အိပ်မက်ထဲမှာ ဖောက်ပြန်လို့ဆိုပြီး ကိုယ့်ရည်းစားကိုယ် ရိုက်သတ်ပစ်တဲ့ ကောင်မလေး


အဖြစ်ကတော့ မနှစ်ကနဲ့မတူဘူးလို့ ဆိုရမှာပါ။ တစ်ခါတစ်လေကျတော့ ကောင်မလေးတွေစိတ်တိုလာရင် ကြောက်ဖို့ကောင်းပါတယ်။ ၂၈ နှစ်အရွယ်အမျိုးသားတစ်ဦးကို သူ့ရဲ့ရည်းစားဖြစ်သူ ကောင်မလေးက အိမ်မက်ထဲမှာ ဂေါက်ကလပ်က ၀ိတ်တာကောင်မလေးနဲ့ ပလူးပလဲလုပ်နေလို့ဆိုပြီး ဂေါက်ရိုက်တုတ်နဲ့ သေသည်အထိ ရိုက်လိုက်မိတာပါ။
ရဲတွေဆီမှာ ၀န်ခံစားချက်အရတော့ သူမဟာ အိပ်ရာက နိုးလာအပြီးမှ သူမရဲ့ချစ်သူကောင်လေးဆီကနေ အိပ်မက်ထဲက အဖြစ်အပျက်အတွက် ဖြေရှင်းချက်တောင်းခဲ့ပြီး သူ့ကောင်လေးကလည်း ဒီကိစ္စဟာ လုံးဝအဓိပ္ပာယ်မရှိကြောင်း သူမရဲ့အတွေးတွေ မဟုတ်တမ်းတရား အထင်အမြင်တွေကသာ မှားယွင်းနေတာဖြစ်ကြောင်း ပြောခဲ့လို့ သူမရဲ့ကြိုတင်ခန့်မှန်းနိုင်စွမ်းကို စော်ကားရပါ့မလားဆိုပြီး ဂေါက်အိတ်ထဲက နံပါတ် ၉ သံတုတ်နဲ့ ကောင်လေးကို ထုရိုက်ခဲ့တာ ဖြစ်ပါတယ်။
ရဲတွေရဲ့အဆိုအရတော့ သူတို့ရဲ့မိသားစုဟာ ရဲစခန်းနဲ့ မစိမ်းပါဘူးတဲ့။ မနှစ်တုံးကလည်း သူမရဲ့ညီမဖြစ်သူဟာ သူ့ရဲ့ Selfie ဓါတ်ပုံကို သူ့ကောင်လေးက မြန်မြန် Like မနှိပ်လို့ဆိုပြီး ဓါးနဲ့ထိုးမှု ဖြစ်ပွားခဲ့ဖူးပါသေးတယ်။
by momolay

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...