လူမြင်ကွင်းမှာ အမျိုးသား ၂ ယောက်နဲ့ လိင်ဆက်ဆံခဲ့တဲ့ အမျိုးသမီး က မရှက်ဘူးလို့ဆို








( Mario ) - သစ်ထူးလွင်


Unicode
အသက် ၂၀ အရွယ် အမျိုးသမီးတစ်ယောက်ဟာ ကောင်းဘွိုင်ဦးထုပ်ဆောင်းထားတဲ့ အမျိုးသား ၂ ယောက် နဲ့ လူမြင်ကွင်းမှာ လိင်ဆက်ဆံ နေတဲ့ ဗီဒီယို တစ်ခု ပျံ့နှံ့လာခဲ့ပါတယ်။

အမည်မသိ အမျိုးသမီးတစ်ဦးက ထို မြင်ကွင်းကို ဗီဒီယို ရိုက်ကူးထားခဲ့တာပဲ ဖြစ်ပါတယ်။ Alexis Frulling ဆိုသူအမျိုးသမီးက ကနေဒါနိုင်ငံ ၊ Calgary မြို့မှာ ပြုလုပ်တဲ့ Stampede ပွဲတော်မှာ ရောက်ရှိနေစဉ် အရက်မူးပြီး လမ်းထောင့်တစ်နေရာ လူမြင်ကွင်းမှာ အမျိုးသား ၂ ယောက်နဲ့ လိင်ဆက်ဆံနေခဲ့တာပဲ ဖြစ်ပါတယ်။
ထို ရှက်ဖို့ကောင်းတဲ့ ဗီဒီယို ဟာ Reddit လူမှုကွန်ရက် ကို upload ပြုလုပ်ခဲ့တာ ဖြစ်ပြီး လူဦးရေ သိန်းနဲ့ချီပြီး ကြည့်ရှုခဲ့ကြသလို ထို Alexis Frulling ဟာလည်း ကနေဒါနိုင်ငံရဲ့ စတားတစ်ယောက် အလိုလို ဖြစ်သွားပါတော့တယ်။
"ကျွန်မလာတွေဖြစ်ခဲ့တယ်ဆိုတာကို တစ်ကယ်ဂုဏ်ယူတဲ့အကြောင်းကို ကျွန်မ မပြောပြတတ်ပါဘူး။ ဒါပေမယ့် ကျွန်မလုံးဝ မရှက်ပါဘူး။ အကယ်၍ သင်ဒါတွေကို ဂရိုစိုက်နေတယ်ဆိုရင် သင်ဘဝ ကို ဘယ်လို ရှေ့ဆက်မှာလည်း။ ဘယ်သူကများ မကောင်းတဲ့ ဆုံးဖြတ်ချက်မချဘူးမှာမို့လို့လည်း" လို့ သူမက ဆိုပါတယ်။
ရိုက်ကူးခဲ့တဲ့ သူ ဘယ်သူဘယ်ဝါဆိုတာကို အတိအကျ မသိရပေမယ့်လည်း Alexis Frulling ကတော့ မီဒီယာ အချို့ရဲ့ ဟီးရိုး လို့ အရွဲ့တိုက်ပြီး သတ်မှတ်တာခံခဲ့ရသလို မကောင်းတဲ့မိန်းမ တစ်ယောက်အဖြစ်လည်း Reddit သုံးစွဲသူတွေက သတ်မှတ်ခဲ့ကြပါတယ်။ Calgary Herald သတင်းဌာန ရဲ့ ဖော်ပြချက်အရ အခုလို ညစ်ညမ်းတဲ့ပုံရိပ်တွေကို ဖြန့်ဝေတာ ဟာ တရားမဝင်ဘူးလို့ သိရပါတယ်။
ရဲတပ်ဖွဲ့ဟာ ဒီဗီဒီယို ရိုက်ကူး ဖြန့်ချီသူ ဘယ်သူဆိုတာကို သိနိုင်ဖို့ စုံစမ်းဖော်ထုတ်နေကြပြီး အမျိုးသမီး ဝါဒီအချို့ ကတော့ Alexis ရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး ဝေဖန်သူတွေကို မကျေမနပ်ဖြစ်နေခဲ့ကြပါတယ်။

( Mario ) - သစ်ထူးလွင်

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...