႐ုရွားအဏုျမဴဗံုးႀကဲေလယာဥ္မ်ားအနီး အေမရိကန္တိုက္ေလယာဥ္ ၂ စင္း ၾကားျဖတ္ပ်ံသန္း (႐ုပ္သံ)
အေမရိကန္ႏိုင္ငံဟာ သူတို႔ရဲ႕ ပိုင္နက္ဧရိယာအနီး ျဖတ္ပ်ံသန္းလာခဲ့တဲ့ ႐ုရွားဗံုးႀကဲေလယာဥ္ေတြအနီးကို တိုက္ေလယာဥ္ ၂ စင္းနဲ႔ ကန္႔လန္႔ျဖတ္ပ်ံသန္းကာ အင္အားျပခဲ့တယ္လို႔ ေမရာသတင္းတပုဒ္မွာ ဒီကေန႔ေဖာ္ျပပါတယ္။
အဲဒီ ႐ုရွားအဏုျမဴဗံုးႀကဲေလယာဥ္ေတြဟာ အေမရိကန္ႏိုင္ငံရဲ႕ ပိုင္နက္ဧရိယာအနီး အလက္စကားျပည္နယ္နဲ႔ မိုင္ ၁၀၀ သာ ကြာေဝးတဲ့ ေနရာအနီးကို ဧၿပီ ၁၇ ရက္ ညပိုင္းက ျဖတ္သန္းပ်ံလာခဲ့ခ်ိန္မွာ အေမရိကန္ႏိုင္ငံက ခုလိုတံု႔ျပန္ခဲ့တာပါ။
အေမရိကန္ အက္ဖ္-၂၂ ဂ်က္တိုက္ေလယာဥ္ေတြဟာ ႐ုရွားပိုင္ တူ-၉၅ ဗံုးႀကဲေလယာဥ္ေတြနဲ႔ ေကာင္းကင္မွာ တတန္းတည္း အခ်ိန္ ၁၂ မိနစ္ေလာက္ၾကာေအာင္ ပ်ံသန္းေနခဲ့တာကို ေတြ႔ရၿပီးေနာက္မွာေတာ့ ႐ုရွားေလယာဥ္ေတြဟာ ျပန္လွည့္ထြက္သြားခဲ့ၾကတာပါ။
႐ုရွားအေနနဲ႔ အေမရိကန္ႏိုင္ငံရဲ႕ ေလေၾကာင္းကာကြယ္ေရး ကန္႔သတ္ဇုန္အနီးကို ခုလိုပ်ံသန္းခဲ့တာဟာ ပထမအႀကိမ္ျဖစ္ၿပီး ဒါဟာ ၂ ႏိုင္ငံၾကား စစ္ေရးအင္အားျပတာျဖစ္တယ္လို႔ သံုးသပ္ေနၾကတာပါ။
အေမရိကန္စစ္တပ္ ေျပာေရးဆိုခြင့္ရွိသူေတြကေတာ့ ခုလို ျဖတ္သန္းပ်ံျပခဲ့ခ်ိန္မွာ ေဘးအႏၱရာယ္ကင္းကင္းနဲ႔ ထိခိုက္မႈမရွိဘဲ သာမန္အေျခအေနအတိုင္း ပညာရွင္ဆန္တဲ့ အေနအထားနဲ႔ ၾကားျဖတ္ပ်ံသန္းခဲ့တာျဖစ္ၿပီး ၂ ႏုိင္ငံ ေလယာဥ္မႉးေတြခ်င္း ပတ္သက္မႈမရွိၾကဘူးလို႔ ဆိုပါတယ္။
ရီပတ္ဘလီကန္ပါတီကိုယ္စား ေျပာေရးဆိုခြင့္ရွိသူ အဒမ္ ကင္ဇင္ဂ်ာကေတာ့ ႐ုရွားေတြဟာ သူတို႔အင္အားကို ျပသဖို႔ ႀကိဳးစားခဲ့ၾကတာျဖစ္ၿပီး အေမရိကန္ေတြက ဘယ္လိုတံု႔ျပန္မလဲဆုိတာကို သိခ်င္တာျဖစ္တယ္လို႔ ေျပာပါတယ္။
႐ုရွားေတြဟာ ၿပီးခဲ့တဲ့ ၂၀၁၅ ခုႏွစ္၊ ဇူလိုင္ ၄ ရက္ေန႔ကလည္း ကယ္လီဖိုးနီးယားျပည္နယ္မွ မိုင္ ၄၀ အတြင္း ၿမိဳ႕တၿမိဳ႕ဆီ ဦးတည္လာေရာက္ကာ ပ်ံသန္းခဲ့ၾကပါေသးတယ္။
http://burmese.dvb.no/archives/202032
Unicode
အမေရိကန်နိုင်ငံဟာ သူတို့ရဲ့ ပိုင်နက်ဧရိယာအနီး ဖြတ်ပျံသန်းလာခဲ့တဲ့ ရုရှားဗုံးကြဲလေယာဉ်တွေအနီးကို တိုက်လေယာဉ် ၂ စင်းနဲ့ ကန့်လန့်ဖြတ်ပျံသန်းကာ အင်အားပြခဲ့တယ်လို့ မေရာသတင်းတပုဒ်မှာ ဒီကနေ့ဖော်ပြပါတယ်။
အဲဒီ ရုရှားအဏုမြူဗုံးကြဲလေယာဉ်တွေဟာ အမေရိကန်နိုင်ငံရဲ့ ပိုင်နက်ဧရိယာအနီး အလက်စကားပြည်နယ်နဲ့ မိုင် ၁၀ဝ သာ ကွာဝေးတဲ့ နေရာအနီးကို ဧပြီ ၁၇ ရက် ညပိုင်းက ဖြတ်သန်းပျံလာခဲ့ချိန်မှာ အမေရိကန်နိုင်ငံက ခုလိုတုံ့ပြန်ခဲ့တာပါ။
အမေရိကန် အက်ဖ်-၂၂ ဂျက်တိုက်လေယာဉ်တွေဟာ ရုရှားပိုင် တူ-၉၅ ဗုံးကြဲလေယာဉ်တွေနဲ့ ကောင်းကင်မှာ တတန်းတည်း အချိန် ၁၂ မိနစ်လောက်ကြာအောင် ပျံသန်းနေခဲ့တာကို တွေ့ရပြီးနောက်မှာတော့ ရုရှားလေယာဉ်တွေဟာ ပြန်လှည့်ထွက်သွားခဲ့ကြတာပါ။
ရုရှားအနေနဲ့ အမေရိကန်နိုင်ငံရဲ့ လေကြောင်းကာကွယ်ရေး ကန့်သတ်ဇုန်အနီးကို ခုလိုပျံသန်းခဲ့တာဟာ ပထမအကြိမ်ဖြစ်ပြီး ဒါဟာ ၂ နိုင်ငံကြား စစ်ရေးအင်အားပြတာဖြစ်တယ်လို့ သုံးသပ်နေကြတာပါ။
အမေရိကန်စစ်တပ် ပြောရေးဆိုခွင့်ရှိသူတွေကတော့ ခုလို ဖြတ်သန်းပျံပြခဲ့ချိန်မှာ ဘေးအန္တရာယ်ကင်းကင်းနဲ့ ထိခိုက်မှုမရှိဘဲ သာမန်အခြေအနေအတိုင်း ပညာရှင်ဆန်တဲ့ အနေအထားနဲ့ ကြားဖြတ်ပျံသန်းခဲ့တာဖြစ်ပြီး ၂ နိုင်ငံ လေယာဉ်မှူးတွေချင်း ပတ်သက်မှုမရှိကြဘူးလို့ ဆိုပါတယ်။
ရီပတ်ဘလီကန်ပါတီကိုယ်စား ပြောရေးဆိုခွင့်ရှိသူ အဒမ် ကင်ဇင်ဂျာကတော့ ရုရှားတွေဟာ သူတို့အင်အားကို ပြသဖို့ ကြိုးစားခဲ့ကြတာဖြစ်ပြီး အမေရိကန်တွေက ဘယ်လိုတုံ့ပြန်မလဲဆိုတာကို သိချင်တာဖြစ်တယ်လို့ ပြောပါတယ်။
ရုရှားတွေဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ ဇူလိုင် ၄ ရက်နေ့ကလည်း ကယ်လီဖိုးနီးယားပြည်နယ်မှ မိုင် ၄၀ အတွင်း မြို့တမြို့ဆီ ဦးတည်လာရောက်ကာ ပျံသန်းခဲ့ကြပါသေးတယ်။
0 comments :
Post a Comment