
===================================
၃..၄..၁၇
-
ပြောကြား ထားပါတယ်။
-
-
-
သိရှိရပါတယ်။
-
-
-
-
-
=============
ဧပရယ်မောင်မောင်








Unicode

လူ ၁၆ ဦးသေးဆုံသွားတဲ့( ကေတီဗီ )မီးလောင်မှု ဂတ်အိုးပေါက်ကွဲရာ
မှစတင်လောင်ကျွှမ်းတဲ့ မီးလောင်မှု မဟုတ်
===================================
၃..၄..၁၇
-
မကွေးမြို့ မြင်သာရပ်ကွက် သစ္စာလမ်းပေါ်မှ ( ရွှေမြတ်မင်းသမီး ကေတီဗီ )မှာ မနေ့ည ၁၀ နာရီက မီးလောင်ကျွှမ်းပြီး( ကျား- ၁၂ )ဦး ( မ - ၄ )ဦး စုစုပေါင်း ( ၁၆ )ဦး သေဆုံးသွားတဲ့ မီးလောင်မှုဟာ ရဲစခန်းက စစ်ဆေး တွေ့ရှိချက်က ဂတ်အိုးပေါက်ကွဲရာကနေ စတင်လောင်ကျွှမ်းတဲ့ မီးလို့ သုံးသပ်
ပြောကြား ထားပါတယ်။
-
စုံစမ်းသိရှိ သလောက်တော့ ခင်ဗျာတို့ ရဲစခန်းက တခုခုကို သိထားလို့ လိမ်ထားတာ ဘဲ့။
-
ဒီ ကေတီဗွီ ပိုင်ရှင်က ( ရွာသားကြီးက ဦးရဲညွှန့် )လို့ ဆိုတယ် ။ တကယ်တော့ ဒီ ကေတီဗီ ပိုင်ရှင်က( ဗိုလ်မှူးကြီး )တဦး ပိုင်ဆိုင်ထားပြီး 
ဒီ( ကေတီဗီ )မှာ မူးယစ်ဆေးဝါးကအစ ရတယ်လို့ သိရပါတယ်။
-
နယ်က အမျိုးသမီးငယ်တွေကိုလည်း ခေါ်ယူပြီး အခန်းထဲမှာ အလုပ်
ချိန်ကလွဲပြီး အပြင်ထွက်ခွင့်မပေးဘဲ့ တံခါးပိတ်ထားတယ်လို့ စုံစမ်း
သိရှိရပါတယ်။
-
ယခုမီးလောင်ချိန်မှာ ၁ နာရီခန့် ကြာမြင့်ပြီး ထွက်ပြေးလွှတ်မြောက်
လာသူ အမျိုးသမီးငယ် တချို့ကို မေးမြန်းရာမှာ အကြောက်လွန်ပြီး 
ငိုနေကြကာ ဘာမှမပြောရဲ ကြဘူးလို့ ဆိုပါတယ်။
-
မီးလောင်မှုမဖြစ်ခင် ပေါက်ကွဲသံက ဂတ်အိုး၏ပေါက်ကွဲသံ လုံးဝ
မဟုတ်သလို မီးမလောင်ခင် အချိန်မှာ ဆိုင်ထဲမှာ ပြသနာ တတ်ခဲ့
တယ်လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ အမျိုးသမီးငယ်တဦးက ပြောပါတယ်။
-
ခုကိစ္စကို လိုက်စုံစမ်းတော့ လွှတ်မြောက်လာတဲ့ အမျိုးသမီးကို ကားနဲ့ အတင်း ခေါ်ယူသွားတယ်လို့ ပြောပါတယ် ။ ရဲစခန်းကို လိုက်မေးတော့ မင့်တို့က ဘယ်သတင်းဌါနကလဲ မီးလောင်မှုနဲ့ ဘာလိုပတ်သက်နေ
လဲဆိုပြီ အော်ဟစ် မောင်းထုတ်တယ်လို့ ဆိုပါတယ်။
-
ခင်ဗျာတို့အနေနဲ့ လက်ရှိအချိန်မှာ မီးလောင်မှု ကြောင့် အလုပ်ရှုပ်
နေအချိန်မှာ ငမောင်လူတွေ ရဲ့ လုပ်ရပ်က အနှောက်အရှက် ပေးသလို ဖြစ်သွားရင် တောင်းပန်ပါတယ်။
-
ဒီ မီးလောင်မှုကို အသေးစိတ် အမှန်တိုင်း မထုတ်ပြန်ပေးပါက ခင်ဗျာ
တို့ပါ အလိုတူအလိုပါမှုနဲ့ တခါတည်း အထဲဝင်ရလိမ့်မယ် ဆိုတာ ကြိုပြောထားပါရစေ
=============

ဧပရယ်မောင်မောင်

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...