နာမည္ၾကီးေမာ္ဒယ္သရုပ္ေဆာင္ မူးယစ္ေဆး၀ါးမႈျဖင့္ ဖမ္းဆီးခံရ

ေမာ္ဒယ္ သရုပ္ေဆာင္ ေရႊျမင့္မုိရ္ကို ဧျပီ ၂၇ ေန႔က သူမေနထိုင္ရာ တာေမြျမိဳ႕နယ္ရွိ တိုက္ခန္း၌ မူးယစ္ေဆး၀ါးမႈျဖင့္ ဖမ္းဆီးခံထားရေၾကာင္း သတင္းရရွိသည္။
ရန္ကုန္တုိင္းေဒသႀကီး၊ တာေမြၿမိဳ႕နယ္ နတ္ေခ်ာင္းရပ္ကြက္၊ သမိန္ဗရမ္းလမ္းရိွ ေရႊျမင့္မိုရ္ေနထိုင္ရာ မ/ ၃၇-၅ လႊာ တုိက္ခန္းသုိ႔ ရဲတပ္ဖြဲ႔မွ သတင္းအရ ၀င္ေရာက္ရွာေဖြစစ္ေဆးရာ မူးယစ္ေဆး၀ါးႏွင့္ ဆက္စပ္ပစၥည္းမ်ားေတြ႔ရိွခဲ့ေၾကာင္း၊ ရဲတပ္ဖြဲ႔က၀င္ေရာက္ဖမ္းဆီးခ်ိန္၌ ေမာ္ဒယ္သရုပ္ေဆာင္ ေရႊျမင့္မုိရ္အတူ အမ်ဳိးသား ၂ ဦးရွိေနခဲ့ေၾကာင္း၊ ထို႔ေၾကာင့္ ေရႊျမင့္မိုရ္အပါအ၀င္ ၃ ဦးတုိ႔အား မယ (ပ) ၁၉/၂၀၁၇ ၊ မူးစိတ္ပုဒ္မ ၁၅/၁၆ (ဂ)/၂၁ တုိ႔ျဖင့္ အမႈဖြင့္ထားေၾကာင္း တာေမြၿမိဳ႕မ ရဲစခန္းမွ သိရသည္။
Image may contain: one or more people

Image may contain: 1 person, sitting, shoes and indoor

Image may contain: 1 person, standing and text




“သူတုိ႔ေန ထုိင္တဲ့ေနအိမ္မကုိသြားေရာက္စစ္ေဆးေတာ့ ေဆးျပားေတြရယ္၊ က်န္တဲ့သုံးစြဲထားတဲ့ အသုံးအေဆာင္ ပစၥည္းေတြရယ္ ေတြ႔တယ္။ ဒါေၾကာင့္ အမႈဖြင့္ အေရးယူထားတယ္။ တရားရုံးကေန ရမန္ယူထားတယ္။ ေလာ ေလာဆယ္ ဒီေလာက္ပဲေျပာလုိ႔ရမယ္” ဟု အထက္ပါ စခန္းမွ တာ၀န္က်ရဲအရာရိွက ေျပာသည္။
ေရႊျမင့္မိုရ္သည္ အႏုပညာလႈပ္ရွားမႈအျဖစ္ လတ္တေလာတြင္ Photo Model ပိုင္းကို အာ႐ုံစိုက္လုပ္ကိုင္လ်က္ရွိေၾကာင္း အထူးသျဖင့္ Sexy Photo မ်ား႐ုိက္ကူးျခင္းကိုႏွစ္သက္ေၾကာင္း ႐ုပ္ရွင္ေတးကဗ်ာ မဂၢဇင္းႏွင့္အင္တာဗ်ဳးတြင္ ေျပာၾကားထားသည္။ သူမသည္ ၂၀၁၀ ခုႏွစ္တြင္ Miss Mandalay Queen ဆုကိုရရွိခဲ့ျပီးေနာက္ အႏုပညာေလာကထဲသို႔ ၀င္ေရာက္လာသူျဖစ္သည္။
လင္းလင္းေအာင္
Photo - ကုိလင္း


Image may contain: 1 person, standing and text


မော်ဒယ် သရုပ်ဆောင် ရွှေမြင့်မိုရ်ကို ဧပြီ ၂၇ နေ့က သူမနေထိုင်ရာ တာမွေမြို့နယ်ရှိ တိုက်ခန်း၌ မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံထားရကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်၊ သမိန်ဗရမ်းလမ်းရှိ ရွှေမြင့်မိုရ်နေထိုင်ရာ မ/ ၃၇-၅ လွှာ တိုက်ခန်းသို့ ရဲတပ်ဖွဲ့မှ သတင်းအရ ဝင်ရောက်ရှာဖွေစစ်ဆေးရာ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများတွေ့ရှိခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ကဝင်ရောက်ဖမ်းဆီးချိန်၌ မော်ဒယ်သရုပ်ဆောင် ရွှေမြင့်မိုရ်အတူ အမျိုးသား ၂ ဦးရှိနေခဲ့ကြောင်း၊ ထို့ကြောင့် ရွှေမြင့်မိုရ်အပါအဝင် ၃ ဦးတို့အား မယ (ပ) ၁၉/၂၀၁၇ ၊ မူးစိတ်ပုဒ်မ ၁၅/၁၆ (ဂ)/၂၁ တို့ဖြင့် အမှုဖွင့်ထားကြောင်း တာမွေမြို့မ ရဲစခန်းမှ သိရသည်။
“သူတို့နေ ထိုင်တဲ့နေအိမ်မကိုသွားရောက်စစ်ဆေးတော့ ဆေးပြားတွေရယ်၊ ကျန်တဲ့သုံးစွဲထားတဲ့ အသုံးအဆောင် ပစ္စည်းတွေရယ် တွေ့တယ်။ ဒါကြောင့် အမှုဖွင့် အရေးယူထားတယ်။ တရားရုံးကနေ ရမန်ယူထားတယ်။ လော လောဆယ် ဒီလောက်ပဲပြောလို့ရမယ်” ဟု အထက်ပါ စခန်းမှ တာဝန်ကျရဲအရာရှိက ပြောသည်။
ရွှေမြင့်မိုရ်သည် အနုပညာလှုပ်ရှားမှုအဖြစ် လတ်တလောတွင် Photo Model ပိုင်းကို အာရုံစိုက်လုပ်ကိုင်လျက်ရှိကြောင်း အထူးသဖြင့် Sexy Photo များရိုက်ကူးခြင်းကိုနှစ်သက်ကြောင်း ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းနှင့်အင်တာဗျုးတွင် ပြောကြားထားသည်။ သူမသည် ၂၀၁၀ ခုနှစ်တွင် Miss Mandalay Queen ဆုကိုရရှိခဲ့ပြီးနောက် အနုပညာလောကထဲသို့ ဝင်ရောက်လာသူဖြစ်သည်။
လင်းလင်းအောင်
Photo - ကိုလင်း

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...