလကိုက အံ့သြရလောက်အောင်ကပြောင်း
တိကပြောင်းပြန်အမျိုးကောင်းသား ယောက်ျားသားများ စိန်ရွှေရတနာများကဲ့သို့ တစ်နေ့တစ်ခြားတန်ဖိုးတွေတစ်ရိပ်ရိပ်တက်လာနေတဲ့အချိန် ဟိုးတစ်ချိန်ကလို ယောက်ျားလေးများဖက်က စတင် ချစ်ရေးဆိုရတဲ့ခေတ်မဟုတ်တော့ပဲ မိန်းမသားများကသာ ချစ်ရေးဆိုချစ်ခွင့်ပန်မှုတွေ စတင်ပြုလုပ်လာကြပါပြီရာသီဥတုပူပြင်းလာမှုကိုအကြောင်းပြပြီး သူတို့ချစ်ကြိုက်တဲ့ကောင်းလေးက အင်တင်တင် လုပ်မိတယ်ဆိုရင်ပဲ " ငါ့အချစ်ကို လက်ခံမလား လက်မခံဘူးလားပြော ၊ ငါ့ကိုဘာမှတ်နေလဲ? အဝတ်ဗလာနဲ့လမ်းပေါ်ထွက်လျှောက်လိုက်မယ်၊ကြိုက်တာရွေး" ဆိုပြီးအနုနည်းနဲ့အကြပ်ကိုင် အချစ်ဓါးပြတိုက်လာကြတာ
ဆက်တိုက်ဆိုသလိုပဲဖြစ်လည်းဖြစ်သင့်ပါတယ်လေ၊ တို့ယောက်ျားတွေကရွှေထက်တောင်ရှားနေတယ်မလားဒါပေမယ့် ပူစရာမလိုပါ။ တစ်ကယ်လို့ ကိုယ့်ကိုအဲလိုအနုနည်းနဲ့ အကြမ်းဖက်အကြပ်ကိုင်လာသည်ရှိ
သော် အောက်ပါနည်းလမ်းအတိုင်း ဖြေရှင်းကြည့်ကြရအောင်

- မိန်းကလေးဖက်က စတင်ချစ်ရေးဆိုလာပါက "မှို"ရတဲ့ မျက်နှာပေးမျိုး လုံးဝ(လုံးဝ) မပြပါနှင့်
- စိတ်ကိုအတတ်နိုင်ဆုံး တည်ငြိမ်အောင်ထားပြီးအင်းမလုပ် အဲမလုပ် ခပ်မဆိတ်နေလိုက်ပါ
- သူမက ဒေါသူပုန် ထ လာပြီး " ငါ့အချစ်ကိုလက်မခံရင် ငါ အဝတ်တွေချွတ်ပြီးလမ်းမထွက်လျှောက်
လိုက်မယ်နော်" ဟု ရာဇသံပေးလာပါက "မှို"ရတဲ့မျက်နှာနဲ့ " ဟီးးးး အဲအစီအစဉ်အရမ်းကောင်း
တယ်၊ ခုပဲအကောင်အထည်ဖေါ်လိုက်ပါ" ဆိုပြီးအူလှိုက်အသည်းလှိုက် သူမရဲ့အစီအစဉ်ကိုလက်ခံကြိုဆိုပြီး အမြန်ဆုံးအကောင်အထည်ဖေါ်ခိုင်းလိုက်ပါ
- တစ်ကယ်လို့ သူမအနေနဲ့ ကိုယ်လုံးတီး လမ်းမပေါ်ထွက်လျှောက်သွားပါက လိုက်လံဟန့်တားခြင်း
တစ်စုံတစ်ရာမပြုပဲ မုတ်ဆိတ်ကိုလက်နဲ့သပ်ပြီးသူမအလှကို ရှုစားနေလိုက်ပါ( မဟုတ်လည်း ပိုက်ဆံအကုန်ခံပြီး မဟုတ်မဟတ် porn site တွေလိုက်ကြည့်နေကြတယ်ဆိုတော့)
- ပြီးရင် 199 ကို ခေါ်ပြီး အမျိုးသမီးတစ်ယောက်အဝတ်ဗလာ နဲ့ ဘယ်လမ်းဘယ်လမ်းမှာလမ်းသလား
နေပါတယ်ဆိုပြီး သတင်းပို့လိုက်ပါ၊ ရဲသားကြီးကကိုလှရွှေတို့ ဆက်လက်တာဝန်ယူသွားပါလိမ့်မယ်
ကဲ !!! အစီအစဉ်မကောင်းဘူးလား
ရွှေထက်ရှားနေတဲ့ တို့ယောက်ျားတွေ မိန်းမသားတွေရဲ့ အနုနည်းနဲ့ အချစ်ဓါးပြတိုက်နေမှုရန်အပေါင်းက
နေ ကင်းဝေးနိုင်ကြပါစေ
#cd လွင်ကိုကိုထက်

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...