ကြောက်စရာ မကွေးမြို့ ကေတီဗွီ မီးလောင်မှုကို ဖေါ်လိုက်ပြီ

မကွေးမြို့ မြင်သာရပ်ကွက် သစ္စာလမ်းပေါ်မှ ( ရွှေမြတ်မင်းသမီး ကေတီဗီ )မီးလောင်မှုရဲကလိမ်ပြီ။
ဂစ်မီးဖို ပေါက်ကွဲရာကနေ မီးလောင်ခြင်းလို့ ရဲဘက်က ထုတ်ပြန်တာဖြစ်ပါတယ်။
စာရေးသူမှ စုံစမ်းရရှိသော အကြောင်းရင်းနှင့် အတော်ကြီးကွဲလွဲပါပြီ။
အဆိုပါ ကေတီဗီ မူရင်း လုပ်ငန်း လိုင်စင် ကို ၂၀၁၂ ခုနှစ် မှာ အငြိမ်းစား ဗိုလ်မှူးကြီးတစ်ဦး ပိုင်ဆိုင်ပြီး အဆိုပါ ဆိုင်ကို တရုတ်လူမျိုး တစ်ဦးနှင့် စပ်တူ လုပ်ကိုင်ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။
မကွေးနှင့် စစ်ကိုင်းတိုင်းဒေသမှ မိန်းခလေးငယ် (၂၀) ဦးခန့်ကို အဆိုပါ ဆိုင် အနောက်ဘက် လှောင်အိမ်လို ပြုလုပ်ထားသော အတွင်းဘက်တွင် သံလုံးသံဇကာများနှင့် ကာရံ၍ အပြင်ဘက်မှ ပျဉ်သားအကာဖြင့် ပြုလုပ်ထားခြင်းလည်း ဖြစ်ပါတယ်။
လွတ်မြောက်ခဲ့သူ မိန်းခလေးငယ် (၃) ဦးကို ရဲက ချက်ခြင်း ခေါ်ဆောင်သွားပြီး စာရေးသူ၏ လူငယ်များမှ လိုက်လံ မေးမြန်းရဲ သတင်းဌာန အတိကျပြောပါ ပြီးရင်း မင်းတို့ကိုပါ မီးရှို့မှု နဲ့ ထောင်ထဲ ထည့်လိုက်မယ်လို့ ဆဲဆိုပြီး ရဲမှ လုံခြုံရေးကားပေါ်တင်ဆောင် သွားပါတယ်။
ထွက်ပြေးလွတ်မြောက်သူ အခြား မိန်းခလေးငယ်တစ်ဦး (မ…..)ကို ငိုယိုနေရာမှ မေးမြန်းကြည့်ရာ သူမ သူငယ်ချင်းများ သံလောင်အိမ်အခန်းထဲတွင် (ည ၁၀ နာရီ ဖေါက်သယ်များကို စောင့်ဆိုင်းနေရကြောင်း ထိုသို့ စောင့်ဆိုင်းချိန်တွင် ဖေါက်သယ်လာမှ သံလှောင်အိမ်အခန်းတံခါးကို လာရောက်ဖွင့်လှစ်ပေးရပြီး ယခုမီးလောင်ချိန်တွင် သူမ၏ သူငယ်ချင်း (၉)ဦး အပြင်ထွက်ခွင့်မရပဲ မီးလောင်သွားကြောင်း သိရပြီး သူမကတော့ ပေါင်ထိုင် ပန်းကုံးချ ဧည့်ခံပေးရသူမို့ အပြင်ဘက်တွင် ညဘက်(ရ နာရီ) အချိန်တွင် အလုပ်လုပ်ခွင့် အခြား သူငယ်ချင်း (၃) ဦးနှင့် အတူ ရရှိ၍ ထွက်ပြေးလွတ်မြောက်ကြောင်းသိရပါတယ်။
လက်ရှိပိုင်ရှင် ဖြစ်သူမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒီအက်အေ အပတ်စဉ် တခုတည်းဖြစ်ကြောင်း ပခုက္ကူတွင် လည်း အဆိုပါ ဆိုင်များ (၂) ခု ရှိပြီး အလုံပိတ်တဲ (၁၈) လုံး ရှိနေပြီး ယနေ့ အထိ လုပ်ငန်းလုပ်ကိုင်နေကြောင်းသိရသည်။ အဆိုပါ လုပ်ငန်းများအားလုံး သက်ဆိုင်ရာ ရဲတပ်ဖွဲ့များနှင့် ပူးပေါင်း၍ မူးယစ်ဆေး အရက် ပေါင်းစုံတို့ပါ ပူးတွဲရောင်းချနေပြီ ကာမဆိုင်ရာ လုပ်ငန်းများလည်း တွဲဖက် ပါဝင်ကြောင်း သိရသည်။
လက်ရှိမီးလောင်မှု ဖြစ်စဉ်အားမေးမြန်းကြည့်ရာ စားပွဲပေါ်တွင် ဂစ်ဗူးငယ်များဖြင့် ပြုလုပ်ထားသော (hot pot) စားပွဲမှ မီးစတင် လောင်ခဲ့ရာမှ ဖေါက်သယ်မှ စားပွဲခုံအား ပြိုင်တူ တွန်းဖယ်ရှားခဲ့ရာ ဆိုင်နံရံဘက်သို့ ရောက်ရှိပြီး ပျဉ်ကာနံရံအား မီးစွဲလောင်ကြောင်း သိရသည်။
သို့ကြောင့် လက်ရှိ မိးလောင်မှုအား ထုတ်ပြန်သော ပြည်ထဲရေးလက်အောက်မှ ရဲတပ်ဖွဲ့၏ လိမ်လည်လုပ်ကြံ လမ်းကြောင်းမှားယွင်းစွာ ထုတ်ပြန်ခဲ့ကြောင်းကို တင်ပြလိုက်ရကြောင်းပါ….
မူရင်း ပိုင်ရှင် အငြိမ်းစားဗိုလ်မှူးကြီးအားဆက်လက် ချေရာခံ ဖေါ်ထုတ်ပေးသွားနိုင်ရန် ကျိုးပမ်းလျက် ရှိကြောင်းဖြစ်ပါသည်။
မာဖီးယား များ ကျဆုံးပါစေ
ဂိုလ်ရှယ်လေး

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...