လူစားလြန္း၍ ေခြးကို လူအစားေကၽြးလိုက္ရတဲ့ ထိတ္လန္႔ဖြယ္ လူစားတဲ့ ဘီလူးမတံတား (ျဖစ္ရပ္မွန္)


ရခုိင္ျပည္နယ္၊စစ္ေတြျမဳိ့က "ဘီးလူးမတံတား"အေၾကာင္းေလးပါ.။

ဘီလူးမတံတားဆိုတာက တံတားအတုိေလးပါ ပဲ..။
ဒါပဲမဲ့ ဘီးလူးမတံတားဆုိတဲနာမည္အတုိင္း လူစားပါတယ္..။
တစ္ႏွစ္မွာလူႏွစ္ေယာက္ကအနည္းဆုံးကားတုိက္ျပီးေသၾကတယ္။တံတားက ၄လမ္းသြားပါ။ဒါပဲမဲ့ ရန္ကုန္လုိအသြားတစ္ဖက္၊အျပန္တစ္ဖက္မဟုတ္ဘူး..၊

ၾကဳိက္သလုိသြားလုိရတယ္ မခြဲထားဘူးေပါ့။ကားတုိက္မွုျဖစ္ေတာ့မယ္ဆုိရင္ ညေရာက္ရင္
တံတားဖက္ကအသံနက္ၾကီး နဲ႔

"ေဟး.....ေဟး..... "

ဆိုျပီး၀မ္းသာသံလိုတစ္ခါ တစ္ခါ...

"ဟီးးးးးးးးးးးး.......အီးးးးးးးးးးးးး...အားးးးး"

ဆိုျပီးညည္းသံလိုလို တစ္မ်ိဳး ေအာ္သံေတြၾကားရတယ္။
တံတားဖက္ကေအာ္သံေတြၾကားရရင္ မၾကာဘူး လူေသတာပဲ။

ကားတုိက္မႈ႕တစ္ခုျဖစ္ေတာ့ အထူးအဆန္းၾကံဳေတြ႕လိုက္ရတဲ့ ကားေမာင္းသမားက ေျပာျပတယ္...။
သူကားေရွ့မွအရမ္းလွ၊ ဆံပင္အရွည္နဲ့ အစိမ္းေရာင္အ၀တ္၀တ္ထားတဲ
ေကာင္မေလးတစ္ေယာက္ရပ္ေနလို့ သူေရွာင္လုိက္တာ
ပလမ္ေဖာင္းေပၚကလမ္းေလွ်ာက္ေနတဲ့လူကုိကားတုိက္မိသြားတယ္တဲ့...။ အဲ့ ေကာင္မေလးကို
မတိုက္ခ်င္ လို႔ ေရွာင္ ရင္း ေမွာက္သြားတာပါတဲ့...။

ကားတုိက္ခံရရင္လည္း ေသတဲ့လူမ်ားတယ္၊ရွင္တဲ့လူမရွိသေလာက္ပဲ။
ခဏခဏအဲသလုိျဖစ္ေနေတာ့ ရပ္ကြက္ကစုျပီး (၇)
ရက္ပတ္လုံးလုံး တရားနား၊ပရိတ္ရြတ္တယ္။
ျပီးေတာ့ ဘုန္ၾကီးေတြအလွည္က်ေန့ေန့ညည တံတားေပၚ
လမ္းေလွ်ာက္ျပီးပရိတ္ရြတ္ၾကတယ္။

ေနာက္ျပီး အရပ္ထဲက သက္ၾကီး၀ါၾကီးေတြရဲ႕ စကားအရ လူမစားေစခ်င္ရင္ ေခြးအစားေပးရတယ္ ဆိုလို႔..
ေခြးတစ္ေကာင္ကုိ လည္လီွးျပီး တံတားေအာက္ကို ေသြးစက္ခ်ေပးၾကပါတယ္..။

'' တကယ္လုိနင္စားခ်င္ရင္ ေခြးပဲစားေတာ့''

ေျပာထားလိုက္ၾက ပါတယ္။အဲဒီေန့ကစျပီးေအာ္သံလည္းမၾကားရဘူး၊

လူေတြလည္းမေသေတာ့ဘူး။........တစ္ခါတစ္လည္းမွ ေခြးေတြတံတားနားမွာ သြားသြားျပီးေသၾက
ပါေတာ့တယ္။..................

ဇာတ္လမ္းေရးသားေပးပို႔သူ မ cho lay (စစ္ေတြျမိဳ့) ကို
ကၽြန္ေတာ္တို႔ Admin မ်ားမွ အထူးေက်းဇူးတင္ရွိပါသည္....ခင္ဗ်ာ

ဇာတ္လမ္းေရးသားေပးပို႔သူ မ cho lay (စစ္ေတြျမိဳ့)
Credit:  ေပတေလာကသားမ်ားအေၾကာင္း
============
ရခိုင်ပြည်နယ်၊စစ်တွေမြို့က "ဘီးလူးမတံတား"အကြောင်းလေးပါ.။

ဘီလူးမတံတားဆိုတာက တံတားအတိုလေးပါ ပဲ..။
ဒါပဲမဲ့ ဘီးလူးမတံတားဆိုတဲနာမည်အတိုင်း လူစားပါတယ်..။
တစ်နှစ်မှာလူနှစ်ယောက်ကအနည်းဆုံးကားတိုက်ပြီးသေကြတယ်။တံတားက ၄လမ်းသွားပါ။ဒါပဲမဲ့ ရန်ကုန်လိုအသွားတစ်ဖက်၊အပြန်တစ်ဖက်မဟုတ်ဘူး..၊

ကြိုက်သလိုသွားလိုရတယ် မခွဲထားဘူးပေါ့။ကားတိုက်မှုဖြစ်တော့မယ်ဆိုရင် ညရောက်ရင်
တံတားဖက်ကအသံနက်ကြီး နဲ့

"ဟေး.....ဟေး..... "

ဆိုပြီးဝမ်းသာသံလိုတစ်ခါ တစ်ခါ...

"ဟီးးးးးးးးးးးး.......အီးးးးးးးးးးးးး...အားးးးး"

ဆိုပြီးညည်းသံလိုလို တစ်မျိုး အော်သံတွေကြားရတယ်။
တံတားဖက်ကအော်သံတွေကြားရရင် မကြာဘူး လူသေတာပဲ။

ကားတိုက်မှု့တစ်ခုဖြစ်တော့ အထူးအဆန်းကြုံတွေ့လိုက်ရတဲ့ ကားမောင်းသမားက ပြောပြတယ်...။
သူကားရှေ့မှအရမ်းလှ၊ ဆံပင်အရှည်နဲ့ အစိမ်းရောင်အဝတ်ဝတ်ထားတဲ
ကောင်မလေးတစ်ယောက်ရပ်နေလို့ သူရှောင်လိုက်တာ
ပလမ်ဖောင်းပေါ်ကလမ်းလျှောက်နေတဲ့လူကိုကားတိုက်မိသွားတယ်တဲ့...။ အဲ့ ကောင်မလေးကို
မတိုက်ချင် လို့ ရှောင် ရင်း မှောက်သွားတာပါတဲ့...။

ကားတိုက်ခံရရင်လည်း သေတဲ့လူများတယ်၊ရှင်တဲ့လူမရှိသလောက်ပဲ။
ခဏခဏအဲသလိုဖြစ်နေတော့ ရပ်ကွက်ကစုပြီး (၇)
ရက်ပတ်လုံးလုံး တရားနား၊ပရိတ်ရွတ်တယ်။
ပြီးတော့ ဘုန်ကြီးတွေအလှည်ကျနေ့နေ့ညည တံတားပေါ်
လမ်းလျှောက်ပြီးပရိတ်ရွတ်ကြတယ်။

နောက်ပြီး အရပ်ထဲက သက်ကြီးဝါကြီးတွေရဲ့ စကားအရ လူမစားစေချင်ရင် ခွေးအစားပေးရတယ် ဆိုလို့..
ခွေးတစ်ကောင်ကို လည်လှီးပြီး တံတားအောက်ကို သွေးစက်ချပေးကြပါတယ်..။

'' တကယ်လိုနင်စားချင်ရင် ခွေးပဲစားတော့''

ပြောထားလိုက်ကြ ပါတယ်။အဲဒီနေ့ကစပြီးအော်သံလည်းမကြားရဘူး၊

လူတွေလည်းမသေတော့ဘူး။........တစ်ခါတစ်လည်းမှ ခွေးတွေတံတားနားမှာ သွားသွားပြီးသေကြ
ပါတော့တယ်။..................

ဇာတ်လမ်းရေးသားပေးပို့သူ မ cho lay (စစ်တွေမြို့) ကို
ကျွန်တော်တို့ Admin များမှ အထူးကျေးဇူးတင်ရှိပါသည်....ခင်ဗျာ

ဇာတ်လမ်းရေးသားပေးပို့သူ မ cho lay (စစ်တွေမြို့)

Credit:  ပေတလောကသားများအကြောင်း

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...