နီနီခင္ေဇာ္ ေအာင္ျမင္ခ်ိန္မွာ အသိမွတ္မျပဳခံရဘူး ဆိုတဲ႔ ယုန္ေလး


ညီမေလး နီနီခင္ေဇာ္ သိေစရန္ .
Melody World မွာဆုစမရခင္ထဲက 2007 2008 ေလာက္က Dinnerပြဲေလးတစ္ခုမွာ Jenny အသံေကာင္းတယ္ဆိုျပီး မိတ္ဆက္ေပးလို႔ ကြ်န္ေတာ္နဲ႔စရင္းနီွးခဲ့ပါတယ္.
တြဲဆိုခဲ့ပါတယ္။ အသစ္ဆိုတာကို မယံုနိုင္ေအာင္ ေတာ္ေတာ္ေကာင္းပါတယ္။ ကြ်န္ေတာ္လည္း သီတင္းကြ်တ္လျပည့္ေန႔ Show မွာဆိုဖို႔ ေျပာခဲ့ပါတယ္။
လိုက္ဆိုေပးပါတယ္။ ကြ်န္ေတာ္ ဒီေကာင္မေလး ထိပ္ဆံုးေရာက္မယ္ဆိုတာသိပါတယ္။ သူဆုမရခင္ထဲက ပထမဆံုး Show ပထမဆံုး သီခ်င္း ကိုယ္ပိုင္သီခ်င္းတစ္ပုဒ္ ကိုစလုပ္ေပးခဲ့ပါတယ္။ Melody World စာခ်ဳပ္ အရသာ သူတစ္ျခားသီခ်င္း အရင္ထြက္ခဲ့ပါတယ္။ ကြ်န္ေတာ္ ညီမအရင္းတစ္ေယာက္လို အျမဲတန္းသူကို ပရိတ္သတ္သိဖို႔ ေအာင္ျမင္ဖို႔ ေခါင္းထဲအျမဲထဲခဲ့ပါတယ္။
ကြ်န္ေတာ္ ညီမေလး အရင္လို အရမ္းခ်စ္ပါတယ္။
အန္တီ နီကိုလည္း အေဒၚလိုခ်စ္ပါတယ္။ မိသားစုေတြပါ။
မိုးတိမ္ကဗ်ာကို မင္းအတြက္ ၃ မွာထည့္ဖို႔ အတြက္ Ezy ကကြ်န္ေတာ္ အစ္ကို ကိုေက်ာ္ဇင္သိန္းကို အသည္းအသန္ေျပာခဲ့ရပါတယ္။ အသံေႀကာင့္ အဆိုေတာ္အသစ္ျဖစ္ေနလို႔ မဟုတ္ပါဘူး။ ဆိုျပီးသားသီခ်င္း သီခ်င္းေဟာင္းျဖစ္ေနလို႔ပါ။ ဒါေပမဲ့ သူအသံနဲ႔ လိုက္တာာရယ္ အသံပါဝါ ေကာင္းတာရယ္
ေႀကာင့္ ျပန္ဆိုေစခ်င္တာပါ။ ရသ နဲ႔ပဲ ျပန္တြဲေပးခဲ့ပါတယ္။ ရသ Rap လည္းအရမ္းေကာင္းလို႔ ။
နာမည္ေတြေတာ့ ထည့္မေျပာေတာ့ဘူး အဲ့ခ်ိန္တုန္းက ေအာင္ျမင္စျပဳေတာ့မဲ့ အခု ေအာင္ျမင္ေနတဲ့ ကြ်န္ေတာ္ညီေလးေတြနဲ႔ တြဲဆိုဖို႔ေတြလည္း
စီစဥ္ေပးခဲ့ပါတယ္။ ဝင္ဆန္႔ေအာင္ . ဒီေလာကမွာ ဘယ္ေလာက္ေတာ္ေတာ္ တစ္ေယာက္ထဲေနလို႔မရပါဘူး။
အျမဲတန္း ကြ်န္ေတာ္နားမွာရိွတဲ့ လူေတြကို ကြ်န္ေတာ္ တစ္ေယာက္ထဲ အတြက္မရွင္သန္ခိုင္းပါဘူး။
သူတို႔ အတြက္ပဲ သူတို႔ကိုရွင္သန္ခိုင္းတာပါ။
*** ငါနဲ႔ပဲ ဆိုရမယ္။ ဟိုလူ နဲ႔ မဆိုရဘူး ဒီလူက နင္ကိုနင္းမွာတို႔ အက်ိဳးအျမတ္ဘယ္ေလာက္ရမွာလဲတို႔ နင္ ကိုလာမီွျပီးသူတက္မွာတို႔ *** လူေစာက္ျမင္ကတ္ျပီး မတက္ခင္ထဲကျပဳတ္က်မဲ့ အေတြးေတြ Psycho မထည့္ေပးခဲ့ပါဘူး အဲ့ဒါ လူတိုင္းကိုပါ ။Snare ကို ကိုစိုင္းထုပ္ေပးမယ္ဆိုေတာ့လည္း လုပ္ရမယ္ လုပ္ရမယ္ ဆိုျပီး ထိပ္ဆံုးကေျပာခဲ့တာပါ။ Snare နဲ႔က အဲ့အခ်ိန္တုန္းက တစ္အိမ္ထဲေနေနက်တဲ့ အခုခ်ိန္ထိ အခ်စ္ဆံုးေကာင္ေတြပါ။
NiNi MRTV 4 ကရိုက္မယ့္ Show ေတြလည္း ပိုက္ဆံနည္းနည္း မ်ားမ်ား လူနဲ႔ သီခ်င္းနဲ႔ တြဲ သိဖို႔ ဆိုေစခဲ့ပါတယ္။
သူနဲ႔ ကြ်န္ေတာ္ႀကားမွာ ခ်စ္ဖို႔ေကာင္းတဲ့ အခ်က္က
ဘယ္Chanel မွာဘယ္ေလာက္႐ရ သီခ်င္းေႀကးဆိုျပီး ကြ်န္ေတာ္မယူသလို.
ကြ်န္ေတာ္လုပ္တဲ့ ေခြတိုင္း သူေတာ္ေတာ္အာင္ျမင္ေနျပီျဖစ္တဲ့ အခ်ိန္ထိကို
ကြ်န္ေတာ္လည္း ဆိုခဆိုျပီး သူကိုတစ္ခါမွမေပးဘူးပါဘူး။
မွတ္မွတ္ ရ ရ FM မွာ ပထမ ဆုသူဆုရေတာ့ အရမ္းေပ်ာ္ပါတယ္ ကြ်န္ေတာ္လည္း ကြ်န္ေတာ္နာမည္မ်ား ေက်းဇူးတင္စကားမွာ ထည့္ေျပာမလားဆိုျပီး နားေထာင္ေနခဲ့ပါတယ္။
FMတိုင္း ဆုေပါင္းမ်ာစြာရတဲ့ အခ်ိန္တိုင္းလည္း ကြ်န္ေတာ္ပြဲထဲမွာရိွေနခဲ့ပါတယ္။ ဒီတစ္ခါေတာ့ေျပာမလားမသိဘူးဆိုျပီး အျမဲနားစြံ႕ ေနမိပါတယ္။ မေျပာတာလည္း နားလည္ပါတယ္။ Stage ေပၚမွာ ျဖစ္တတ္ပါတယ္။ တစ္ခါမွ ငါတင္ေပးတယ္ဆိုတဲ့ အသံုးနႈန္းမသံုးဖူးပါဘူ။ ငါ့ကူညီခဲ့တဲ့ ငါေခၚလာတဲ့ ငါညီမ ဆိုျပီး ကြ်န္ေတာ္လည္း ဂုဏ္ယူခ်င္တာေပါ့ေနာ္ ။
ဒီ ၆ လ ၇ လအတြင္းဘာျဖစ္လည္း မသိဖုန္းဆက္ရင္
ကိုယ္တိုင္မကိုင္ ျပန္မဆက္ သူတစ္ေယာက္ထဲကိုေျပာတာမဟုတ္ဘူး လုပ္တတ္တဲ့လူေတြ Manager လိုလူတစ္ေယာက္ကိုင္တယ္ မအားပါဘူးေပါ့ တကယ္မအားတာျဖစ္နိုင္ပါတယ္။ ဒါေပမဲ့ တစ္ေယာက္ကိုတစ္ေယာက္ Respect ျပန္ဆက္ရမယ္ေလ ေမ့သြားတာလည္း ျဖည့္ေတြးလို႔ရတယ္ ဒါေပမဲ့ ၇ခါ ၈ခါ က်ေတာ့လည္း ဒါေစာက္ရူးလို႔ သတ္မွတ္တယ္ လို႔ပဲခံစားရေတာ့တယ္။
လူႀကမ္းတစ္ေယာက္ အသည္းကြဲျခင္း Song MTV ရိုက္ဖို႔လည္း မဆက္ေတာ့ပါဘူး ။ သူရိုက္ဆိုတဲ့လြန္ခဲ့တဲ့ ၁နွစ္ေက်ာ္ အခ်ိန္က ကြ်န္ေတာ္ဘက္က မရိုက္နိုင္သြားဘူး။ ဒါလည္း ဘာမွမွမဟုတ္တာ။
မေန႔ကေတာ့
သူငယ္ခ်င္းေတြ ေမးလိုက္တယ္ နီနီခင္ေဇာ္ပြဲမွာ မင္းမလာဘူးလား ေမးတဲ့လူနဲ႔ Fb Chatbox မွာလည္း မနီပြဲ ကိုယုန္ေလးနဲ႔ ဆိုမွာလား ေမးတဲ့လူနဲ႔ ကြ်န္ေတာ္လည္း မေျဖရွင္းေတာ့ပါဘူး။
ဒါေပမဲ့ စိတ္ေတာ္ေတာ္ထိခိုက္တယ္ ဘယ္ေခြထြက္ထြက္ နႈတ္ခမ္းနီ ထုပ္ထုပ္ ေမြးေန႔ တစ္ခါမွ အသိမွတ္ျပဳ ခ်င္မခံခဲ့ရဘူး။
မေန႔ က တစ္ကိုယ္ေတာ္ Show ဆိုတာေတာ့ အဆိုေတာ္ေတြရဲ႔ အိမ္မက္ပဲ သတိရသင့္တယ္ အသိမွတ္ျပဳသင့္တယ္ထင္ပါတယ္။
တြဲဆိုဖို႔ မလိုပါဘူး .
ဘာကူေပးရမလဲေပါ့ေနာ္ ကြ်န္ေတာ္လည္းဒီေလာကထဲ ဘာမွမသိတဲ့လူတစ္ေယာက္မွမဟုတ္တာ။
သူဖိတ္လို႔ Show ထဲမွာကြ်န္ေတာ္ရိွေနလဲ သူ႔အတြက္ အေနွာင့္ယွက္ျဖစ္စရာ ဂုဏ္ငယ္စရာလည္း မရိွပါဘူး။
ဘာပြဲ ျဖစ္ျဖစ္ . Pre Party .
သူနဲ႔ နာမည္ရိွမွ စသိလာတဲ့ လူေတြကို ပဲအသိမွတ္ျပဳေတာ့တာ ေတာ္ေတာ္ေလး စိတ္မေကာင္းျဖစ္မိတယ္။ ကြ်န္ေတာ္အရိုင္းစိုင္း ေဒါသႀကီးတဲ့ လူတစ္ေယာက္ပါ ဒီstatus ကိုေရးတာ ေဒါသလံုးဝမပါပဲ စိတ္မေကာင္းခ်င္းသက္သက္ပါ။
တစ္ခုပဲ ကိုယ္ဟာကို ျဖည့္သိမ့္လိုက္ပါေတာ့တယ္။
ငါ ကကြင္းထဲ ဝင္မွမကန္ရေတာ့တာ အရံခံုမွာ ထိုင္ေနရတဲ့ လူတစ္ေယာက္ကို ။ ကြ်န္ေတာ္လည္း ဒီနွစ္ပိုင္းေတြ
သီခ်င္းဘက္ကို ျပန္လည္းႀကိဳးစားေနပါတယ္။
လူတိုင္းက လက္ရိွအေျခေန အေနထားေတြေပၚမွာပဲ ဆက္ဆံသြားတယ္ဆိုတဲ့ သင္ခန္းစာေလးရပါတယ္။
အျမဲခံယူထားတာေတာ့ အရည္ခ်င္းရိွတဲ့ လူအတြက္ တစ္ေနရာက ေတာ့အျမဲတန္းရိွပါတယ္ ။
ဘာပဲျဖစ္ျဖစ္ Congratulationပါ။
ဆက္လက္ ေအာင္ျမင္ပါေစ။
ဆက္လက္လည္း ေအာင္ျမင္မွာပါ ။
Kyaw Phone Aung

==============

ညီမလေး နီနီခင်ဇော် သိစေရန် .
Melody World မှာဆုစမရခင်ထဲက 2007 2008 လောက်က Dinnerပွဲလေးတစ်ခုမှာ Jenny အသံကောင်းတယ်ဆိုပြီး မိတ်ဆက်ပေးလို့ ကျွန်တော်နဲ့စရင်းနှီးခဲ့ပါတယ်.
တွဲဆိုခဲ့ပါတယ်။ အသစ်ဆိုတာကို မယုံနိုင်အောင် တော်တော်ကောင်းပါတယ်။ ကျွန်တော်လည်း သီတင်းကျွတ်လပြည့်နေ့ Show မှာဆိုဖို့ ပြောခဲ့ပါတယ်။
လိုက်ဆိုပေးပါတယ်။ ကျွန်တော် ဒီကောင်မလေး ထိပ်ဆုံးရောက်မယ်ဆိုတာသိပါတယ်။ သူဆုမရခင်ထဲက ပထမဆုံး Show ပထမဆုံး သီချင်း ကိုယ်ပိုင်သီချင်းတစ်ပုဒ် ကိုစလုပ်ပေးခဲ့ပါတယ်။ Melody World စာချုပ် အရသာ သူတစ်ခြားသီချင်း အရင်ထွက်ခဲ့ပါတယ်။ ကျွန်တော် ညီမအရင်းတစ်ယောက်လို အမြဲတန်းသူကို ပရိတ်သတ်သိဖို့ အောင်မြင်ဖို့ ခေါင်းထဲအမြဲထဲခဲ့ပါတယ်။
ကျွန်တော် ညီမလေး အရင်လို အရမ်းချစ်ပါတယ်။
အန်တီ နီကိုလည်း အဒေါ်လိုချစ်ပါတယ်။ မိသားစုတွေပါ။
မိုးတိမ်ကဗျာကို မင်းအတွက် ၃ မှာထည့်ဖို့ အတွက် Ezy ကကျွန်တော် အစ်ကို ကိုကျော်ဇင်သိန်းကို အသည်းအသန်ပြောခဲ့ရပါတယ်။ အသံကြောင့် အဆိုတော်အသစ်ဖြစ်နေလို့ မဟုတ်ပါဘူး။ ဆိုပြီးသားသီချင်း သီချင်းဟောင်းဖြစ်နေလို့ပါ။ ဒါပေမဲ့ သူအသံနဲ့ လိုက်တာာရယ် အသံပါဝါ ကောင်းတာရယ်
ကြောင့် ပြန်ဆိုစေချင်တာပါ။ ရသ နဲ့ပဲ ပြန်တွဲပေးခဲ့ပါတယ်။ ရသ Rap လည်းအရမ်းကောင်းလို့ ။
နာမည်တွေတော့ ထည့်မပြောတော့ဘူး အဲ့ချိန်တုန်းက အောင်မြင်စပြုတော့မဲ့ အခု အောင်မြင်နေတဲ့ ကျွန်တော်ညီလေးတွေနဲ့ တွဲဆိုဖို့တွေလည်း
စီစဉ်ပေးခဲ့ပါတယ်။ ဝင်ဆန့်အောင် . ဒီလောကမှာ ဘယ်လောက်တော်တော် တစ်ယောက်ထဲနေလို့မရပါဘူး။
အမြဲတန်း ကျွန်တော်နားမှာရှိတဲ့ လူတွေကို ကျွန်တော် တစ်ယောက်ထဲ အတွက်မရှင်သန်ခိုင်းပါဘူး။
သူတို့ အတွက်ပဲ သူတို့ကိုရှင်သန်ခိုင်းတာပါ။
*** ငါနဲ့ပဲ ဆိုရမယ်။ ဟိုလူ နဲ့ မဆိုရဘူး ဒီလူက နင်ကိုနင်းမှာတို့ အကျိုးအမြတ်ဘယ်လောက်ရမှာလဲတို့ နင် ကိုလာမှီပြီးသူတက်မှာတို့ *** လူစောက်မြင်ကတ်ပြီး မတက်ခင်ထဲကပြုတ်ကျမဲ့ အတွေးတွေ Psycho မထည့်ပေးခဲ့ပါဘူး အဲ့ဒါ လူတိုင်းကိုပါ ။Snare ကို ကိုစိုင်းထုပ်ပေးမယ်ဆိုတော့လည်း လုပ်ရမယ် လုပ်ရမယ် ဆိုပြီး ထိပ်ဆုံးကပြောခဲ့တာပါ။ Snare နဲ့က အဲ့အချိန်တုန်းက တစ်အိမ်ထဲနေနေကျတဲ့ အခုချိန်ထိ အချစ်ဆုံးကောင်တွေပါ။
NiNi MRTV 4 ကရိုက်မယ့် Show တွေလည်း ပိုက်ဆံနည်းနည်း များများ လူနဲ့ သီချင်းနဲ့ တွဲ သိဖို့ ဆိုစေခဲ့ပါတယ်။
သူနဲ့ ကျွန်တော်ကြားမှာ ချစ်ဖို့ကောင်းတဲ့ အချက်က
ဘယ်Chanel မှာဘယ်လောက်ရရ သီချင်းကြေးဆိုပြီး ကျွန်တော်မယူသလို.
ကျွန်တော်လုပ်တဲ့ ခွေတိုင်း သူတော်တော်အာင်မြင်နေပြီဖြစ်တဲ့ အချိန်ထိကို
ကျွန်တော်လည်း ဆိုခဆိုပြီး သူကိုတစ်ခါမှမပေးဘူးပါဘူး။
မှတ်မှတ် ရ ရ FM မှာ ပထမ ဆုသူဆုရတော့ အရမ်းပျော်ပါတယ် ကျွန်တော်လည်း ကျွန်တော်နာမည်များ ကျေးဇူးတင်စကားမှာ ထည့်ပြောမလားဆိုပြီး နားထောင်နေခဲ့ပါတယ်။
FMတိုင်း ဆုပေါင်းမျာစွာရတဲ့ အချိန်တိုင်းလည်း ကျွန်တော်ပွဲထဲမှာရှိနေခဲ့ပါတယ်။ ဒီတစ်ခါတော့ပြောမလားမသိဘူးဆိုပြီး အမြဲနားစွံ့ နေမိပါတယ်။ မပြောတာလည်း နားလည်ပါတယ်။ Stage ပေါ်မှာ ဖြစ်တတ်ပါတယ်။ တစ်ခါမှ ငါတင်ပေးတယ်ဆိုတဲ့ အသုံးနှုန်းမသုံးဖူးပါဘူ။ ငါ့ကူညီခဲ့တဲ့ ငါခေါ်လာတဲ့ ငါညီမ ဆိုပြီး ကျွန်တော်လည်း ဂုဏ်ယူချင်တာပေါ့နော် ။
ဒီ ၆ လ ၇ လအတွင်းဘာဖြစ်လည်း မသိဖုန်းဆက်ရင်
ကိုယ်တိုင်မကိုင် ပြန်မဆက် သူတစ်ယောက်ထဲကိုပြောတာမဟုတ်ဘူး လုပ်တတ်တဲ့လူတွေ Manager လိုလူတစ်ယောက်ကိုင်တယ် မအားပါဘူးပေါ့ တကယ်မအားတာဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ယောက်ကိုတစ်ယောက် Respect ပြန်ဆက်ရမယ်လေ မေ့သွားတာလည်း ဖြည့်တွေးလို့ရတယ် ဒါပေမဲ့ ရခါ ၈ခါ ကျတော့လည်း ဒါစောက်ရူးလို့ သတ်မှတ်တယ် လို့ပဲခံစားရတော့တယ်။
လူကြမ်းတစ်ယောက် အသည်းကွဲခြင်း Song MTV ရိုက်ဖို့လည်း မဆက်တော့ပါဘူး ။ သူရိုက်ဆိုတဲ့လွန်ခဲ့တဲ့ ၁နှစ်ကျော် အချိန်က ကျွန်တော်ဘက်က မရိုက်နိုင်သွားဘူး။ ဒါလည်း ဘာမှမှမဟုတ်တာ။
မနေ့ကတော့
သူငယ်ချင်းတွေ မေးလိုက်တယ် နီနီခင်ဇော်ပွဲမှာ မင်းမလာဘူးလား မေးတဲ့လူနဲ့ Fb Chatbox မှာလည်း မနီပွဲ ကိုယုန်လေးနဲ့ ဆိုမှာလား မေးတဲ့လူနဲ့ ကျွန်တော်လည်း မဖြေရှင်းတော့ပါဘူး။
ဒါပေမဲ့ စိတ်တော်တော်ထိခိုက်တယ် ဘယ်ခွေထွက်ထွက် နှုတ်ခမ်းနီ ထုပ်ထုပ် မွေးနေ့ တစ်ခါမှ အသိမှတ်ပြု ချင်မခံခဲ့ရဘူး။
မနေ့ က တစ်ကိုယ်တော် Show ဆိုတာတော့ အဆိုတော်တွေရဲ့ အိမ်မက်ပဲ သတိရသင့်တယ် အသိမှတ်ပြုသင့်တယ်ထင်ပါတယ်။
တွဲဆိုဖို့ မလိုပါဘူး .
ဘာကူပေးရမလဲပေါ့နော် ကျွန်တော်လည်းဒီလောကထဲ ဘာမှမသိတဲ့လူတစ်ယောက်မှမဟုတ်တာ။
သူဖိတ်လို့ Show ထဲမှာကျွန်တော်ရှိနေလဲ သူ့အတွက် အနှောင့်ယှက်ဖြစ်စရာ ဂုဏ်ငယ်စရာလည်း မရှိပါဘူး။
ဘာပွဲ ဖြစ်ဖြစ် . Pre Party .
သူနဲ့ နာမည်ရှိမှ စသိလာတဲ့ လူတွေကို ပဲအသိမှတ်ပြုတော့တာ တော်တော်လေး စိတ်မကောင်းဖြစ်မိတယ်။ ကျွန်တော်အရိုင်းစိုင်း ဒေါသကြီးတဲ့ လူတစ်ယောက်ပါ ဒီstatus ကိုရေးတာ ဒေါသလုံးဝမပါပဲ စိတ်မကောင်းချင်းသက်သက်ပါ။
တစ်ခုပဲ ကိုယ်ဟာကို ဖြည့်သိမ့်လိုက်ပါတော့တယ်။
ငါ ကကွင်းထဲ ဝင်မှမကန်ရတော့တာ အရံခုံမှာ ထိုင်နေရတဲ့ လူတစ်ယောက်ကို ။ ကျွန်တော်လည်း ဒီနှစ်ပိုင်းတွေ
သီချင်းဘက်ကို ပြန်လည်းကြိုးစားနေပါတယ်။
လူတိုင်းက လက်ရှိအခြေနေ အနေထားတွေပေါ်မှာပဲ ဆက်ဆံသွားတယ်ဆိုတဲ့ သင်ခန်းစာလေးရပါတယ်။
အမြဲခံယူထားတာတော့ အရည်ချင်းရှိတဲ့ လူအတွက် တစ်နေရာက တော့အမြဲတန်းရှိပါတယ် ။
ဘာပဲဖြစ်ဖြစ် Congratulationပါ။
ဆက်လက် အောင်မြင်ပါစေ။
ဆက်လက်လည်း အောင်မြင်မှာပါ ။
Kyaw Phone Aung


Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...