သၾကၤန္ကာလအတြင္း ၀ါးတားဂိတ္မ်ားျပဳလုပ္ကာ အလွဴေငြေကာက္ခံမႈမ်ား

ရခိုင္ေဂဇက္ ၊ ဧၿပီ ၁၅

သၾကၤန္ကာလအတြင္း ပုဏၰားကြ်န္းၿမိဳ႕ႏွင့္ ယိုးတရုတ္ေက်းရြာအၾကား ေက်းရြာ ေရေလာင္း မ႑ဳပ္မ်ားမွ ၀ါးတားဂိတ္ ၊ ႀကိဳးတားဂိတ္ ၊ တုံးတားဂိတ္မ်ား ျပဳလုပ္ကာ အလွဴေငြ ေကာက္ခံမႈမ်ားကို ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးမ်ားက တားဆီးေပးရန္ လိုအပ္ေၾကာင္း ဘုရားဖူးျပည္သူမ်ားႏွင့္ ေမာ္ေတာ္ဆိုင္ကယ္ စီးႏွင္းသြားလာသူမ်ားက ေျပာသည္။

ယင္းသို႔ ကားလမ္းမေပၚ၌ တားဂိတ္မ်ားျဖင့္ အလွဴေငြထည့္ခိုင္းျခင္းမွာ ရြာသားမ်ားမွ ဆြမ္းလွဴရန္ ၊ အေအးလွဴရန္ ေျပာဆို ေကာက္ခံေသာ္လည္း ေက်းရြာတစ္ရြာတြင္ တာဂိတ္ ၂ ခုကေန ၃ ခု အထိ တားဆီးေကာက္ခံေနသည့္အတြက္ အမ်ားျပည္သူမ်ား စိတ္အႏွာင့္အယွက္ ျဖစ္ေနေရေၾကာင္း ျဖတ္သြား ျဖတ္လာမ်ားက ဆိုသည္။

ယိုးတရုတ္ေက်းရြာသား တစ္ဦးကေတာ့ ယင္းသို႔အလွဴေငြေကာက္ခံျခင္းမွာ ဘာသာေရးကို ခုတုံး လုပ္ျခင္းသာ ျဖစ္သည္ဟု ျပစ္တင္ေ၀ဖန္သည္။

ပုဏၰားကြ်န္းႏွင့္ ယိုးတရုတ္ေက်းရြာအၾကား ယင္းသို႔ တားဂိတ္အေရအတြက္မွာ ၅၀ ေက်ာ္ေလာက္ရွိသည့္အတြက္ တားဂိတ္ တခုလွ်င္ ေငြ ၁၀၀ ထည့္ေပးရလွ်င္ ခရီးသြား ျပည္သူ တဦး အနည္း ဆုံး ေငြ ၅၀၀၀ က်ပ္ ကုန္က်မႈရွိေၾကာင္း ၊ ထုိကဲ့သို႔ ကားလမ္မေပၚ၌ တားဂိတ္မ်ား လုပ္ကာ ေငြေကာက္ခံမႈမ်ား တြင္က်ယ္လာသည့္အတြက္ အသက္ ၁၀ ႏွစ္ေအာက္ ကေလးငယ္မ်ားကပါ အတုယူမႈလြဲမွားကာ တခ်ိဳ႕ေနရာတြင္ တားဂိတ္မ်ားျဖင့္ ေငြေတာင္းခံမႈမ်ား ရွိေၾကာင္း ၊ ဧၿပီလ ၁၄ ရက္ေန႔ ကြမ္းေတာင္အလြန္ မင္းေခ်ာင္းတံတား ထိပ္တြင္ အသက္ ၁၀ ႏွစ္ေအာက္ ကေလးငယ္ ၃ ဦး ၀ါးတစ္လုံးျဖင့္ တားကာ လာသမွ် ဆိုင္ကယ္ႏွင့္ ကားမ်ားကို တားဆီး ေကာက္ခံသည္ကို အမ်ားျပည္သူမ်ား ေတြ႔ျမင္ခဲ့ရသည္။

Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
===================

ရခိုင်ဂေဇက် ၊ ဧပြီ ၁၅

သင်္ကြန်ကာလအတွင်း ပုဏ္ဏားကျွန်းမြို့နှင့် ယိုးတရုတ်ကျေးရွာအကြား ကျေးရွာ ရေလောင်း မဏ္ဍုပ်များမှ ၀ါးတားဂိတ် ၊ ကြိုးတားဂိတ် ၊ တုံးတားဂိတ်များ ပြုလုပ်ကာ အလှူငွေ ကောက်ခံမှုများကို ကျေးရွာအုပ်ချုပ်ရေးမှူးများက တားဆီးပေးရန် လိုအပ်ကြောင်း ဘုရားဖူးပြည်သူများနှင့် မော်တော်ဆိုင်ကယ် စီးနှင်းသွားလာသူများက ပြောသည်။

ယင်းသို့ ကားလမ်းမပေါ်၌ တားဂိတ်များဖြင့် အလှူငွေထည့်ခိုင်းခြင်းမှာ ရွာသားများမှ ဆွမ်းလှူရန် ၊ အအေးလှူရန် ပြောဆို ကောက်ခံသော်လည်း ကျေးရွာတစ်ရွာတွင် တာဂိတ် ၂ ခုကနေ ၃ ခု အထိ တားဆီးကောက်ခံနေသည့်အတွက် အများပြည်သူများ စိတ်အနှာင့်အယှက် ဖြစ်နေရေကြောင်း ဖြတ်သွား ဖြတ်လာများက ဆိုသည်။

ယိုးတရုတ်ကျေးရွာသား တစ်ဦးကတော့ ယင်းသို့အလှူငွေကောက်ခံခြင်းမှာ ဘာသာရေးကို ခုတုံး လုပ်ခြင်းသာ ဖြစ်သည်ဟု ပြစ်တင်ဝေဖန်သည်။

ပုဏ္ဏားကျွန်းနှင့် ယိုးတရုတ်ကျေးရွာအကြား ယင်းသို့ တားဂိတ်အရေအတွက်မှာ ၅၀ ကျော်လောက်ရှိသည့်အတွက် တားဂိတ် တခုလျှင် ငွေ ၁၀၀ ထည့်ပေးရလျှင် ခရီးသွား ပြည်သူ တဦး အနည်း ဆုံး ငွေ ၅၀၀၀ ကျပ် ကုန်ကျမှုရှိကြောင်း ၊ ထိုကဲ့သို့ ကားလမ်မပေါ်၌ တားဂိတ်များ လုပ်ကာ ငွေကောက်ခံမှုများ တွင်ကျယ်လာသည့်အတွက် အသက် ၁၀ နှစ်အောက် ကလေးငယ်များကပါ အတုယူမှုလွဲမှားကာ တချို့နေရာတွင် တားဂိတ်များဖြင့် ငွေတောင်းခံမှုများ ရှိကြောင်း ၊ ဧပြီလ ၁၄ ရက်နေ့ ကွမ်းတောင်အလွန် မင်းချောင်းတံတား ထိပ်တွင် အသက် ၁၀ နှစ်အောက် ကလေးငယ် ၃ ဦး ၀ါးတစ်လုံးဖြင့် တားကာ လာသမျှ ဆိုင်ကယ်နှင့် ကားများကို တားဆီး ကောက်ခံသည်ကို အများပြည်သူများ တွေ့မြင်ခဲ့ရသည်။

Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...